ဂရန်း(ဒ်)ဟံသာအင်တာနေရှင်နယ်ဆေးရုံ အရိုးပွ၊ အရိုးကျိုး ကာကွယ်ကုသရေးစင်တာ ဖွင့်ပွဲ အခမ်းအနားကို ၃၀.၁၁.၂၂ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပဖွင့်လှစ်ခဲ့ပါသည်။
ဤအခမ်းအနားတွင် Professor Dr.ဦးမြင့်သောင်းမှ အဖွင့်အမှာစကားပြောကြားပြီး Professor Dr.ဒေါ်သန်းသန်းအေးမှ Osteoporosis Center ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ပြောကြားပေးခဲ့ပါသည်။ ဂရန်း(ဒ်)ဟံသာဆေးရုံကြီး၏ CEO မှလည်း စင်တာအောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည့်အပေါ် ဝမ်းသာပီတိစကားများ ပြောကြားခဲ့ပြီး ကြွရောက်ချီးမြင့်ကြတဲ့ ဧည့်သည်တော်များကိုလည်း ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ Professor Dr.ဒေါ်မိုးဝင့်အောင်မှ အရိုးပွ၊ အရိုးပါးရောဂါ ကာကွယ်ကုသခြင်း ကျန်းမာရေးအသိပညာပေး ဟောကြားပေးခဲ့ပါသည်။ Professor Dr.ဦးတင့်လွင် မှ အရိုးသိပ်သည်းဆ တိုင်းတာစစ်ဆေးခြင်း (DEXA Scan) ရဲ့ အသုံးဝင်ပုံများကို ပြောကြားပေးခဲ့ပါသည်။ အာဟာရ ဆရာဝန် Dr.မေဖူးဇွန် မှ အရိုးပွရောဂါဆိုင်ရာ အာဟာရများ အကြောင်း ကျန်းမာရေး အသိပညာပေးဟောကြားခဲ့ကြပါသည်။ အားကစားဆရာ ဦးကျော်မင်းလွင် မှ အရိုးကြံ့ခိုင်သန်မာဖို့ လိုအပ်သော အားကစားလေ့ကျင့်ခန်း ပုံစံများ ဟောကြားဆွေးနွေးပေးခဲ့ပါသည်။
ဖွင့်ပွဲ ကြရောက်ချီးမြင့်ကြသော ဧည့်သည်တော်လူကြီးမင်းများ အားလုံးကို မေတ္တာလက်ဆောင်များ ပေးအပ်ခြင်း၊ ကံစမ်းမဲများဖောက်ပေးခြင်း၊ အရိုးပွရောဂါ ဖြစ်နိုင်ချေ ရှိမရှိ အခမဲ့ တွက်ချက်စစ်ဆေးပေးခြင်း နှင့် အရိုးပွရောဂါဖြစ်နိုင်ချေရှိပါက အထူးကုဆရာဝန်ကြီးများ ကိုယ်တိုင် Free Consultation ဆွေးနွေးကုသပေးတဲ့ အစီအစဥ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။


















































Centers & Clinics
Specialties
24 hour services