Grand Hantha International Hospital တွင် “အကြောအဆစ် ရောဂါနှင့် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး ကုသမှု စင်တာ” ဖွင့်လှစ်ပွဲအခမ်းအနား ကို ၂၁. ၁၀. ၂၀၁၇ (စနေနေ့) နေ့လည် ၁:၀၀ တွင် ကျင်းပခဲ့ပြီး အထူးကုဆရာဝန်ကြီးများ၊ အထူးဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ ဂရန်း(ဒ်)ဟံသာ “အကြောအဆစ် ရောဂါနှင့် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး ကုသမှု စင်တာ” တွင် လေဖြတ်ထားသော လူနာများအတွက် နောက်ဆက်တွဲ ဖြစ်ပေါ်ကျန်ရှိနေသည့် မသန်စွမ်းမှုများကို နောက်ဆုံးပေါ် စက်ကိရိယာများဖြစ်သော Lokomat ( Robot Assisted Therapy), Andago စက်များဖြင့် လမ်းပြန်လည်လျှောက်နိုင်ရန် အမြန်ဆုံးကောင်းမွန်အောင် လေ့ကျင့်ဆောင်ရွက် ကုသပေးခြင်း၊ ခြေထောက်အောက်ပိုင်းရှိ ကြွက်သားများ ပုံမှန်အတိုင်း ပြန်လည် လှုပ်ရှား မှု ပြုလုပ်နိုင်ရန် Erigo (Tilt-Table) ဖြင့် လေ့ကျင့် ကုသပေးခြင်း၊ လက် ကြွက်သားများ အမြန်ဆုံး ပြန်လည် လှုပ်ရှားမှု ပြုစေရန် နှင့် နေ့စဉ် နေထိုင်မှု ဘဝကို ပြန်လည် ရရှိစေရန် Armeo Spring, Armeo Power, Armeo Boom စသည့် နောက်ဆုံးပေါ် စက်ကြီးများဖြင့် အဆစ်တစ်ဆစ်ချင်းစီကို လှုပ်ရှားမှု ပြုလုပ် ၍ လေ့ကျင့် ကုသပေးခြင်း စသည့် နောက်ဆုံးပေါ်ကုသမှုများ ရရှိနိုင်ပါသည်။ အခြား ကုသမှုများစွာ ကိုလည်း နိုင်ငံတကာ အတွေ့ အကြုံရှိ ၀ါရင့် ကျွမ်းကျင် ပါရဂူကြီးများ၊ ဆရာဝန်ကြီးများ နှင့် ပညာရှင်များကိုယ်တိုင် စမ်းသပ်စစ်ဆေး၍ နောက်ဆုံးပေါ် ခေတ်မီ စက်ကိရိယာ များဖြင့် အထိရောက်ဆုံး အကောင်းမွန်ဆုံး ကူသဆောင်ရွက်ပေး လျက် ရရှိပါသည်။






Centers & Clinics
Specialties
24 hour services