ယနေ့ဟာ ကမ္ဘာ့ဆီးချို၊သွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့လေး ဖြစ်ပါတယ် ။
- ဆီးချို၊ သွေးချို ရောဂါ အကြောင်းကို ထဲထဲဝင်ဝင် နားလည် သဘောပေါက်ပြီး ဆီးချိုကို optimal level တစ်ခုမှာ ထိန်းနိုင်ဖို့၊
- ဆီးချို ကောင်းကောင်းထိန်းနိုင်ဖို့အတွက် လိုအပ်တဲ့ စားသောက်နေထိုင်မှု ပုံစံ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ရေးများအကြောင်း အသိပညာကြွယ်ဝဖို့
- ဆရာဝန်ကြီးများ ညွှန်ကြားသည့်အတိုင်း ဆီးချိုဆေးကို စနစ်တကျ သောက်သုံးခြင်းများ၊ ဆီးချိုကြောင့် နောက်ဆက်တွဲ အန္တရာယ်များကို နားလည်ထားပြီး ဂရုတစိုက် ကာကွယ်ခြင်းများ စသည်တို့ကို ဆီးချိုဝေဒနာရှင်တိုင်း သဘောပေါက်နားလည်စေဖို့ World Diabetes Day 2022 မှာ Access to Diabetes Education ဆိုပြီး Highlight လုပ်ပြထားပါတယ်။
- ဆီးချို၊ သွေးချိုရောဂါသည် နာတာရှည်ရောဂါ တစ်ခုဖြစ်ပါတယ်။ အရှင်းပျောက်သွားအောင် ကုသလို့မရပါ၊ ပိုမဆိုးလာအောင် ထိန်းသိမ်းလို့ပဲ ရပါတယ်။
- ဆီးချိုရောဂါလို့ စသိတည်းက ဆရာဝန် နှင့် စနစ်တကျ ကုသမှု ခံယူထားတယ်၊ အစားအသောက် ဆင်ခြင်တယ်၊ ကိုယ်လက် လှုပ်ရှားလေ့ကျင်းခန်းလည်း လုပ်တယ်ဆိုရင် ပုံမှန်လူကဲ့သို့ သေချာပေါက် သက်တမ်းစေ့ နေနိုင်ပါတယ်။
- သို့သော် ဆီးချိုရောဂါကို ကြောက်တတ်ရမည်၊ ဘာမှမှ မဖြစ်သေးတာ၊ ဘာမှမှ မခံစားရတာဆိုပြီး ပေါ့ပေါ့တန်တန် သဘောထားပြီး ထိန်းထိန်းသိမ်းသိမ်း မနေရင် ရေရှည်မှာ သူကပေးတဲ့ ဒုက္ခတွေချည်းပဲ ကြုံတွေ့ရဖို့ပဲ ရှိပါတော့တယ်
- ဆီးချိုရှိနေမှန်းလည်း သိတယ်၊ ဆီးချိုဆေးလည်း မသောက်ဘူး၊ အစားအသောက်လည်း မဆင်ခြင်ဘူး။
- ဒီလိုနဲ့ နေထိုင်လာတာကြာရင် နှလုံး၊ ကျောက်ကပ်၊ အသည်း၊ ဦးနှောက် စတဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေ တဖြည်းဖြည်းထိလာမယ်၊
- မျက်လုံး အာရုံကြောတွေထိပြီး မျက်လုံးကွယ်တာထိ ဖြစ်နိုင်တယ်၊
- အာရုံကြော အားနည်းပြီး ခြေထောက် ထုံနာ၊ ကျဥ်နာ ဖြစ်တာကစလို့ ပိုးဝင်ကာ ခြေထောက်ပုတ်ပြီး ဖြတ်ပစ်ရတဲ့ထိလည်း ဖြစ်နိုင်တယ်။
- ဆီးချိုဆိပ်သင့်ပြီး အသက်အန္တရာယ် ဆုံးရှုံးရတဲ့ အရေးပေါ်အခြေအနေတွေလည်း ဖြစ်နိုင်ပါတယ်။
- တော်ရုံနဲ့ ဆေးမတိုးတော့ဘဲ ဆေးပမာဏ အများကြီးသောက်ရတာ၊ ထိုးရတာတွေ ဖြစ်လာတဲ့အခါမှာ ဆေးရဲ့ Side effect တွေလည်း ခံစားလာရဦးမယ်၊
- ဆီးချိုရောဂါနှင့် အတူ အခြားသော ရောဂါတွေလည်း နောက်ဆက်တွဲမှာ ဖြစ်လာတဲ့အခါ ဝေဒနာတွေ ပိုခံစားရတယ်၊ ကုသရခက်၊ ထိန်းသိမ်းရခက်နဲ့ ဆိုးကျိုးတွေ အများကြီး လိုက်လာတာပါ။
- ဒါ့ကြောင့် ဆီးချိုဝေဒနာရှင်များ ဆီးချိုရောဂါနှင့် ဆိုင်တဲ့ အသိပညာတွေ ကြွယ်ဝစေချင်ပါသည်။
ဆီးချိုအထူးကု ဆရာဝန်ကြီးများနှင့် ပုံမှန်ပြကာ စနစ်တကျ ဆီးချို ထိန်းသိမ်းပြီး ကျန်းမာသော Lifestyle တစ်ခုမှာ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ပါစေ။
Centers & Clinics
Specialties
24 hour services