ဂရန်းဒ်ဟံသာဆေးရုံ၏ နှလုံးရောဂါဆိုင်ရာအထူးကုဆေးခန်းတွင် ၀ါရင့်ကျွမ်းကျင် နှလုံးရောဂါဆိုင်ရာ အထူးကုသမားတော်များ၊ ခေတ်မီစက်ပစ္စည်းကိရိယာများဖြင့် နှလုံးရောဂါနှင့် သက်ဆိုင်သောကုသမှုများ၊ စမ်းသပ်စစ်ဆေးမှုများကို ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။
နှလုံးအထူးကုသမားတော်ကြီးများမှ နှလုံးနှင့်သက်ဆိုင်သောရောဂါများဖြစ်သည့် နှလုံးသွေးကြောရောဂါများ၊ သွေးတိုးရောဂါ၊ သွေးကျဲခြင်း/ခဲခြင်း စသည့်ရောဂါအမျိုးမျိုးအား အကောင်းဆုံးကုထုံးများဖြင့် စောင့်ရှောက်မှု ပေးလျှက်ရှိပါသည်။
ဂရန်းဒ်ဟံသာ၏ နှလုံးရောဂါဆိုင်ရာကုသရေး အထောက်အကူပြုပစ္စည်း (၂)မျိုးဖြစ်သော
- ခွဲစိတ်ပစ္စည်းကိရိယာအစုံအလင်ရှိ နှလုံးသွေးကြောသီးသန့်ခွဲစိတ်ခန်းများ၊
- ကိုယ်ခန္ဓာတွင်းထိုးဖောက်ကုသခြင်း အခန်းများ၊
- နှလုံးသွေးကြောဆိုင်ရာ အထူးကြပ်မတ်ကုသဆောင်များ
သည် သာမာန်နှလုံးရောဂါကုသရေးစင်တာများထက် သာလွန်ကောင်းမွန်သောကုသရေးဆိုင်ရာဝန်ဆောင်မှုတို့ ဖြစ်ကြသည်။
နှလုံးသွေးကြောချဲ့ခြင်းဆိုင်ရာ ကိုယ်ခန္ဓာတွင်းထိုးဖောက်ကုသခြင်း ကုသခန်းများသည် ကမ္ဘာ့အဆင့်အတန်းမီ စက်ပစ္စည်းများဖြင့် အချိန်နာရီမရွေးဝန်ဆောင်မှု ပေးနိုင်ခြင်းကြောင့် ရလဒ်ပိုင်းဆိုင်ရာအရ အကောင်းဆုံးဖြစ်စေရုံသာမက အသက်ကယ်တင်နိုင်မှုအားဖြင့်လည်း အမြင့်ဆုံးရရှိရန် ကုသနိုင်သည်။
ထို့အပြင် နိုင်ငံတကာမှ ၀ါရင့်ကျွမ်းကျင်နှလုံးအထူးကုသမာတော်ကြီးများနှင့် ပူးပေါင်းကုသမှုအစီအစဉ်များ ကိုလည်း စီစဉ်ဆောင်ရွက်ပေးလျှက်ရှိသောကြောင့် အမေရိကန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံ ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့အပြင် နိုင်ငံခြားရောက် မြန်မာအထူးကုသမားတော်များမှလည်း လာရောက်ကုသ ပေးလျှက်ရှိပါသည်။