ဂရန်း(ဒ်)ဟံသာ အကြောအဆစ် ပြန်လည်သန်စွမ်းရေး ကုသမှုစင်တာသည် နိုင်ငံတကာ အတွေ့အကြုံရှိ ဝါရင့် ကျွမ်းကျင်သော ပါရဂူကြီးများ၊ဆရာဝန်ကြီးများနှင့် ပညာရှင်များ ကိုယ်တိုင်စမ်းသပ်စစ်ဆေး၍ နောက်ဆုံးပေါ် ခေတ်မီ စက်ကိရိယာများဖြင့် အထိရောက်ဆုံး အကောင်းမွန်ဆုံးဖြစ်အောင်ကုသဆောင်ရွက်ပေးလျက် ရှိပါသည်။ လေဖြတ်ထားသောသူများ၊ အကြောအဆစ် နာကျင်နေသောသူများအပြင် အားကစား ပြုလုပ်ခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများနှင့် အရိုးကျိုး၍ ခွဲစိတ်ကုသထားသူများ ပြန်လည်ကောင်းမွန်စွာ အသုံးပြုနိုင်ရန် လေ့ကျင့် ကုသပေးလျက် ရှိပါသည်။
