ကလေးမီးဖွားမှုအထူးအစီအစဉ်များ
ကျွမ်းကျင်သော သားဖွားမီးယပ်ဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုဆရာမများ ကလေးအထူးကုဆရာဝန်များ ပါ၀င်ဖွဲ့စည်းထားသော ဂရန်း(ဒ်)ဟံသာဆေးရုံသားဖွားဌာနမှ မမီးဖွားခင်စောင့်ရှောက်ခြင်း၊ မီးဖွားစဉ် စောင့်ရှောက်ခြင်း နှင့် မီးဖွားပြီးစမိခင်နှင့် ကလေးစောင့်ရှောက်ခြင်းများကိုအဆင့်အတန်းမီနည်းပညာများဖြင့် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည်။
ကိုယ်ဝန်ဆောင်မိခင်များအတွက် Maternity Package များစီစဉ်ထားပါတယ်။ Maternity Suite နှင့် Maternity Deluxe Package များကိုခွဲစိတ်မွေးဖွားခြင်းအတွက် ၄ ညအိပ် ၅ ရက် နှင့် ရိုးရိုးမွေးဖွားခြင်းအတွက် ၂ ညအိပ် ၃ ရက်တို့ဖြင့် စီစဉ်ထားပါတယ်။
ကလေးမွေးခန်းတွင် မွေးဖွားခြင်းအပြင် မိမိ၏လူနာခန်းအတွင်းမွေးဖွားလိုသောလူနာများအတွက်လည်းစီစဉ်ထားရှိပါသည်။ရိုးရိုးမွေးဖွားခြင်းအတွက် မိမိနေထိုင်သောအခန်းတွင်း၌တွင် မွေးဖွားလိုပါကမွေးဖွားနိုင်ရန် နောက်ဆုံးပေါ် မွေးကုတင်များထားရှိပေးခြင်း၊ နာကျင်မှုအနည်းဆုံးဖြစ်အောင်မွေးဖွားနိုင်ရန်တို့ကိုလည်းစီစဉ်ပေးထားပါတယ်။