ဂရန်း(ဒ်)ဟံသာအင်တာနေရှင်နယ်ဆေးရုံ ၏ နှလုံးနှင့်သွေးကြောချဲ့ ဌာန သည် ၂၀၁၇ ခုနှစ်မှစ၍ အရေးပေါ်ဌာန၊ အထူးကုစင်တာ၊ အထူးကြပ်မတ်ကုသဆောင် နှလုံးအထူးကြပ်မတ်ကုသဆောင်တို့နှင့် ပူးပေါင်း၍ လူနာများအားကုသပေးလျက်ရှိပါသည်။ ပိုးမကပ်နိုင်သောနံရံ၊ အလိုအလျောက် လေဝင်လေထွက်ထိန်းချုပ်စနစ်၊ အခန်းတွင်း လေဖိအားထိန်းချုပ်စနစ်များဖြင့် လူနာတိုင်းအတွက် ကျယ်ဝန်း၍ ပိုးသန့်စင်သော ပတ်ဝန်းကျင် ကိုဖန်တီးထားပါသည်။ အတွေ့အကြုံရှိ၍ အရည်အချင်းပြည့်ဝသော ဆရာဝန် ဆရာမများပါဝင်သော အဖွဲ့ အား ပြည်တွင်းပြည်ပ အထူးကုဆရာဝန်ကြီးများ ဦးဆောင်မှုဖြင့် များပြားသောကုသမှုများကို နေ့စဥ်ကုသပေးလျက်ရှိပါသည်။
Specialties
24 hour services
Centers & Clinics