ဆီးချိုသွေးချိုရောဂါဆိုင်ရာ သွားနဲ့ ခံတွင်းကျန်းမာရေး (Dental Health)
စစ်ဆေးခြင်း ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ သွားနဲ့သွားဖုံးရောဂါတွေ ပိုအဖြစ်များပါတယ်။သွားဖုံးကျန်းမာရင်လည်း သွေးချိုထိန်းတာ ပိုကောင်းလာမှာဖြစ်ပါတယ်။ သွားဘက်ဆိုင်ရာ ဆရာဝန်နဲ့ တစ်နှစ် နှစ်ကြိမ် ဆွေးနွေးဖို့လို အပ်ပါတယ်။
ဆီးချိုသွေးချိုဆိုင်ရာ အာဟာရကုထုံး
- တစ်ဦးချင်းစီအလိုက် အာဟာရဆိုင်ရာ ကုထုံး (Personalized Medical Nutrition Therapy)
- နေ့စဉ် စားသောက်မှုပုံစံကို စစ်ဆေးတွက်ချက်ပေးခြင်း၊ဆီးချိုသွေးချိုအပေါ်သက်ရောက်မှု ရှိသော အစာအာဟာရများ၊ ရွေးချယ်စားသောက်ရန် နည်းလမ်းများနှင့် ကာဗိုဟိုက်ဒရိတ် တွက်ချက်စားသုံးခြင်း(Carbohydrate Counting) ၊
- ရေရှည်ကျန်းမာရေးနှင့်အညီ စားသောက်နေထိုင်မှုပုံစံနှင့် နည်းလမ်းများ၊
- တစ်နေ့တာစားသုံးသင့်သော ကယ်လိုရီပမာဏ တွက်ချက်ပေးခြင်းနှင့် ကိုယ်အလေးချိန် ထိန်းသိမ်း လျော့ချရန် နည်းလမ်းများ အကြံပေးခြင်း။
Pre-Diabetes Detection
နောင်တစ်ချိန်တွင် သွေးချိုဆီးချိုရောဂါ ဖြစ်လာနိုင်ချေ ရှိ/မရှိကို (Pre-Diabetes Detection) ကြိုတင်စစ်ဆေးပြီး ကာကွယ်မှုများ ပြုလုပ်နိုင်ပါတယ်။
ဆီးချိုသွေးချိုရောဂါဆိုင်ရာ အသိပညာပေးခြင်း ပညာပေးရာမှာ ပါဝင်မယ့် အကြောင်းအရာတွေကတော့
- ဆီးချိုသွေးချိုရောဂါဆိုင်ရာ အထွေထွေ သိကောင်းစရာတွေ
- အာဟာရပြုပြင်ထိန်းသိမ်းဖို့ ပညာပေးခြင်း၊
- ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ရန် လမ်းညွှန်ပေးခြင်း၊
- ခြေထောက်ထုံနေသူများကို ခြေထောက်ပြုစုနည်း သီးသန့် ညွှန်ကြားပေးခြင်း
ကိုယ်ဝန်ဆီးချိုသွေးချိုရောဂါ ပြုစုစောင့်ရှောက်ခြင်း (Gestational Diabetes Mellitus Management)
အင်ဆူလင်ကုထုံး စတင်ပေးခြင်း (Insulin Therapy Initiation Service) နှင့် Telehealth Care in Diabetes အင်ဆူလင် စတင်ခြင်းရဲ့ဝန်ဆောင်မှု ဟာ လူနာများ စိုးရိမ်စိတ်ကင်းစွာနဲ့ အင်ဆူလင်ကို ထိရောက်စွာအသုံးပြုနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဆေးထိုးစဉ် ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ အရေးပေါ်ပြဿနာတွေကို မေးမြန်းလိုတဲ့အခါ လမ်းညွှန် ဖြေရှင်းပေးနိုင်တဲ့အတွက် လွယ်ကူချောမွေ့ပြီးလုံခြုံတဲ့ အင်ဆူလင် စတင်ခြင်း စနစ်ဖြစ်ပါတယ်။
- အင်ဆူလင်ပညာပေးခြင်းအပြင် တိကျမှန်ကန်တဲ့ ဆေးထိုးနည်းများကို စနစ်တကျ သင်ကြားပြသပေးခြင်း။
- ဆေးထိုးနည်း မှန်မမှန်ကိုလဲပြန်လည် စစ်ဆေး ပေးခြင်း
- ဆေးခန်းသို့ မကြာခဏ လာရောက်ရန် အခက်အခဲရှိသူများအတွက် လက်ကိုင်ဖုန်းအားဖြင့် အဝေးရောက် ဆွေးနွေးခြင်း (Telehealth Care in Diabetes)