ဂရန်းဒ်ဟံသာဆေးရုံကြီး၏ အထွေထွေခွဲစိတ်ကုသရေး ဆေးခန်းများသည် စမ်းသပ် စစ်ဆေးပေးခြင်း၊ ရောဂါရှာဖွေခြင်း နှင့် အမျိုးမျိုးသော ခွဲစိတ်ကုသခြင်း (လိုအပ်ပါက) တို့အတွက် ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။
ဂရန်းဒ်ဟံသာဆေးရုံကြီး၏ အထွေထွေခွဲစိတ်ကုသရေး ၀ါရင့်ကျွမ်းကျင်ဆရာဝန်များနှင့် ဝန်ထမ်းများမှ အကောင်းဆုံးသော အရည်အသွေးပြည့်စောင့်ရှောက်ကုသမှုများ၊ အဆင့်မြင့်ကိရိယာများ၊ ပိုးမွှားကင်းစင်သော အဆင့်မြင့်ခွဲခန်းများ (မြန်မာနိုင်ငံ၏ အကောင်းဆုံး နှင့် နိုင်ငံတကာစံချိန်စံနှုန်းများပြည့်မီသော ခွဲခန်း ၁ရခန်း) နှင့် နောက်ဆုံးပေါ်နည်းပညာများ အသုံးပြုထားသောကြောင့် လုံခြုံစိတ်ချရခြင်းနှင့် ပူပန်သောက ကင်းဝေးစေသော ကျန်းမာရေးစောင့်ရှောက်မှု ပတ်ဝန်းကျင်ကို ဖြစ်စေပါသည်။
အမျိုးမျိုးသော ခွဲစိတ်ခြင်းများအဖြစ် နေ့ချင်းပြီး ခွဲစိတ်ဆေးရုံဆင်းနိုင်သောခွဲစိတ်မှုများမှသည် အသက်ကယ် အရေးပေါ်ခွဲစိတ်ခြင်းများ နှင့် ကိုယ်အင်္ဂါအစားထိုးခွဲစိတ်ခြင်းများစသည့် အထူးကြပ်မတ်ကုသဆောင် နှင့် အတွင်းလူနာအဖြစ် တက်ရောက်ကုသရန်လိုအပ်သောအကြီးစားခွဲစိတ်မှုများကို ဆောင်ရွက်ပေးလျှက်ရှိသည်။
ကောင်းမွန်သောရလဒ််များ၊ လူနာဗဟိုပြုကုသရေးအစီအမံများ နှင့် စိတ်ကျေနပ်ဖွယ်ရာထူးခြားသောဝန်ဆောင်မှုများကြောင့် လူနာအများ၏ စိတ်ကျေနပ်ခြင်းကို ရရှိလျှက်ရှိပြီး ထိုတွန်းအားသည် ကျွန်ုပ်တို့ဆေးရုံ၏ အထွေထွေခွဲစိတ်ကုသရေးအဖွဲ့အား မြန်မာနိုင်ငံ၏သာလွန်ကောင်းမွန်သော အဆင့်သို့ရောက်ရှိစေပါသည်။
ခွဲစိတ်ကုသရေးအတွက် နောက်ဆုံးပေါ်ကမ္ဘာ့အဆင့်မီ ရုပ်ဝတ္ထုပစ္စည်း၊ နည်းပညာများကို မျက်ခြေမပျက် အဆင့်မြှင့်တင်စီမံနေသည့်အပြင် အခြားတစ်ဖက်မှလည်း ကျွမ်းကျင်မှုအဆင့်မြှင့်တင်ခြင်း အစီအစဉ်များ (စဉ်ဆက်မပြတ်သင်ကြားရေးများ၊ ပြည်တွင်း ပြည်ပ သင်တန်းများစေလွှတ်ခြင်း) နှင့် လူ့စွမ်းအားအရင်းအမြစ် နှင့် အရည်အချင်း စီမံခန့်ခွဲမှုတို့အတွက် အစီအစဉ်များ (ပြည်တွင်းမှ ကျွမ်းကျင်ဆရာဝန်များ၊ ပြည်ပမှ လာရောက်ပူးပေါင်းသည့် ခွဲစိတ်ဆရာဝန်များ၊ ဆေးရုံ၏ပင်တိုင် မေ့ဆေးဆရာဝန်ကြီးများ နှင့် ခွဲခန်းတာဝန်ရှိ ဆရာဝန်၊ သူနာပြုများ) သည် ဂရန်းဒ်ဟံသာဆေးရုံကြီး အောင်မြင်ခြင်း၏ အဓိကပါဝင်သူများဖြစ်ကြသည်။