ရင်သားအလုံးအကြိတ်များအား အသားစယူ၍ ရောဂါရှာဖွေခြင်း ၊ ခွဲစိတ်ဖယ်ထုတ်ခြင်း

  • အရိုး ခွဲစိတ်မှုများ
  • ဒူးခေါင်းရိုး၊ ပေါင်ရင်း၊ တင်ပဆုံရိုးများအား အစားထိုး ခွဲစိတ်ကုသခြင်း
  • ခြေ၊ လက် အရိုးကျိုးခြင်းများအား ခွဲစိတ်ခြင်း
  • ခြေ၊လက် အစိတ်အပိုင်း ဖြတ်တောက်ခြင်း
  • ခြေချင်းဝတ်၊ ဒူးခေါင်း၊ လက်ကောက်ဝတ် အရွတ်များအား ခွဲစိတ်ပြုပြင်ခြင်း
  • ကျောရိုးမကြီးတစ်လျှောက် အရိုးအဆစ်များ နေရာလွဲခြင်း၊ ကျွံခြင်း၊ ပူးကပ်နေခြင်း တို့အား ခွဲစိတ်ကုသခြင်း
  • ကျောရိုးဆစ်များကြား မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း ၊ ညှပ်နေသော အပိုင်းအစများအား ထုတ်ဖယ်ခြင်း
  • အဆင့်မြင့် မှန်ပြောင်းဖြင့် ဒူးခေါင်းရိုးအတွင်းရောဂါရှာဖွေစစ်ဆေးကုသခြင်း

 

ဆီး နှင့် ကျောက်ကပ်ခွဲစိတ်မှုများ

  • ဆီးကျောက်တည်ခြင်းအား ခေတ်မီမှန်ပြောင်းဖြင့် ဆီးပြွန်အတွင်းမှ ဆီးအိမ်အတွင်း ကြည့်ရှုစစ်ဆေးကာ ရောဂါရှာဖွေခြင်း၊ဆီးကြိတ်ခြစ်ထုတ်ခြင်း၊လေဆာဖြင့် ကျောက်ခြေ ခြင်း၊
  • ခေတ်မီ အဆင့်မြင့် မှန်ပြောင်းဖြင့် စက်ကိရိယာများ အသုံးပြု၍ သေးငယ်သော အပေါက် ဖောက်ကာ လုပ်ဆောင်မှု မကောင်းသော ကျောက်ကပ်အား ခွဲစိတ်ခြင်း၊
  • ကျောက်ကပ် အလုံးအကျိတ်များအား ခွဲစိတ်ခြင်း
  • လိင်အင်္ဂါအရေပြား ဖြတ်ခြင်း၊ ကပ္ပါယ်အိတ် ခွဲစိတ်ခြင်း
  • ကျောက်ကပ်ဆေးရန် အကြောမွေးခြင်း

 

အသည်း၊ သည်းခြေ၊ အစာအိမ်နှင့်အူလမ်းကြောင်း ခွဲစိတ်မှုများ

  • အူအတက်ပေါက်ခြင်း နှင့် အူလမ်းကြောင်း တစ်လျှောက် ရောဂါများအား ခွဲစိတ်ကုသခြင်း
  • လိပ်ခေါင်းရောဂါအား အဆင့်မြင့် ကိရိယာ (Stapler) သုံး၍ ဖြတ်ထုတ်ခြင်း
  • သည်းခြေကျောက်များ ဖယ်ထုတ်ခြင်း၊ သည်းခြေအိတ် ထုတ်ခြင်း၊ အသည်းအစိတ်အပိုင်းများအား ဖယ်ထုတ်ခြင်း
  • အူကျခြင်းအား ခွဲစိတ်ကုသခြင်း၊ အစာအိမ် နှင့် ပတ်သက်သောရောဂါများအား ခွဲစိတ်ကုသခြင်း၊
  • အဆင့်မြင့် မှန်ပြောင်းဖြင့် သေးငယ်သော အပေါက် ဖောက်ကာ အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါများအား ခွဲစိတ်ခြင်း ၊အူအတက်ထုတ်ခြင်း ၊ သည်းခြေအိတ် ထုတ်ခြင်း၊ အူကျွံခြင်းအား အဆင်မြှင့် ပစ္စည်းကိရိယာ (mesh)ထည့်၍ ပြုပြင်ခြင်း

 

မျက်နှာ၊ မေးရိုး၊ ခံတွင်း ဆိုင်ရာ ခွဲစိတ်ပြုပြင်မှုများ

  • မျက်နှာ ထိခိုက်ဒါဏ်ရာ၊ အပူလောင်ဒါဏ်ရာ များအား ခွဲစိတ်ကုသခြင်း
  • မျက်ခွံကျ၊ မျက်အိတ်ဖောင်းသည်များအား ခွဲစိတ်ပြုပြင်ခြင်း
  • ထိခိုက်ဒါဏ်ရာကြောင့် မျက်လုံး ပျက်စီးခြင်းများအား အစားထိုး ခွဲစိတ် ပြုပြင်ခြင်း
  • နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ခြင်း
  • မေးရိုး၊ ခံတွင်း အလုံးအကြိတ်များအား ခွဲစိတ် ပြုပြင်ခြင်း
  • ကင်ဆာဖြစ်သော လျှာ၊ မေးရိုးအပိုင်းများကို ဖြတ်ထုတ် ပြုပြင်ခြင်း စတဲ့ ခွဲစိတ်မှုပေါင်းများစွာကို ပြည့်စုံသော Facilities များ၊ ခေတ်မီ အဆင့်မြင့် ကုသမှုနည်းပညာများဖြင့် ၂၄ နာရီ၊ ၇ ရက်ပတ်လုံး လည်ပတ် ဆောင်ရွက်ပေးလျက် ရှိပါသည်။

နိုင်ငံတကာ အဆင့်မီ Modular ခွဲစိတ်ခန်း (၁၇) ခန်းတွင် အောက်ပါ ခေတ်မီ စနစ်များ ထည့်သွင်း တည်ဆောက်ထားပြီး ကျွမ်းကျင်သော ခွဲစိတ်ဆရာဝန်ကြီးများ၊ မေ့ဆေးဆရာဝန်ကြီးများနှင့် ခွဲစိတ်ခန်းဝန်ထမ်းများက လုံခြုံစိတ်ချ အရည်အသွေးပြည့်ဝသော ခွဲစိတ်ကုသမှုများကို ဆောင်ရွက် ပေးနေလျက်ရှိပါသည်။

  • ပိုးမွှားသန့်စင်သော လေထုစနစ်
  • အခန်းတွင်းနံရံများနှင့် ကြမ်းခင်းများတွင် ဘက်တီးရီးယားပိုးပေါက်ဖွားမှုကို ထိန်းချုပ်နိုင်သော Bacteriostatic သုတ်ဆေးများအသုံးပြုထားခြင်း၊
  • ဆေးရုံသုံး Vinnyl ကြမ်းခင်းများခင်းကျင်းထားခြင်း
  • Maquet တံဆိပ် ခွဲစိတ်ခန်းသုံးမီးများ နှင့် ခွဲစိတ်ကုတင်များ
  • ပင်မ အောက်ဆီဂျင် ပိုက်လိုင်းစနစ်
  • မေ့ဆေးပေးထားသောလူနာမှရှူထုတ်လိုက်သော လေကိုသန့်စင် စွန့်ပစ်စနစ်
  • ခွဲစိတ်ခန်းသုံး ခွဲစိတ်ကိရိယာများနှင့် ပစ္စည်းများပိုးမွှားသန့်စင်ရေးအတွက် ပင်မပိုးမွှားသန့်စင်ဌာန

ခွဲစိတ်ခန်း ( 17 )ခန်း ခန့်ရှိ နိုင်ငံတကာ အဆင့်မီ Grand Hantha Operation Therator ကြီးမှာ ကျွမ်းကျင် ခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ မေ့ဆေးဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက လုံခြုံစိတ်ချ အရည်အသွေးပြည့်ဝသော ခွဲစိတ်ကုသမှုများကို ဆောင်ရွက် ပေးလျက်ရှိပါတယ်။

ဦးနှောက် နှင့် အာရုံကြော ခွဲစိတ်ကုသမှုများ

  • ဦးနှောက် နှင့် အာရုံကြော တစ်လျှောက် အလုံး အကျိတ်များ ခွဲစိတ်ခြင်း
  • ဦးနှောက်တွင်း အရည်များနေခြင်းအား ခွဲစိတ်ခြင်း၊ အပေါက်ဖောက်၍ စုပ်ထုတ်ခြင်း
  • ဦးနှောက်သွေးကြော ဖောင်းခြင်း၊ ကျဥ်းခြင်း၊သွေးလုံးဖြစ်ပေါ်ခြင်းများအား ခွဲစိတ်ကုသခြင်း

အဆုတ် နှင့် ရင်ခေါင်း ခွဲစိတ်မှုများ

  • အဆုတ်တွင်း အရည်ဝင်နေခြင်းအား စုပ်ထုတ်ခြင်း၊ ခွဲစိတ်ခြင်း
  • အဆုတ် နှင့် ရင်ခေါင်းကြား လေများ၊ သွေးများ စိမ့်ထွက်နေခြင်းအား စုပ်ထုတ်ခြင်း၊ ခွဲစိတ်ခြင်း
  • အဆုတ်ရဲ့ လုပ်ဆောင်မှုအား မကောင်းသော အစိတ်အပိုင်းအား ဖယ်ထုတ်ခြင်း
  • ဗီဒီယို ကင်မရာဖြင့် ရင်ခေါင်းတွင်း သေးငယ်သော အပေါက်လေးဖောက်ကာ အလုံးအကျိတ်များ၊ သွေး၊ လေ၊ အရည် စသည်တို့အား ဖယ်ထုတ်ခြင်း၊ အသားစယူခြင်း၊ အစရေမျိုပြွန်ရောဂါများအား ခွဲစိတ်ခြင်း
  • ရင်ဘတ်ဖွင့်ပြီး အကြီးစားခွဲစိတ်မှု ပြုလုပ်ခြင်း

နား၊နှာခေါင်း၊လည်ချောင်း ခွဲစိတ်မှုများ

  • နားစည်ထိခိုက်ခြင်း၊ နားစည် မကောင်းခြင်း၊ အကြားအာရုံ မကောင်းခြင်း၊ နားတွင်းပိုးဝင်ပြီး အတွင်း အင်္ဂါအစိတ်အပိုင်း ပျက်စီးခြင်း တို့အား ခွဲစိတ်ခြင်း၊ အစားထိုးကိရိယာထည့်သွင်း ကုသခြင်း
  • အဆင့်မြင့် မှန်ပြောင်းဖြင့် နှာခေါင်းနှင့် ပတ်သက်သော ရောဂါများအား ခွဲစိတ်ခြင်း၊ အသားစယူစစ်ဆေးခြင်း
  • ပါးစပ်၊လျှာ၊အာသီး ခွဲစိတ်မှု အမျိုးမျိုး
  • အဏုကြည့်မှန်ဘီလူးဖြင့် ဖြစ်စေ၊ လေဆာဖြင့် ဖြစ်စေ လေပြွန် နှင့် လည်ပင်းတစ်လျှောက် ရောဂါများအား ခွဲစိတ်ခြင်း၊ အသားစယူခြင်း

မျက်လုံး ခွဲစိတ်မှုများ

  • မျက်လုံးရေတိမ်၊ အတွင်းတိမ် ခွဲစိတ်ခြင်း၊ အမြင်လွှာကွာခြင်းအား ခွဲစိတ်ကုသခြင်း၊
  • မျက်စိစွေစောင်းခြင်းများအား ခွဲစိတ်ခြင်း သားဖွားခြင်း နှင့် အမျိုးသမီးရောဂါ ခွဲစိတ်မှုများ
  • ခွဲ၍ မွေးခြင်း၊ သားကြောဖြတ်ခြင်း၊ သားဆက်ခြားခြင်း
  • သားဥအိမ် နှင့် သားအိမ်ရောဂါများအား ခွဲစိတ်ခြင်း၊ ဖယ်ထုတ်ခြင်း၊ သားအိမ်ခြစ်ခြင်း၊ ရောဂါရှာဖွေခြင်း
  • မွေးလမ်းကြောင်း ပြုပြင်ခြင်း
  • အဆင့်မြင့် မှန်ပြောင်းဖြင့် သေးငယ်သော အပေါက်လေးဖောက်ကာ သားဥပြွန်၊ သားဥအိမ်၊ သားအိမ်ရောဂါများအား ခွဲစိတ်ခြင်း၊ ဖယ်ထုတ်ခြင်း ၊ အသားစယူ၍ ရောဂါရှာဖွေခြင်း
  • သားဥပြွန် ကောင်းမကောင်း စစ်ဆေးခြင်း
Swiper Next Icon
Swiper Prev Icon