ဂရန်း(ဒ်)ဟံသာဆေးရုံတွင် EMR ဟုခေါ်တွင်သော အီလက်ထရောနစ်ဆေးမှတ်တမ်းစနစ်ကို အသုံးပြုပါသည်။ ထိုစနစ်သည် ကုသရေးလုပ်ငန်းစဉ်များအား အထောက်အပံ့ပေးသောစနစ်ဖြစ်ပြီး မှတ်တမ်းသိုမှီးခြင်း၊ ပြန်လည်ရယူခြင်း နှင့် ပြင်ဆင်ရေးသားခြင်း တို့အပြင် ဆေးပေးရာတွင်လည်းကောင်း၊ ကုသခြင်း နှင့် ခွဲစိတ်ခြင်း မှတ်တမ်းများအတွက် လည်းကောင်း၊ ဓါတ်ခွဲခန်းပေးပို့မှုအတွက်လည်းကောင်း၊ ပုံရိပ်ဖော်ရောဂါရှာဖွေမှုအတွက်လည်းကောင်း၊ အဖြေရရှိ ကြည့်ရှုရန်အတွက်လည်းကောင်း အသုံးပြုနိုင်သည်။ ထို့ကြောင့် သင့်အားကိုယ်စားပြုသည့် ဆေးရုံမှတ်ပုံတင်ကဒ်ပြား တစ်ခုသာ ယူဆောင်လာရန်လိုအပ်ပါသည်။
EMR စနစ်သည် ခေတ်အမီဆုံးနည်းပညာတစ်ခုဖြစ်ပြီး ဆရာဝန်၊ သူနာပြု၊ ဆေးဝါး ကျွမ်းကျင်ပညာရှင်များနှင့် အခြားသော ကျန်းမာရေးစောင့်ရှောင်မှုပေးသူများ အားလုံးသည် လွယ်လင့်တကူ ဆက်သွယ်၍ ပေါင်းစပ်ညှိနှိုင်းကုသမှုပေးနိုင်သည်။
အကယ်၍ သင်သည် အတွင်းလူနာအဖြစ် တက်ရောက်ကုသမှုခံယူမည်ဆိုပါက ဆေးရုံတက်ရောက်နေစဉ်အချိန်အတွင်း ဆေးမှတ်တမ်းများသည် မှတ်သားရေးသွင်းနေမည်ဖြစ်သည်။ စစ်ဆေးမှုရလဒ်အဖြေများနှင့် သင်၏ဆေးကုသမှု မှတ်တမ်းအကျဉ်းချုပ်ကို ဆေးရုံမှဆင်းသည့်အခါ ပေးအပ်လိုက်မည်ဖြစ်သည်။
သင်သည် ပြင်ပလူနာအဖြစ် လာရောက်မည်ဆိုပါကလည်း သင်၏ဆေးမှတ်တမ်းများသည် EMR စနစ်အတွင်း ရှိနေမည် ဖြစ်ပြီး သင့်အားကုသမှုမှတ်တမ်းကို ထုတ်ပေးလိုက်မည်ဖြစ်ပါသည်။ ထပ်မံလာရောက်၍ ကုသမှုတိုင်းအတွက် သင်၏ ဆေးရုံမှတ်ပုံတင်ကဒ်ပြား တစ်ခုသာ ယူဆောင်လာရန်လိုအပ်ပါသည်။