သင်၏ဆရာဝန်မှ ဂရန်းဒ်ဟံသာဆေးရုံတွင် တက်ရောက်ကုသရန် ကြိုတင်ညွှန်ကြားထားပါက လူနာမှတ်တမ်း စာအုပ်ငယ်တွင် ရေးသားပေးလိုက်မည် (သို့) ကျွန်ုပ်တို့ထံသို့ ဆက်သွယ်ပြောကြားထားမည် ဖြစ်သည်။ ကျွန်ုပ်တို့၏ အတွင်းလူနာလက်ခံကောင်တာ (မြေညီထပ်၊ လန်ဒန်ဆေးခန်းရှေ့) သည် ၂၄ နာရီ ရ ရက် အချိန်မရွေး ၀န်ဆောင်မှုပေးလျှက်ရှိပါသည်။ စာရင်းသွင်းခြင်းလုပ်ငန်းစဉ်များအတွက် မိနစ် ၃၀ခန့်ကြာမြင့်မည်ဖြစ်ပြီး (အခန်းရွေးချယ်ခြင်းမပါ၀င်ပါ။) ထိုအတောအတွင်း သင်၏ကျန်းမာရေးအခြေအနေအား တာဝန်ကျဆရာဝန်မှ စစ်ဆေးပေးမည်ဖြစ်ပါသည်။

ဂရန်းဒ်ဟံသာဆေးရုံအရေးပေါ်ဌာန (မြေညီထပ်)သည် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သော ၀န်ထမ်းများဖြင့်ဖွဲ့စည်းထားသောကြောင့် သင်၏ ရုတ်တရက်၊ အရေးပေါ်ကြုံတွေ့နိုင်သည့် မျှော်လင့် မထားသောကျန်းမာရေး အခြေအနေတို့ကို ကမ္ဘာ့အဆင့်မီစက်ပစ္စည်းများဖြင့် တာဝန်ယူ ကုသပေးနိုင်သည်။လူနာရောက်ရှိလာသည်နှင့် တပြိုင်နက် စာရင်းသွင်းခြင်း၊ ရောဂါအခြေအနေစစ်ဆေး အကဲဖြတ်ခြင်းတို့ကို ဆောင်ရွက်ပြီး သတ်မှတ်ထားသောကုသရေးနေရာအလိုက် ထားရှိပေးမည်ဖြစ်ပါသည်။ ၂၄နာရီအချိန်ပြည့်ရှိသော ဆေးရုံ၏ တာဝန်ကျအထူးကုဆရာဝန်မှ ကုသမှုချက်ချင်းပေးနိုင်ခြင်း နှင့် သင်ရွေးချယ်နိုင်စရာ အထူးကုဆရာဝန်ကြီး အယောက် (၃၀၀)ကျော်သည် သင်၏လက်တစ်ကမ်းအကွာတွင် ရှိနေခြင်းတို့သည် ဂရန်းဒ်ဟံသာဆေးရုံ၏ အများနှင့်မတူသော အားသာချက်များဖြစ်သည်။

ခွဲစိတ်မှုခံယူရန် ရက်ချိန်းရယူလိုသူ၊ နေ့ပိုင်းကျန်းမာရေးစောင့်ရှောက်မှုလိုသူ၊ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ကျောက်ခြေခြင်း၊ ကင်ဆာဆေးသွင်းခြင်း၊ သွေးကြောချဲ့ခြင်း၊ အသည်းဆေးဖျန်းခြင်း၊ ရောဂါရှာဖွေခြင်း (ဥပမာ – အစာအိမ်မှန်နှင့် အူမကြီးပြောင်းကြည့်ခြင်း) တို့အတွက် အတွင်းလူနာလက်ခံကောင်တာ သို့လာရောက်၍ ထိုကုသမှုတို့အတွက် သိလိုသည်များကိုမေးမြန်းစုံစမ်းနိုင်ပြီး ကြိုတင်ပြင်ဆင်မှုများအတွက် သက်ဆိုင်ရာဝန်ထမ်းများမှ တိကျစွာလမ်းညွှန်ပေးနိုင်မည်ဖြစ်ပါသည်။

 

သင်နှင့်အတူတကွယူဆောင်လာရန်များမှာ

  • သင်၏ကျန်းမာရေးမှတ်တမ်းများကို ပြည့်စုံမှန်ကန်စွာ အထူးသဖြင့် လတ်တလော ကျန်းမာရေးမှတ်တမ်းများ၊ သင်၏ကျန်းမာရေးအခြေအနေကို ကိုယ်တိုင်မရှင်းပြနိုင်ပါက သင့်အား ကိုယ်စားပြုနိုင်သူ၊ ကူညီစောင့်ရှောက်ပေးမည့်သူ
  • ကျန်းမာရေးအာမခံရှိသူဖြစ်ပါက အာမခံကဒ်
  • မှတ်ပုံတင် (သို့) ပတ်(စ)ပို့ မူရင်း၊ သန်းခေါင်စာရင်းမိတ္တူ (မီးဖွားမည့်လူနာတို့အတွက်)
  • သင်၏အကြောင်းကိစ္စ အဝဝတို့အတွက်ဆက်သွယ်နိုင်သောပုဂ္ဂိုလ်
  • ယခုလက်ရှိ သောက်သုံးနေသော ဆေးဝါးများ
  • အရေးကြီးနေ့စဉ်သုံး၊ တစ်ကိုယ်ရေသုံးပစ္စည်းများ (သွားအံကပ်၊ မျက်မှန်၊ နားကြားကိရိယာ) စသည်တို့ ဖြစ်ပါသည်။

 

သင်နှင့်အတူတကွယူဆောင်လာရန်မသင့်သောအရာများမှာ

  • တန်ဖိုးကြီးပစ္စည်းများ (ဥပမာ-ရတနာပစ္စည်းများ၊ နာရီ) နှင့် အဝတ်အထည်များ
  • အနံ့ပြင်းသော စားစရာများ (ဥပမာ-ဒူရင်းသီး၊ ငါးခြောက်)
  • အိမ်မွေးတိရိစ္ဆာန်များ

 

Overview & Services

လူနာစာရင်းသတ်မှတ်ခြင်း

သင့်အား လုံခြုံစိတ်ချစွာဖြင့်ကုသမှုပေးနိုင်ရန် လူနာမှတ်ပုံတင်ကဒ်ပြား (အမည်၊ ဆေးရုံ၏လူနာမှတ်ပုံတင်အမှတ်၊ ဖခင်အမည်၊ ကျား/မ) နှင့် လက်ပတ် (အမည်၊ ဆေးရုံ၏လူနာမှတ်ပုံတင်အမှတ်) တို့ကို ပေးမည်ဖြစ်သည်။ အဆိုပါလက်ပတ်အား ဆေးရုံ၌ တက်ရောက်ကုသနေစဉ်အတွင်း ဝတ်ဆင်ထားရပါမည်။

စည်းကမ်းများ

ဆေးရုံသို့ ကုသမှုခံယူရန်တက်ရောက်မည့် လူနာနှင့် မိသားစုတို့ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကို တိကျစွာလိုက်နာစေလိုပါသည်။ ကျွနူ်ပ်တို့၏ ဧည့်ကြိုဝန်ထမ်းများမှ လိုက်နာဖွယ်ရာများ၊ ဆေးရုံတက်ရောက်ခြင်းသဘောတူညီချက် တို့ကိုသေချာစွာရှင်းလင်းပြောကြားပေးမည်ဖြစ်ပါသည်။ သင့်အတွက်အထောက်အကူဖြစ်စေသော အချက်တို့ကို ကြိုတင်သိရှိထားခြင်းဖြင့် ဆေးရုံတက်ရောက်ရာတွင် အဆင်ပြေချောမွေ့စေပါသည်။

Multiple Content Title

6-Bedded Room

  • လူနာအတွက် မနက်စာ၊ နေ့လည်စာ၊ ညစာ စီစဉ်ပေးခြင်း
  • Hill Rom တံဆိပ် လူနာကုတင် ( လူနာအတွက် သက်တောင့်သက်သာ ရှိစေပြီး ပုံစံအနေအထား အမျိုးမျိုးဖြင့် အသုံးပြုနိုင်ပါသည်။)…..

8- Bedded Room

  • လူနာအတွက် မနက်စာ၊ နေ့လည်စာ၊ ညစာ စီစဉ်ပေးခြင်း
  • Hill Rom တံဆိပ် လူနာကုတင် ( လူနာအတွက် သက်တောင့်သက်သာ ရှိစေပြီး ပုံစံအနေအထား အမျိုးမျိုးဖြင့် အသုံးပြုနိုင်ပါသည်။)……
Service page Content

Multiple Content Title

Maternity Suite Room

  • လူနာအတွက် မနက်စာ၊ နေ့လည်စာ၊ ညစာ စီစဉ်ပေးခြင်း
  • Hill Rom တံဆိပ် လူနာကုတင် ( နေရာရွှေ့ပြောင်းရန်မလိုပဲ မွေးကုတင်အဖြစ်ပြောင်းလဲပေးနိုင်ပြီး မွေးဖွားရလွယ်ကူစေရန် အထောက်အကူပေးပါသည်။)…..

Single Standard Premium Room

  • လူနာအတွက် မနက်စာ၊ နေ့လည်စာ၊ ညစာ စီစဉ်ပေးခြင်း
  • Hill Rom တံဆိပ် လူနာကုတင် ( လူနာအတွက် သက်တောင့်သက်သာ ရှိစေပြီး ပုံစံအနေအထား အမျိုးမျိုးဖြင့် အသုံးပြုနိုင်ပါသည်။)……
Service page Content

Multiple Content Title

Deluxe Special Room

  • လူနာအတွက် မနက်စာ၊ နေ့လည်စာ၊ ညစာ စီစဉ်ပေးခြင်း
  • Hill Rom တံဆိပ် လူနာကုတင် ( လူနာအတွက် သက်တောင့်သက်သာ ရှိစေပြီး ပုံစံအနေအထား အမျိုးမျိုးဖြင့် အသုံးပြုနိုင်ပါသည်။)……

Single Deluxe Room

  • လူနာအတွက် မနက်စာ၊ နေ့လည်စာ၊ ညစာ စီစဉ်ပေးခြင်း
  • Hill Rom တံဆိပ် လူနာကုတင် ( လူနာအတွက် သက်တောင့်သက်သာ ရှိစေပြီး ပုံစံအနေအထား အမျိုးမျိုးဖြင့် အသုံးပြုနိုင်ပါသည်။)……
Service page Content

Multiple Content Title

Royal Suite Room

  • လူနာအတွက် မနက်စာ၊ နေ့လည်စာ၊ ညစာ စီစဉ်ပေးခြင်း
  • Hill Rom တံဆိပ် လူနာကုတင် ( လူနာအတွက် သက်တောင့်သက်သာ ရှိစေပြီး ပုံစံအနေအထား အမျိုးမျိုးဖြင့် အသုံးပြုနိုင်ပါသည်။)…..

Corner Suite Room

  • လူနာအတွက် မနက်စာ၊ နေ့လည်စာ၊ ညစာ စီစဉ်ပေးခြင်း
  • Volker တံဆိပ် လူနာကုတင် (လူနာ လှုပ်ရှားသွားလာမှု အဆင့်ဆင့်ကို လွယ်ကူစွာ ပြုလုပ်နိုင်ရန် အထောက်အကူပြုပြီး ရောဂါပျောက်ကင်းမှုမြန်ဆန်စေရန် အထောက်အကူပြုပါသည်။)……
Service page Content

Multiple Content Title

Royal Hantha Suite Room

  • လူနာအတွက် မနက်စာ၊ နေ့လည်စာ၊ ညစာ စီစဉ်ပေးခြင်း
  • Hill Rom တံဆိပ် လူနာကုတင်( လူနာအတွက် သက်တောင့်သက်သာ ရှိစေပြီး ပုံစံအနေအထား အမျိုးမျိုးဖြင့် အသုံးပြုနိုင်ပါသည်။)……

Executive Suite Room

  • လူနာအတွက် မနက်စာ၊ နေ့လည်စာ၊ ညစာ စီစဉ်ပေးခြင်း
  • CareAssist Electric Bed (Europe ICU standard) တံဆိပ် လူနာကုတင် (လူနာအတွက် သက်တောင့်သက်သာ ရှိစေပြီး ကုတင်ပေါ်မှာပင် ကိုယ်အလေးချိန် ချိန်နိုင်ခြင်း နှင့် ပုံစံအနေအထား အမျိုးမျိုးဖြင့် အသုံးပြုနိုင်ပါသည်။)……
Service page Content

ဂရန်းဒ်ဟံသာ၏ ဆရာဝန်၊ ဆရာမများမှ လုပ်ငန်းစဉ်အတိုင်း နေ့စဉ် ၃ ကြိမ် (မနက်၊ နေ့လည် နှင့် ညနေ) လာရောက်ပြုစုစောင့်ရှောက်မှု ပေးပါသည်။ ကျန်အချိန်များတွင်လည်း လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုတို့ကို ပေးရန်အသင့်ရှိပါသည်။ သင်၏ရောဂါနှင့် ပတ်သတ်၍ သင်သိလိုသော ကုသမှုများ၊ စမ်းသပ်မှုများ၊ လုပ်ဆောင်မှုများ နှင့် ဆေးဝါးများကို မေးမြန်းနိုင်ပါသည်။

သူနာပြုအားခေါ်ခြင်း

လူနာကုတင်အားလုံး နှင့် အိမ်သာတို့တွင် လိုအပ်ပါက သူနာပြုအား ခေါ်နိုင်ရန် အချက်ပေး ခလုတ်တပ်ဆင်ပေးထားပါသည်။ ထိုမှတဆင့် သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းအသီးသီးကို သင့်အားစောင့်ရှောက်မှုပေးရန် ချိတ်ဆက်ပေးပါသည်။

စိတ်စွမ်းအားအထောက်အပံ့

ယုံကြည်သက်ဝင်ရာဘာသာဖြင့် စိတ်ပိုင်း (နာမ်) စွမ်းအား အထောက်အပံ့ယူခြင်းသည် ရောဂါသက်သာပျောက်ကင်းစေရန် အရေးပါသောကြောင့် လူနာ နှင့် မိသားစုတို့ ၀တ်ပြုဆုတောင်းနိုင်၊ တရားအားထုတ်နိုင်ရန် နှင့် စိတ်ငြိမ်းချမ်းစေရန် ၄ထပ်၌ ဘုရားခန်း၊ ရှိပါသည်။