ဂရန်း(ဒ်)ဟံသာဆေးရုံ၏ အတွေ့ အကြုံရှိ သားဖွားနှင့် မီးယပ် အထူးကုဆရာဝန်ကြီး ၇၀ ကျော်က ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု ၊ မီးဖွားခြင်း၊ ကလေးမရသောပြဿနာများ၊ မီးယပ်ဆိုင်ရာ ကင်ဆာများ၊ ဆီးမထိန်းနိုင်ခြင်း၊ မလုံခြင်း၊ ပုံမှန်မဟုတ်ဘဲသွေးဆင်းခြင်း၊ ဝမ်းဗိုက်အောက်ပိုင်းနှင့် မိန်းမကိုယ်တဝိုက် နာကျင်ခြင်းနှင့် အခြား သားဖွားမီးယပ်ပြဿနာမျာကို ရောဂါအဖြေရှာပေးခြင်း၊ ကုသပေးခြင်း၊ ခွဲစိတ်ပေးခြင်းများကို ဆောင်ရွက်ပေးပါသည်။
သဘာဝအတိုင်းမီးဖွားလိုသော မိခင်များအတွက် ဂရန်း(ဒ်)ဟံသာဆေးရုံ၏ အထူးခြားဆုံး အချက်များတွင် တစ်ခုအပါအဝင်ဖြစ်သော သားဖွားကုတင်များဖြင့် မိမိအခန်းတွင်း၌ပင် မိသားစု၏ အားပေးမှုဖြင့် မွေးဖွားနိုင်ပါသည်။
ကလေးမွေးဖွားသည့် အစီအစဉ်များကိုလည်း မိခင်နှင့် ကလေး၏အထူးလိုအပ်ချက်များအတိုင်း စီစဉ်ပေးထားပါသည်။ ၂၄ နာရီ ကလေးဆရာဝန်များက စောင့်ရှောက်ပေးသဖြင့် သင့်ကလေးအတွက် စိတ်ချလုံခြုံမှု ပေးစွမ်းနိုင်ပါသည်။