Overview & Services

Grand Hantha International Hospital ၏အထူးကြပ်မတ်ကုသဌာနသည် နိုင်ငံတကာအဆင့်မီနောက်ဆုံးပေါ် အသက်ကယ်ပစ္စည်းကိရိယာများဖြင့် ဖြည့်စည်းထားပြီးရန်ကုန်မြို့ရှိပုဂ္ဂလိကဆေးရုံများတွင် အကြီးဆုံးဖြစ်ပါသည်။

အထူးကြပ်မတ်ကုသမှု လိုအပ်သော၊ အရေးပေါ် အသက်ရှူထောက်ကူစက် တပ်ဆင်ကုသရန် လိုအပ်သောလူနာများအတွက် အကောင်းဆုံးပြုစု၊ ကုသ၊ဂရုစိုက်မှု ပေးနိုင်သောနိုင်ငံတကာမှအထူးကြပ်မတ် ကုသမှုပိုင်းဆိုင်ရာဘွဲ့လက်မှတ်ရအထူးကု ဆရာဝန် ကြီးများ၊ သူနာပြုများနှင့် အခြားဆေးဘက်ဆိုင်ရာပညာရှင်များက ၂၄ နာရီစောင့်ရှောက်မှုပေးလျက်ရှိပါသည်။

စက်ပစ္စည်းကိရိယာများ၊ ၀န်ဆောင်မှုများ ၊ ကုသမှုများ

  • လူနာလက်ခံနိုင်သောကုတင် (၂၄) ခုတွင် Hill Rom CareAssist နှင့် Hill Rom Progressaအမှတ်တံဆိပ် ICU ကုတင်များအသုံးပြုထားပြီးလူနာကိုယ်အလေးချိန်ကိုကုတင်ပေါ်တွင်ပင် ချိန်တွယ်နိုင်ရုံသာမကပုံစံမျိုးစုံပြောင်းလဲ အသုံးပြုနိုင်ပါသည်။ တစ်ယောက်ခန်း မှ ၄ ယောက်ခန်းအထိစီစဉ်ထားပါသည်။
  • အရေးပေါ်အသက်ရှုထောက်ကုစက် နှင့် ၂၄ နာရီစောင့်ကြည့် စနစ်ကို ICU ကုတင်တိုင်းတွင် တပ်ဆင်ထားခြင်း။
  • အသက်ရှုလေ့ကျင့်ခန်းနှင့် ခြေထောက်လေ့ကျင့်ခန်းများကို ကျွမ်းကျင် အကြောအဆစ်ပြန်လည် သန်စွမ်းရေးပညာရှင်များဖြင့် ပြုလုပ်ပေးခြင်း။ နေ့စဉ်လိုအပ်သောအာဟာရကိုအာဟာရပညာရှင်များဖြင့် တွက်ချက် ဖြည့်ဆည်းပေးခြင်း။
  • လူနာ၏သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ အစရှိသည့် အရေးပေါ်အခြေအနေတို့ကိုအနီးကပ် စောင့်ကြည့်နိုင်ခြင်း။
  • ကျောက်ကပ်ပျက်စီးခြင်းများအတွက် ICU အတွင်း၌ပင်ကျောက်ကပ်သွေးသန့်စင်နိုင်ခြင်း။
  • ၂၄ နာရီအထူးကြပ်မတ်ကုသမှုဆိုင်ရာ ဆရာဝန်ကြီးများနှင့် အတူလူနာတစ်ဦးလျှင် သူနာပြု တစ်ဦးအနီးကပ် စောင့်ရှောက်ခြင်းဖြင့် ပြုစုကုသခြင်း။
  • အဆုတ်တွင်းလေဝင်ခြင်းများ ၊ ရေဖွဲ့ခြင်းများအတွက် ပိုက်ထည့်ခြင်း၊ အသက်ရှုလမ်းကြောင်းပြဿနာများအတွက် အရေးပေါ်ကုသမှုများပေးနိုင်ခြင်း။

ဂရန်း(ဒ်) ဟံသာဆေးရုံ နှလုံးအထူးကြပ်မတ်ကုသဌာနသည် ကုတင် (၁၀) လုံးဖြင့် ဖွဲ့စည်းထားပြီး နှလုံးသွေးကြောချဲ ့ ကုသမှုခံယူထားသောလူနာများ၊ မွေးရာပါ နှလုံးရောဂါအတွက် ကုသမှုခံယူထားသောလူနာများ၊ နှလုံး၊သွေးကြော နှင့် ရင်ခေါင်းခွဲစိတ်ကုသမှုခံယူထားသောလူနာများအတွက် အထူးဂရုစိုက်ကုသမှု ခံယူနိုင်ရန် ပြင်ဆင်ထားပါသည်။

ခွဲစိတ်ပြီးလူနာများနှင့် procedure ပြုလုပ်ထားသောလူနာများအတွက် အရည်အသွေးမြင့်မားသော ပြုစုမှုများ နှင့် ကုသမှုများပေးနိုင်ရန် အထူးလေ့ကျင့်သင်ကြားပေးထားသော ဆရာဝန်၊ သူနာပြုများ ကဝန်ဆောင်မှုပေးလျက်ရှိပါသည်။

အထူးကြပ်မတ်ကုသမှုမလိုအပ်သော်လည်းအတွင်းလူနာဆောင်တွင် ကုသမှုခံယူခြင်းထက် ပိုမိုဂရုစိုက် စောင့်ကြည့်ရန် လိုအပ်သောလူနာများကိုလက်ခံကုသပေးပါသည်။