ဂရန်း(ဒ်)ဟံသာ အင်တာနယ်ရှင်နယ်ဆေးရုံကြီး၏ ကင်ဆာရောဂါ ဆေးသွင်းကုသဌာနသည် နိုင်ငံတကာအဆင့်မီ စက်ကိရိယာများ တပ်ဆင်အသုံးပြုထားရုံသာမက လူနာများ၏ စိတ်ဖိစီးမှုများ၊ ခံစားနေရသော ရောဂါဝေဒနာများ၊ သက်သာပျောက်ကင်းစေရန် မိမိအိမ်ကဲ့သို့ ခံစားရစေရန် နွေးထွေးပြူငှာစွာ ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။

ထို့အပြင် ကျွမ်းကျင်၍ အတွေ့အကြုံရှိသော ဆရာဝန်၊ သူနာပြုများမှ ဆေးသွင်းနေစဉ်အတွင်း လူနာအား အနီးကပ်ကြည့်ရှုစောင့်ရှောက် ကုသမှုပေးနေပါသည်။ USA နိုင်ငံထုတ် ESCO အမှတ်တံဆိပ် ကင်ဆာဆေးဖျော်စက်ကြီး ( Cytoculture Cytotoxic Safety Cabinet ) ကို အသုံးပြု၍ International Standard နှင့်အညီ Chemo Drugs များကို ဖျော်စပ်သောကြောင့် ပိုးမွှားကင်းစင် သန့်ရှင်းသော ကင်ဆာဆေး များကို စိတ်ချယုံကြည်စွာဖြင့် ဆေးသွင်းကုသနိုင်ပါသည်။

ရရှိနိုင်သော ဝန်ဆောင်မှုများ

  • တိတ်ဆိတ် ငြိမ်သက်စွာ ဆေးသွင်းနိုင်သော အဆင့်မြင့် ဆေးရုံသုံး ကုတင်များ အသုံးပြုထားသော (၁) ယောက်ခန်းများ ရှိခြင်း။
  • အဆင့်မြင့် ဆေးရုံသုံး ကုတင်များ အသုံးပြုထားသော (၆) ယောက်ခန်း ရှိခြင်း။
  • လိုအပ်ပါက အောက်ဆီဂျင်ပေးခြင်း၊ ချွဲစုပ်ခြင်းများ အဆင်သင့်ပြုလုပ်နိုင်ရန် Bed head များပါရှိခြင်း။
  • လိုအပ်ပါက အရေးပေါ်ကုသမှုပေးနိုင်ရန် နှလုံးခုန်နှိုးဆွစက် (Detibrillator) ၊ အရေးပေါ် ဆေးဝါးများ (Emergency Box) များ ထားရှိခြင်း။
  • ဆေးသွင်းကုသရာတွင် တိကျ မှန်ကန်မှုရှိစေရန် ဂျာမနီနိုင်ငံထုတ် B.Braun အမှတ်တံဆိပ် Infusion Pump၊ Syringe Pump များ အသုံးပြုထားခြင်း။
Swiper Next Icon
Swiper Prev Icon

ဖွင့်ချိန်

နေ့စဉ် မနက် (၇) နာရီ မှ ည (၇) နာရီ

တည်နေရာ နှင့် ဆက်သွယ်ရန်

ပထမထပ် ၊ ဂရန်း(ဒ်) ဟံသာဆေးရုံ
၀၁- ၂၃၁ ၇၆၀၀၊ ၀၁- ၇၅၂၃ ၀၀၀

ဆရာဝန်များ

Radiation Oncology (Cancer)
Medical Oncology (Cancer)