အသံလှိုင်းဖြင့် ကျောက်ခြေခြင်း Extracorporeal Shock Wave Lithotripsy (ESWL)
အဘယ့်ကြောင့် ကျောက်ခြေရန် လိုအပ်သနည်း။
သင့်ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းတွင် ကျောက်တစ်ခု(သို့မဟုတ်) တစ်ခုထက်ပိုသော ကျောက်များ ရှိသောအခါ ၄င်းတို့အား ခွဲစိတ်ရန်မလိုဘဲ ဖယ်ရှားရန်အတွက်ပြုလုပ်ခြင်း ဖြစ်ပါသည်။
အသံလှိုင်းဖြင့် ကျောက်ခြေခြင်းဆိုသည်မှာ အဘယ်နည်း။
အသံလှိုင်းဖြင့် ကျောက်ခြေခြင်းဆိုသည်မှာ အသံလှိုင်းကို အသုံးပြု၍ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ရှိကျောက်များကို ပြင်ပမှစက်ဖြင့် ခြေဖျက်ခြင်းဖြစ်ပါသည်။ ESWL ဟုလည်း အတိုကောက်ခေါ်ပါသည်။
ကျောက်ခြေစဉ်အတွင်း မည်သည်တို့ကို လုပ်ဆောင်ပါမည်နည်း။
ကုသမှုပုံစံအားဆရာဝန်နှင့် သူနာပြုဆရာမတို့ကသင့်အားသေချာစွာ ရှင်းပြပါလိမ့်မည်။ သင်သည်ကျောက် ခြေစက်ရှိသော ခုတင်တွင်လှဲနေရမည်ဖြစ်ပြီး ကျောက်ရှိသော နေရာကို ကျောက်ခြေစက်ဖြင့် သေချာစွာ ချိန်ထားမည်ဖြစ်သည်။ တိကျသောနေရာဖြစ်စေရန်အတွက် ရံဖန်ရံခါ အချိန်ယူ၍ ပြုလုပ်ရတတ်ပါသည်။ ကျောက်ခြေနေစဉ်အတွင်း သင့်အား သူနာပြုဆရာမက စောင့်ကြည့်ပေးနေမည်ဖြစ်ပါသည်။
ကုသမှုသည် ကျောက်အရွယ်အစားနှင့် နေရာပေါ်မူတည်၍ နာရီဝက်မှ တစ်နာရီခန့် ကြာမြင့်မည် ဖြစ် သည်။ စက်မှထွက်သောအသံများကြောင့် ဆူညံခြင်း၊ ကုသမှုအတွင်း ပြင်းအားနည်းရာမှ တဖြည်းဖြည်း များလာမည်ဖြစ်သောကြောင့် အနည်းငယ်အောင့်ခြင်း ဖြစ်ပေါ်နိုင်ပါသည််။ သို့သော် နာကျင်မှုနည်းပါး စေရန် အနာပျောက်ဆေးပေးထားပါမည်။ မခံမရပ်နိုင်အောင်နာကျင်လာပါက တာဝန်ကျဆရာ၊ ဆရာမများကိုအသိပေးနိုင်သည်။ ထိုအခါပြင်းအား လျှော့ပေးခြင်းဖြစ်စေ၊ ကုသမှုရပ်ဆိုင်းခြင်းဖြစ်စေ ပြုလုပ်ပေးမည်ဖြစ်သည်။
ကျောက်ခြေခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကဘာလဲ။
ကျောက်ခြေခြင်းသည် နာရီပိုင်းသာကြာသောကြောင့် လူနာ၏အခြေအနေကောင်းလျှင် ချက်ချင်းအိမ်ပြန် နိုင်သည်။ ခွဲစိတ်စရာမလိုသောကြောင့်လည်း မေ့ဆေး၊ ထုံဆေး၏အန္တရာယ်မရှိပါ။ သို့သော်ကုသမှုတိုင်းတွင် ဆက်စပ်သော နောက်ဆက်တွဲ အခြေအနေများဖြစ်ပေါ်နိုင်ပါသည်။
- ဆီးတွင် သွေးပါခြင်း။ (ကျောက်ခြေရာတွင် ကျောက်ကပ်ကို အနည်းငယ်ဒဏ်ရာ ရနိုင်သောကြောင့် သွေးပါခြင်းဖြစ်သည်။ အနည်းငယ်သွေးပါခြင်းသည် ပုံမှန်ဖြစ်သောကြောင့် စိုးရိမ်စရာမရှိပါ။ များလာလျှင် သော်လည်းကောင်း၊ တစ်ရက်နှစ်ရက်ထက်ပို၍ သွေးပါလျှင်လည်းကောင်း ဆေးရုံသို့ပြန်သွားရန်လိုအပ် ပါသည်။)
- ကျောက်ကပ်အနီးတွင် သွေးခဲခြင်း။
- ကျောက်ခြေပြီး ကျေသွားသော ကျောက်အခဲအမှုန်များသည်ဆီးလမ်းကြောင်းတွင်ပိတ်မိနေပြီး နာကျင် မှုခံစားရခြင်း။
- ကျောက်မကျေသဖြင့် နောက်တစ်ကြိမ် ကျောက်ခြေရန်လိုအပ်ခြင်း။
- မာသောကျောက်များကိုမခြေနိုင်၍ တခြားနည်းလမ်းများ အသုံးပြုပြီး ပြောင်းလဲကုသရခြင်း။
- ကျောက်ပိတ်နေရာမှ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း။
တခြားနည်းလမ်းများရှိပါသလား။
ကျောက်အရွယ်အစားသေးငယ်ပြီး ရောဂါလက္ခဏာမပြပါက ကုသမှုမလိုဘဲ ခေတ္တစောင့်ကြည့်နိုင်သည်။ သို့သော် ရောဂါလက္ခဏာဖြစ်ပေါ်လာပါက ဆီးလမ်းကြောင်းကြည့်မှန်ပြောင်း အသုံးပြု၍ဖြစ်စေအပေါက် ငယ်ဖောက်ကာ ခွဲစိတ်၍ဖြစ်စေကုသနိုင်သည်။ ကျောက်အရွယ်ကြီးပြီး အရေအတွက်များလျှင်မူ ခွဲစိတ်ခြင်း ဖြင့်သာ ဖယ်ထုတ်ရမည်ဖြစ်သည်။
ကုသမှုပြီးလျှင် မည်သည်တို့ကို လုပ်ဆောင်ရန် လိုအပ်ပါသလဲ။
ကုသမှုပြီးသွားလျှင် သင့်အားအနာပျောက်ဆေးနှင့် ပိုးသတ်ဆေးတို့ကို လိုအပ်သလိုပေးသွားမည်ဖြစ်သည်။ ဆေးရုံတွင်ခဏကြာအနားယူရန်လိုအပ်ပြီးဆရာဝန်ကသင့်အခြေအနေအားရှင်းပြပြီးလျှင် ပြန်ခွင့်ပြုမည် ဖြစ်သည်။ အနာသက်သာဆေးအချို့သည် အိပ်ငိုက်စေနိုင်သောကြောင့် ချက်ချင်းကားမောင်းရန် မသင့်တော်ပါ။
အိမ်ပြန်ရောက်လျှင် အထူးဂရုစိုက်လုပ်ဆောင်ရမည့် အချက်များရှိပါသလား။
သင့်တွင်အောက်ပါအခြေအနေသုံးချက်အနက် တစ်ချက်ချက်ရှိနေပါက ကျောက်ခြေရန် လုံးဝမသင့်လျော်ပါ။
- အိမ်ပြန်ရောက်ပြီး (၄၈)နာရီ မှ (၇၂)နာရီ အတွင်း ရေ(၂)လီတာနှင့် (၄)လီတာ သောက်သုံးရန် လိုအပ် ပါသည်။ သို့မှသာ ဆီးတွင်းသွေးပါခြင်း လျော့နည်းပြီး ကျောက်ခြေရာမှထွက်လာသော အမှုန်အမွှားများ လည်း ဆီးမှတစ်ဆင့် စွန့်ထုတ်နိုင်ပေမည်။
- ဆရာဝန်မှ ညွှန်ကြားလိုက်သော ဆေးများကိုလည်း မပျက်မကွက် သောက်ရန်လိုအပ်သည်။ မခံမရပ်နိုင် အောင်နာခြင်း၊ ဆီးတွင်ပါလာသော သွေးများလာခြင်း၊ အဖျားတက်ခြင်း နှင့် ဆီးမသွားနိုင်ခြင်းတို့ ဖြစ် ပေါ်လာပါက ဆေးရုံသို့ ချက်ချင်းပြန်လာရန် လိုအပ်ပါသည်။
- ကိုယ်ဝန်ရှိခြင်း။ (ကျောက်ခြေရာတွင် ကလေးဓါတ်ရောင်ခြည်သင့်နိုင်သောကြောင့်)
- သွေးမတိတ်သော ရောဂါတစ်ခုခုရှိခြင်း။ (ကျောက်ခြေလျှင် သွေးထွက်နိုင်သောကြောင့်)
- ဆီးလမ်းကြောင်း ပိုးဝင်နေခြင်း။ (သွေးမှတစ်ဆင့် ကိုယ်ခန္ဓာအနှံ့သို့ ရောဂါပိုးပျံ့နှံ့နိုင်သောကြောင့်)