နိုင်ငံတကာဆေးခန်း သည် ပြည်တွင်းပြည်ပ လူနာများအတွက် ကုသမှုများ အကောင်းဆုံးဆောင်ရွက်ပေးလျက်ရှိပါသည်
အမေရိကန်၊ အင်္ဂလန်၊ စင်္ကာပူ၊ သြစတေးလျ နှင့် အခြား နိုင်ငံတကာမှ အထူးကုဆရာဝန်ကြီးများက နေ့စဉ် လူနာပေါင်းများစွာကို ကြည့်ရှု ကုသပေးလျက်ရှိပါသည်။
နိုင်ငံတကာ ဆေးကောင်စီ အဖွဲ့အစည်းများမှ အသိအမှတ်ပြု လိုင်စင်ရ အထူးကုဆရာဝန်ကြီးများဖြစ်ပြီး မြန်မာနိုင်ငံဆေးကောင်စီ မှ အသိအမှတ်ပြု လိုင်စင်ရရှိ ထားသူများလည်းဖြစ်ပါသည်။ ကျွမ်းကျင်ရာ အထူးပြုဘာသာရပ်အလိုက် လေ့ကျင့် သင်ကြားထားသော အတွေ့ အကြုံရှိ အထူးကုဆရာဝန်ကြီးများ ဖြစ်သဖြင့် နိုင်ငံတကာ အဆင့်မီ ကျန်းမာရေးဝန်ဆောင်မှုများကို ပေးစွမ်းလျက်ရှိပါသည်။
ထူးခြားချက်မှာ အမေရိကန်၊ အင်္ဂလန်၊ စင်္ကာပူ၊ သြစတေးလျ တို့မှ မြန်မာပြည်ဖွား မြန်မာဆရာဝန်များ တည်ထောင်သော နိုင်ငံတကာ ဆရာဝန်များ အဖွဲ့ MMPGA နှင့် ပူးပေါင်းပြီး နိုင်ငံတကာအဆင့်မီ ကုသမှုများကို ခံယူနိုင်မည် ဖြစ်သည်။