ဂရန်း(ဒ်)ဟံသာ နိုင်ငံတကာဆေးရုံကြီးသည် ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းများ၊ ဆန်းသစ်သော ကျန်းမာရေး ဝန်ဆောင်မှုအစီအစဉ်များ၊ ခေတ်အမီဆုံးနည်းပညာ၊ အဆောက်အဦး တည်ဆောက်ပုံစနစ် နှင့် စက်ပစ္စည်း ကိရိယာစသည်ဖြင့် ဘက်ပေါင်းစုံမှ ပြည့်စုံအောင်ပေါင်းစပ် တည်ဆောက်ထားသော မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာဆေးရုံကြီး ဖြစ်ပါသည်။
ရည်မှန်းချက်
မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် ကမ္ဘာ့အဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှု နှင့် ကုသမှုများကို ခေတ်မီနည်းပညာများ အသုံးပြုဝန်ဆောင်မှု ပေးနေသောရှေ့ဆောင် / ဦးဆောင် ဆေးရုံကြီးတစ်ခု အဖြစ် ရပ်တည်နိုင်ရန်။