Grand Hantha International Hospital ရှိဓာတ်ရောင်ခြည် ဌာနတွင် Varian Medical System (VMS) Vital Beam Model Linear Acceleratorစက်သစ်ကြီးအားအသုံးပြု၍ကင်ဆာရောဂါ ဝေဒနာရှင်များအားထိရောက်စွာကုသမှုပေးလျက်ရှိပါသည်။

Grand Hantha International Hospital ရှိဓာတ်ရောင်ခြည် ဌာနတွင် Varian Medical System (VMS) Vital Beam Model Linear Acceleratorစက်သစ်ကြီးအားအသုံးပြု၍ကင်ဆာရောဂါ ဝေဒနာရှင်များအားထိရောက်စွာကုသမှုပေးလျက်ရှိပါသည်။
ကုသမှုအတွက် ပြင်ဆင်ရာတွင် Varian Medical System Eclipse TPS (Treatment Planning System) နှင့် VMS ARIA V&R (Verification and Record) System အားအသုံးပြုထားသည့်အတွက် စံချိန်စံညွှန်းမြင့်မား၍ပိုမိုတိကျ၊ မှန်ကန်၊ မြန်ဆန်စွာပြုလုပ်နိုင်မည်ဖြစ်ပါသည်။
ကုသမှုပေးရာတွင် စက်သည် ၃၆၀ ဒီဂရီလည်ပတ်နေမည်ဖြစ်ပြီးစက်၏အရှိန် နှင့် လှုပ်ရှားမှုအားလိုသလိုထိန်းချုပ်နိုင်ခြင်း၊ ပေးလိုသော Radiation Doseအားထိန်းညှိနိုင်ခြင်းတို့ကြောင့်အချိန်တိုတိုဖြင့် ကုသနိုင်ခြင်း၊ ကျန်းမာသောဆဲလ်များအားဓာတ်ရောင်ခြည်သင့်မှုအနည်းဆုံးဖြစ်အောင် စွမ်းဆောင်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်သည်။
ပုံရိပ်ဖော်ရာတွင်လည်းPhilips အမှတ်တံဆိပ် Brilliance Big Bore 16 Slice CT Simulator ပုံရိပ်ဖော်စက်အားတပ်ဆင်ထားရှိသည့်အတွက် အမြင့်မားဆုံးသောပုံရိပ်ဖော်အရည်အသွေးဖြင့် ဓာတ်ရောင်ခြည်ပေးမည့်နေရာကိုတိကျစွာသတ်မှတ်ကုသမှုပေးနိုင်မည်ဖြစ်ပါသည်။
လုံးပတ် အရွယ်အစားမှာလည်း85cm ကျယ်ဝန်းသည့်အတွက် လူနာများအတွက် ပိုမိုသက်တောင့်သက်သာရှိစေနိုင်မည် ဖြစ်ပါသည်။
Electron Beam Therapy with Electron Monte Carlo methods, 3 Dimensional Conformal Radiation Therapy (3D CRT), Intensity Modulated Radiation Therapy (IMRT), Volumetric Modulated Arc Therapy (VMAT)/Rapid Arc, MV-KV Image Guided Radiation Therapy (IGRT) အစရှိသည့် နောက်ဆုံးပေါ် နည်းစနစ်များအားအသုံးပြု၍ လိုအပ်သောနေရာအား တိကျစွာ ကုသမှုပေးနိုင်ပါသည်။
Brachytherapy ကုသမှုရဲ့ အားသာချက်တွေက –
ပုံမှန် ဓာတ်ရောင်ခြည်ပစ် ကုသခြင်း (External Bean) လိုမျိုး { ပြင်ပကနေ အတွင်းသို့ }ဓာတ်ရောင်ခြည်ပေးတာမျိုး မဟုတ်ပဲ ကင်ဆာအကြိတ် ဖြစ်ပေါ်နေသော နေရာကို { အတွင်းထဲကနေ အပြင်သို့ } နေရာ ပိုမို နီးကပ်စွာ၊ တိကျစွာ ဓာတ်ရောင်ခြည်ပေးနိုင်တယ်၊ ပိုမို ထိရောက်တယ်၊ နောက်ဆက်တွဲ ဆိုးကျိုးများ၊ ဝေဒနာများ ပိုနည်းစေတယ်၊ ကုသချိန် တိုတောင်းစွာဖြင့် ကုသမှုကို ပိုမိုထိရောက်စေတယ်၊ ကင်ဆာဆဲလ် မဟုတ်သော ဘေးပတ်ဝန်းကျင်က ကျန်းမာတဲ့ ဆဲလ်များအား ဓာတ်ရောင်ခြည် ထိခိုက်မှုမရှိအောင်၊ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။
တချို့သော ကင်ဆာရောဂါများ (ဥပမာ- သားအိမ်ခေါင်း ကင်ဆာ၊ သားအိမ် ကင်ဆာ၊ သားဥအိမ် ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ) စသော ကင်ဆာရောဂါ တို့တွင် ပုံမှန် ဓာတ်ရောင်ခြည်ကုသမှု (External Bean) ဖြင့် ဓာတ်ရောင်ခြည်ပြ ကုသမှု အပြီး နောက်ဆက်တွဲ ကုသမှု အနေ နှင့် Brachytherapy – Internal Bean ထပ်လိုက် ကုသပေးရတာမျိုး ရှိတတ်ပါတယ်။ Brachytherapy – Internal Bean ရဲ့ ပိုမိုကောင်းမွန်သော၊ မတူညီ ကွဲပြားသော သူ့ရဲ့ ကောင်းမွန်တဲ့ အားသာချက်တွေက ကင်ဆာရောဂါ ကုသမှု ခရီးတွင် ပုံမှန်ထက် အချိန်တိုတောင်းစွာ၊ ထိရောက်စွာ ကုသပေးနိုင်ပါလိမ့်မယ်။ ကင်ဆာဆဲလ်တွေကို သတ်ပြီး ကင်ဆာကြိတ်တွေကို ကျုံ့သွားစေခြင်းအားဖြင့် treatment outcome တိုးတက်ကောင်းမွန်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။
ဖွင့်ချိန်
တနင်္လာ မှ သောကြာ မနက် (၈) နာရီ မှ ည (၈) နာရီ
တည်နေရာ နှင့် ဆက်သွယ်ရန်
ကင်ဆာရောဂါဓာတ်ရောင်ခြည်ပေးကုသဌာန
ဂရန်း(ဒ်) ဟံသာဆေးရုံ၊ မြေအောက်ထပ်
၀၁- ၂၃၁ ၇၆၀၀၊ ၀၁- ၇၅၂၃ ၀၀၀
ဆရာဝန်များ
Radiation Oncology (Cancer)
Medical Oncology (Cancer)