ဂရန်း(ဒ်)ဟံသာဆေးရုံ၏ နေ့ချင်းပြီး ခွဲစိတ်ဌာနသည် ညအိပ်ရန်မလိုအပ်သော ခွဲစိတ်မှုများ၊ ကုသမှုများကို ဆောင်ရွက် ပေးသောဌာနဖြစ်သည်။ ခွဲစိတ်ရန် ပြင်ဆင်ခြင်း၊ ကုသခြင်း၊ ဆေးရုံမှ ဆင်းခြင်း၊ အိမ်သို့ယူဆောင်ရန် ဆေးဝါးများတို့ ကို တစ်နေရာတည်းတွင် နေ့ချင်းပြီး ကုသမှုခံယူနိုင်သဖြင့် လူနာအတွက် အဆင်ပြေချောမွေ့ခြင်းနှင့် ကုန်ကျစားရိတ်သက်သာစေခြင်းတို့ကို ရရှိစေသည်။

ခေတ်မီ စက်ကိရိယာများ၊ သာလွန်ကောင်းမွန်သော ကုသမှုများနှင့် အတူ အတွေ့အကြုံရှိ ခွဲစိတ်ဆရာဝန်ကြီးများ၊ မေ့ဆေးဆရာဝန်ကြီးများ၊ သမားတော်ကြီးများ၊ သူနာပြုများ နှင့် အခြား ဝန်ထမ်းများ၏ စောင့်ရှောက်ကုသမှုများ ကြောင့် ဂရန်း(ဒ်)ဟံသာနေ့ချင်းပြီးခွဲစိတ်ဌာနသည် လူနာများအတွက် ဘေးကင်းလုံခြုံစိတ်ချရသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးထားပါသည်။

မျက်စိတိမ်ခွဲစိတ်မှုများ၊ မျက်စိခွဲစိတ်မှု အမျိုးမျိုး၊ ရင်သား အသားစယူခြင်း၊ အရေပြားအသားစယူခြင်း၊ လိပ်ခေါင်းခွဲစိတ်ခြင်း၊ အလုံးအကျိတ်၊ အဆီကျိတ်များ ခွဲစိတ်ခြင်း၊ အူကျခြင်း၊ ဂရင်ဂျီနာ အမျိုးမျိုး အစရှိသည်တို့ကို ဆေးရုံတက်ရန် မလိုပဲ ကုသနိုင်ပါသည်။

Swiper Next Icon
Swiper Prev Icon

ဖွင့်ချိန်

နေ့စဉ် နံနက် (၇) နာရီ မှ ည (၉) နာရီ

တည်နေရာ နှင့် ဆက်သွယ်ရန်

ပထမထပ် ၊ ဂရန်း(ဒ်)ဟန်သာ ဆေးရုံ၊ နေ့ချင်းပြီးခွဲစိတ်လူနာဌာန ၊ ၀၁ ၂၃၁ ၇၆၀၀ ၊ ၀၁၇၅၂၃၀၀၀ ၊ ၀၉ ၉၄၆၄ ၂၃၀၀၀

ဆရာဝန်များ

General Surgery
Urology (Genitourinary System)
Dermatology (Skin)
Hepatobiliary & Pancreatic Surgery