အစာလည်းဆေး ဆေးလည်းအစာ

Hippocrates အစာလည်းဆေး ဆေးလည်းအစာ အစာလည်းဆေး ဆေးလည်းအစာ
အစာလည်းဆေး ဆေးလည်းအစာ
အစာလည်းဆေး ဆေးလည်းအစာ
အစာလည်းဆေး ဆေးလည်းအစာ
အစာလည်းဆေး ဆေးလည်းအစာ

Overview & Services

ဂရန်း(ဒ်)ဟံသာ အာဟာရအထူးကုဆေးခန်းတွင် ဓာတုနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာဆေးပညာ သမားတော်ကြီး နှင့် အာဟာရပညာရှင်များ မှ လူနာများအတွက်ပြီးပြည့်စုံသော အာဟာရဆိုင်ရာ ကုသမှုများနှင့်အတိုင်ပင်ခံဆွေးနွေးခြင်းများကို ဆောင်ရွက်ပေးနေပါသည်။ကျွန်ုပ်တို့၏အဓိကရည်မှန်းချက်မှာလူနာတစ်ဦးချင်းစီ၏ အာဟာရကျန်းမာရေးအခြေအနေ စစ်ဆေးမှု များပြုလုပ်ပေးပြီး လူနာ၏ရောဂါအခြေအနေနှင့် လိုအပ်ချက်ပေါ်မူတည်၍ လူနာ အတွက်သင့်တော်မည့်အာဟာရဆိုင်ရာကုထုံးများရရှိရန်ဖြစ်ပါသည်။လူသားတို့အတွက် သင့်တင့်မျှတသော အာဟာရ (Healthy and Balanced Diet) ရရှိခြင်းသည် ကျန်းမာခြင်း၏ အခြေခံလိုအပ်ချက် ဖြစ်ပါသည်။ ယနေ့ခေတ်ကာလ၏ ပြောင်းလဲလာသော နေထိုင်စားသောက်မှုပုံစံအရ အဝလွန်ခြင်းနှင့် အဝလွန်ခြင်း၏ နောက်ဆက်တွဲရောဂါ ဖြစ်ပွားမှုနှုန်း တစ်နှစ်ထက်တစ်နှစ် မြင့်မားလျက် ရှိပါသည်။အဝလွန်ခြင်းကြောင့် သွေးတွင်း အဆီဓာတ်များခြင်း၊ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ နှလုံးသွေးကြောရောဂါနှင့် လေဖြတ်ရောဂါများ အစရှိသည့် ဇီဝကမ္မ ပြောင်းလဲမှုကြောင့် ဖြစ်ပွားသော နောက်ဆက်တွဲ ပြဿနာများ ခံစားရနိုင်ပါသည်။

ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက်မည် ဆိုပါက အထက်ပါ ဇီဝကမ္မ ပြောင်းလဲခြင်းကြောင့် ဖြစ်ပွားသော ရောဂါများကို ကြိုတင် ကာကွယ်နိုင်မည် ဖြစ်ပါသည်။ အဆိုပါရောဂါများကို ဆေးဝါးများဖြင့် ကုသရာတွင်လည်း အာဟာရကုထုံးနှင့် တွဲဖက်ပါက ကုသမှုပိုမို အောင်မြင်နိုင်သည့် အပြင် ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ မဖြစ်ပွားအောင် ကာကွယ် တားဆီးနိုင်ပါသည်။ထို့ကြောင့် အာဟာရကုထုံးသည် ကောင်းမွန်သောလူနေမှုဘဝ အတွက် ယခုအခါတွင် ရွေးချယ်စရာတစ်ခု ဖြစ်လာပါသည်။တစ်နေ့တာစားသောက်သော အာဟာရသည် ကျွန်ုပ်တို့၏ ကျန်းမာရေးနှင့် တိုက်ရိုက် ဆက်စပ်နေပါသည်။ အာဟာရနှင့် ပတ်သက်သော အမူအကျင့်ဆိုင်ရာပြဿနာများ (Eating Disorders) ၊ အစာချေဖျက်မှုဖြစ်စဉ်နှင့် ဟော်မုန်းဆိုင်ရာပြဿနာများ ၊ ကိုယ်အလေးချိန်ဆိုင်ရာ ပြဿနာများ (Overweight & Underweight) ကို ကျွန်ုပ်တို့ အာဟာရနှင့် အဝလွန်ခြင်းဆိုင်ရာ ဆေးခန်းမှ တိုင်ပင်ဆွေးနွေး ကုသပေးနေပါသည်။ကျွန်ုပ်တို့အာဟာရဆေးခန်းမှအထူးကုဆရာဝန်နှင့်အာဟာရပညာရှင်များသည် လူထုပညာရေး ဟောပြောပွဲများနှင့်ပညာပေးအစီအစဉ်များ (ဆီးချို၊ အဝလွန်၊ ကင်ဆာ၊ ကိုယ်ဝန်ဆောင်အာဟာရ) ကိုလည်းစဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဆီးချိုသွေးချိုဒေနာရှင်များအတွက် တစ်ဦးချင်းစီအလိုက် အာဟာရဆိုင်ရာ ကုထုံး

• နေ့စဉ် စားသောက်မှု ပုံစံကို စစ်ဆေးတွက်ချက်ပေးခြင်း
• အရပ်အမြင့်အလိုက်ရှိသင့်သော ကိုယ်အလေးချိန်၊ အဆီနှင့် ကြွက်သားပမာဏများကို တွက်ချက်ပေးခြင်း
• ဆီးချိုသွေးချိုအပေါ် သက်ရောက်မှုရှိသော
• အစာအာဟာရများ၊ ရွေးချယ်စားသောက် ရန် နည်းလမ်းများနှင့် ကာဗိုဟိုက်ဒရိတ် တွက်ချက်စားသုံးခြင်း (Carbohydrate Counting)
• ရေရှည် ကျန်းမာရေးနှင့် အညီ စားသောက်နေထိုင်မှုပုံစံနှင့် နည်းလမ်းများ
• တစ်ဦးချင်းစီအလိုက် တစ်နေ့တာ စားသုံးသင့်သော ကယ်လိုရီပမာဏ တွက်ချက်ခြင်း
• ကိုယ်အလေးချိန်ထိန်းသိမ်းလျော့ချခြင်း စသည့်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေး နေပါသည်။
Service page Content

ပြင်ပလူနာဌာနတွင် ရရှိနိုင်သော အာဟာရဆိုင်ရာ ဝန်ဆောင်မှုများ

• အဝလွန်ရောဂါအတွက် ကိုယ်အလေးချိန် လျှော့ချရေးအစီအစဉ်

• ဆီးချိုရောဂါဆိုင်ရာ အာဟာရပညာပေး ဆွေးနွေးခြင်း (အမျိုးအစား ၁၊ ၂ ဆီးချို ရောဂါ၊ကိုယ်ဝန်ဆောင်ဆီးချို)

• ဆီးနှင့်ကျောက်ကပ်ရောဂါဆိုင်ရာ အာဟာရပညာပေးဆွေးနွေးခြင်း

• ရောဂါအလိုက် အာဟာရနှင့်ပတ်သက်သော ကျန်းမာရေး တိုင်ပင်ဆွေးနွေးဝန်ဆောင်မှုပေးခြင်း

• ကလေးသူငယ်များအတွက် ဖြည့်စွက်စာကျွေးခြင်းဆိုင်ရာ အာဟာရ အတိုင်ပင်ခံဆွေးနွေးမှုများ

• ကိုယ်ဝန်ဆောင် အာဟာရ (သင့်ရင်သွေးအတွက် ပထမ ရက် ၁၀၀၀)

• နှလုံးကျန်းမာရေးအစာအာဟာရ

• ကင်ဆာလူနာများအတွက် အစာအာဟာရ

• နှာခေါင်းပိုက် အစာအာဟာရ

• အားကစားသမားများနှင့် ပတ်သက်သော အာဟာရ အတိုင်ပင်ခံ ဆွေးနွေးပေးခြင်

အတွင်းလူနာဌာနတွင် ရရှိနိုင်သော အာဟာရဆိုင်ရာ ဝန်ဆောင်မှုများ

• လူနာတစ်ဦးချင်းစီ၏ ရောဂါလိုအပ်ချက်အလိုက် အာဟာရတန်ဖိုး တွက်ချက်ပေးခြင်း

• အထူးကြပ်မတ်ကုသဆောင် (ICU) နှင့် ကင်ဆာရောဂါ ဝဒေနာရှင်များအတွက် အထူးအာဟာရလိုအပ်ချက်များ တွက်ချက်ဖြည့်ဆည်းပေးခြင်

• မခွဲစိတ်မီလူနာများအတွက် အာဟာရလိုအပ်ချက် တွက်ချက်ကြည့်ရှူပေးခြင်း

• ခွဲစိတ်ပြီးလူနာများအတွက် လိုအပ်ချက်အလိုက် အာဟာရတွက်ချက် ဖြည့်ဆည်းပေးခြင်း

• ဆေးရုံမှ ဝန်ဆောင်မှုပေးသော အစားအစာများတွင် အာဟာရတန်ဖိုးများ တွက်ချက်ထားရှိပေးခြင်း

ကိုယ်အလေးချိန်လျော့ချခြင်း

ကျန်းမာမျှတ ကိုယ်အလေးချိန်လျော့ချရေးအစီအစဉ် (Standard Weight Management Program)

အရပ်အမြင့်နှင့် ရှိင့်သော ကိုယ်အလေးချိန်ထက် ပိုနေသော သူများအတွက် ကျန်းမာရေးနှင့် ညီညွှတ်မျှတသော ကိုယ်အလေးချိန်ရှိစေနိုင်ရန် အဝလွန်အထူးကုသမားတော်၊ အာဟာရဗေဒ ပညာရှင်များနှင့် အသေးစိတ် တိုင်ပင်ဆွေးနွေးပေးခြင်း

အထူးကြပ်မတ် ကိုယ်အလေးချိန်လျှော့ထိန်းရေး အစီအစဉ် (Intensive Weight Management Program)

ကျန်းမာရေးကို ထိခိုက်နေသည့် / ထိခိုက်စေလာနိုင်သည့် ကိုယ်အလေးချိန်ပိုနေသူများနှင့် အဝလွန်သူများအတွက် အထူးအစီအစဉ်ဖြစ်ပါသည်။ အဆင့် (၃) ဆင့် ပါဝင်ပြီး အဆင့်တစ်ခုစီလျှင် (၈) ပတ်စီနှင့် စုစုပေါင်း (၂၄) ပတ်ကြာမြင့်ပါသည်။

လိုအပ်ပါက ဆေးဝါးများဖြင့်လည်း ကိုယ်အလေးချိန်ကုသလျော့ချပေးပါသည်။ အနှစ်နှစ်ဆယ်ကျော်ခန့် လုပ်ဆောင်ခဲ့သော သုတေသနများအပေါ်အခြေခံထားသည့်အတွက် အကျိုးရှိ စိတ်ချယုံကြည်ရသော အစီအစဉ် တစ်ခု ဖြစ်သည်။

ကိုယ်အလေးချိန်လျော့ချခြင်း
ကျန်းမာမျှတ ကိုယ်အလေးချိန်လျော့ချရေးအစီအစဉ် (Standard Weight Management Program)
အရပ်အမြင့်နှင့် ရှိင့်သော ကိုယ်အလေးချိန်ထက် ပိုနေသော သူများအတွက် ကျန်းမာရေးနှင့် ညီညွှတ်မျှတသော ကိုယ်အလေးချိန်ရှိစေနိုင်ရန် အဝလွန်အထူးကုသမားတော်၊ အာဟာရဗေဒ ပညာရှင်များနှင့် အသေးစိတ် တိုင်ပင်ဆွေးနွေးပေးခြင်း

အထူးကြပ်မတ် ကိုယ်အလေးချိန်လျှော့ထိန်းရေး အစီအစဉ် (Intensive Weight Management Program)
ကျန်းမာရေးကို ထိခိုက်နေသည့် / ထိခိုက်စေလာနိုင်သည့် ကိုယ်အလေးချိန်ပိုနေသူများနှင့် အဝလွန်သူများအတွက် အထူးအစီအစဉ်ဖြစ်ပါသည်။ အဆင့် (၃) ဆင့် ပါဝင်ပြီး အဆင့်တစ်ခုစီလျှင် (၈) ပတ်စီနှင့် စုစုပေါင်း (၂၄) ပတ်ကြာမြင့်ပါသည်။

လိုအပ်ပါက ဆေးဝါးများဖြင့်လည်း ကိုယ်အလေးချိန်ကုသလျော့ချပေးပါသည်။ အနှစ်နှစ်ဆယ်ကျော်ခန့် လုပ်ဆောင်ခဲ့သော သုတေသနများအပေါ်အခြေခံထားသည့်အတွက် အကျိုးရှိ စိတ်ချယုံကြည်ရသော အစီအစဉ် တစ်ခု ဖြစ်သည်။

ဖွင့်ချိန်

တနင်္လာ - သောကြာ နံနက် ၈ နာရီ မှ ည ၈ နာရီ

တည်နေရာ နှင့် ဆက်သွယ်ရန်

ဂရန်း(ဒ်)ဟံသာဆေးရုံ၊ London Clinic (အခန်းနံပါတ် ၁၅)
၀၁- ၂၃၁ ၇၆၀၀၊ ၀၁- ၇၅၂၃ ၀၀၀

ဆရာဝန်များ

Nutrition