ဂရန်း(ဒ်)ဟံသာ နိုင်ငံတကာ ဆေးရုံကြီးအကြောင်း သိကောင်းစရာ
ဆောင်ပုဒ်
လူတိုင်းအတွက် စိမ်းလန်းမှု၊ ခမ်းနားမှု ၊ ဂရုစိုက်မှုတို့ ပေးစွမ်းရာ ဂရန်း (ဒ်)ဟံသာ
ရည်မှန်းချက်
မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် ကမ္ဘာ့အဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှု နှင့် ကုသမှုများကို ခေတ်မီနည်းပညာများ အသုံးပြုဝန်ဆောင်မှုပေးနေသော ရှေ့ဆောင် ဆေးရုံကြီး တစ်ခုအဖြစ် ရပ်တည်နိုင်ရန်။
ရည်မှန်းချက်
မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် ကမ္ဘာ့အဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှု နှင့် ကုသမှုများကို ခေတ်မီနည်းပညာများ အသုံးပြုဝန်ဆောင်မှုပေးနေသော ရှေ့ဆောင် ဆေးရုံကြီး တစ်ခုအဖြစ် ရပ်တည်နိုင်ရန်။
ဆေးရုံအကြောင်း
ဂရန်း(ဒ်)ဟံသာ နိုင်ငံတကာ အဆင့်မြင့် ဆေးရုံကြီးသည် ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းများ၊ ဆန်းသစ်သော ကျန်းမာရေးဝန်ဆောင်မှု အစီအစဉ်များ၊ ခေတ်အမီဆုံး နည်းပညာ၊ အဆောက်အဦး တည်ဆောက်ပုံစနစ် နှင့် စက်ပစ္စည်းကိရိယာ စသည်ဖြင့် ဘက်ပေါင်းစုံမှပြည့်စုံအောင် ပေါင်းစပ်တည်ဆောက်ထားသော မြန်မာနိုင်ငံ၏ ပထမဆုံးနိုင်ငံတကာဆေးရုံကြီး ဖြစ်ပါသည်။
(၂၀၁၇) ခုနစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတကာ အဆင့်အတန်းမီ တည်ဆောက်ထားသော ဂရန်း(ဒ်)ဟံသာဆေးရုံကြီးသည် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကဆေးရုံများတွင် အကြီးဆုံး တစ်ခုဖြစ်ပါသည်။
ကုတင် (၇၀၀)ဆန့် (၈) ထပ်အဆောက်အဦးဖြစ်ပြီး ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ ကမာရွတ် မြို့နယ် နာနတ်တော လမ်းနဲ့ ကြည့်မြင်တိုင် ကမ်းနားလမ်းထောင့်မှာတည်ရှိပါသည်။
နိုင်ငံတကာအတွေ့အကြုံရှိ အထူးကုဆရာဝန်ကြီးများက ရောဂါရှာဖွေမှု ၊ ကုသမှု နှင့် ကဏ္ဍစုံလင်သော ကျန်းမာရေးဝန်ဆောင်မှုများကို တစ်နှစ်ပတ်လုံး (၂၄)နာရီ ပိတ်ရက် မရှိ ကုသပေးလျက်ရှိပါသည်။
London, New York, Paris, Swiss, Sydney, Hawaii စတဲ့ပြင်ပလူနာဌာနများတွင် အထူးကုဆရာဝန်ကြီးပေါင်း ၃၀၀ ကျော်နဲ့လည်း စိတ်တိုင်းကျ တိုင်ပင်ဆွေးနွေး ကုသမှုတွေ ခံယူနိုင်အောင် စီစဉ်ပေးထားပါတယ်။
အမေရိကား၊ အင်္ဂလန်၊ သြစတြေးလျ၊ စင်္ကာပူ နှင့် အခြားနိုင်ငံများမှ အထူးကုဆရာဝန်ကြီးများမှလည်း အလှည့်ကျ တစ်နှစ်ပတ်လုံး လာရောက် ကုသပေးလျက်ရှိပါတယ်။
ခေတ်အမီဆုံးနည်းပညာတွေအသုံးပြုပြီး အကောင်းဆုံးသော ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ကမ္ဘာ့အဆင်မီ ဝန်ဆောင်မှုတွေနဲ့ နွေးထွေးတဲ့ အကြင်နာ မေတ္တာ၊ စာနာရိုင်းပင်းမှုတွေ ပေါင်းစပ်ထားတဲ့ ဂရုစိုက်ပြုစုကုသမှုတွေ ပေးနိုင်ရန်အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
ဂရန်း(ဒ်)ဟံသာ ဆေးရုံကြီးရဲ့ လူနာတိုင်းအတွက် ကျန်းမာခြင်းလက်ဆောင်မွန်တွေရရှိမှာ မလွဲမသွေဖြစ်ပြီး လူနာတွေရဲ့ အနာဂတ်က ထွန်းလင်းတောက်ပ လှပနေမှာ အသေအချာပဲဖြစ်ပါတယ်။
ရရှိနိုင်သော ဝန်ဆောင်မှုများ
၂၄ နာရီ ဝန်ဆောင်မှု
အရေးပေါ် ဌာန နှင့် လူနာတင်ယာဉ် ဝန်ဆောင်မှု
- Hill- Rom အမှတ်တံဆိပ် Trauma Stretcher Bed (၂၃) လုံး၊ နံရံကပ် အောက်ဆီဂျင်ပိုက်လိုင်းစနစ်နှင့် အရေးပေါ် အခြေအနေများကို (၂၄) နာရီစောင့်ကြည့် စနစ်။
- Patient Monitor, Ventilitator များ အပါအဝင် ဆေးနှင့် ဆေးပစ္စည်း အပြည့်အစုံတပ်ဆင်ထားသည့် လူနာတင်ယာဉ် ၄ စီး။
အတွင်း လူနာဌာန
- ကုတင် ၇၀၀ ဆန့် အတွင်းလူနာဌာန
- အထူးကြပ်မတ်ကုသဆောင်၊ နှလုံးရောဂါ အထူးကြပ်မတ်ကုသဆောင်၊ ကလေးလူနာ အထူးကြပ်မတ်ကုသဆောင်
- သားဖွားမီးယပ် ဌာန
- ၂၄ နာရီ အချိန်ပြည့်ထားရှိသော အထူးကုဆရာဝန်များ၊ ကလေးအထူးကု ဆရာဝန်များ
- ၆ ကုတင်၊ ၈ ကုတင် ဆန့် အခန်းများ၊ Deluxe အခန်းများ၊ Royal Hantha အခန်းများ နှင့် Executive အခန်းများ
- သက်တောင့်သက်သာ ရှိစေပြီး ပုံစံအနေအထား အမျိုးမျိုးဖြင့် အသုံးပြုနိုင်သော Hill Rom တံဆိပ် လူနာကုတင်
- အရေးပေါ်သူနာပြုခေါ်ဆိုစနစ်
- ပင်မ လေအေးပေးစက် စနစ်၊ ရေပူရေအေးစနစ်
- ပင်မ အောက်ဆီဂျင်ပိုက်လိုင်းစနစ်
- ပိုက်လိုင်းစနစ်ဖြင့် တပ်ဆင်ထားသော ချွဲစုပ်စက်
- လူနာအသုံးပြုရန် စားပွဲ၊ တီဗွီ၊ ဗီဒိုအသေး၊ အိပ်ယာ အဖြစ်ပါအသုံးပြုနိုင်သော ဆိုဖာ
- ရေချိုးခန်းသုံး အသုံးအဆောင်များ ၊ မျက်နှာသုတ်ပုဝါ
- လူနာအတွက် မနက်စာ၊ နေ့လည်စာ၊ ညစာ စီစဉ်ပေးခြင်း
- ဆေးရုံသုံး Vinnyl ကြမ်းခင်းများခင်းကျင်းထားခြင်း၊ ပိုးမွှားသန့်စင်သော လေထုစနစ် တပ်ဆင်ထားခြင်း
ခွဲစိတ်ခန်း
- နိုင်ငံတကာ အဆင့်မီ ခွဲစိတ်ခန်း ၁၇ ခန်း
- ပိုးမွှားသန့်စင်သော လေထုစနစ်
- အခန်းတွင်းနံရံများနှင့် ကြမ်းခင်းများတွင် ဘက်တီးရီးယားပိုးပေါက်ဖွားမှုကို ထိန်းချုပ်နိုင်သော Bacteriostatic သုတ်ဆေးများအသုံးပြုထားခြင်း၊
- ဆေးရုံသုံး Vinnyl ကြမ်းခင်းများခင်းကျင်းထားခြင်း
- Maquet တံဆိပ် ခွဲစိတ်ခန်းသုံးမီးများ နှင့် ခွဲစိတ်ကုတင်များ
- ပင်မ အောက်ဆီဂျင် ပိုက်လိုင်းစနစ်
- မေ့ဆေးပေးထားသောလူနာမှရှူထုတ်လိုက်သော လေကိုသန့်စင် စွန့်ပစ်စနစ်
- ခွဲစိတ်ခန်းသုံး ခွဲစိတ်ကိရိယာများနှင့် ပစ္စည်းများ ပိုးမွှားသန့်စင်ရေးအတွက် ပင်မပိုးမွှားသန့်စင်ဌာန သီးသန့်ထားရှိခြင်း
အထူးကြပ်မတ်ကုသ ဌာန
- ၂၄ ကုတင်ရှိ အထူးကြပ်မတ်ကုသဆောင်
- ၁၀ ကုတင်ရှိ နှလုံးအထူးကြပ်မတ်ကုသဆောင်
- ၈ ကုတင်ရှိ ကြပ်မတ်ကုသဆောင်
ပုံရိပ်ဖော် ရောဂါရှာဖွေဌာန
- သံလိုက်စက်ကွင်းသုံး ပုံရိပ်ဖော်စက် (Siemens တံဆိပ် 3 Tesla MRI)
- ကွန်ပျူတာသုံးအလွှာလိုက် ပုံရိပ်ဖော်စက် (Siemens တံဆိပ် 384 Slices Dual Source CT Scan)
- ဒစ်ဂျစ်တယ် ဓာတ်မှန်၊ ပြောင်းရွေ့ရန် ခက်ခဲသော လူနာများအတွက် ဘက်ပေါင်းစုံမှ ရိုက်ကူးနိုင်သော ဓာတ်မှန်စက် (Siemens တံဆိပ် Ceiling-mounted X-ray )၊ ရွေ့လျားဓာတ်မှန်စက် (Portable X ray)
- ခွဲစိပ်ခန်းတွင်းခွဲစိပ်နေစဉ် ဓာတ်မှန်ရိုက်ခြင်း (C-arm Service)
- သေးငယ်သော ကိုယ်တွင်းအင်္ဂါများနှင့် ပြွန်ချောင်းများအား ရိုက်ကူးနိုင်သော ဓာတ်မှန်စက် (Siemens တံဆိပ် Digital Fluoroscopy)
- 3D ဒစ်ဂျစ်တယ် ရင်သားဓာတ်မှန်ရိုက်စက် (Tomosynthesis နည်းပညာ အသုံးပြုထားသည့် Siemens တံဆိပ် 3D Digital Mammogram)
- အရိုးသိပ်သည်းဆ တိုင်းတာစစ်ဆေးသည့် စက် ( GE တံဆိပ် Bone DEXA Scan )
- အာ(လ်)ထရာဆောင်း ဓာတ်မှန် (2D/4D Ultrasound) ၊သွေးကြောအာ(လ်)ထရာဆောင်းဓာတ်မှန် (Droppler Ultrasound)
နိုင်ငံတကာ အဆင့်မီ ဓာတ်ခွဲခန်း, ဆေးအရောင်း ဌာန, ပြင်ပလူနာ ဌာန
- လူနာ စမ်းသပ်စစ်ဆေးသည့် အခန်းပေါင်း ၆၆ခန်း ရှိသည့် ပြင်ပလူနာဌာန
- နယ်ပယ်အသီးသီးမှ ပြည်တွင်းအထူးကု ဆရာဝန်ကြီးများ အပြင် အမေရိကန်၊ အင်္ဂလန်၊ ဘန်ကောက်၊ စင်ကာပူ၊ ဗီယက်နမ်၊ အန္ဒိယ စသည့် နိုင်ငံတကာမှ အထူးကုဆရာဝန်ကြီးများ စုစုပေါင်း အယောက် ၃၀၀ ကျော်ခန့် ကြည့်ရှု ကုသပေးလျက်ရှိသော ပြင်ပလူနာဌာန
- လူနာအချက်အလက်များ စနစ်တကျ သိမ်းဆည်းထားသော EMR System
- တီဗွီ နှင့် အခမဲ့သုံး ဝိုင်ဖိုင်များ
အထူးကု စင်တာများ နှင့် ဌာနများ
နှလုံး နှင့် သွေးကြောဆိုင်ရာ ရောဂါများ ရှာဖွေ ကုသဌာန
- Siemens တံဆိပ် နောက်ဆုံးပေါ် Artis Zee with PURE Biplane System ပါဝင်သည့် အဆင့်မြင့် ပုံရိပ်ဖော်စက်ထားရှိခြင်း
- အရေးပေါ် ကုသမှုများ အတွက် လိုအပ်သော စက်ပစ္စည်းကိရိယာ၊ ဆေးဝါးများ အဆင်သင့် ထားရှိခြင်း
- နှလုံး နှင့် ပတ်သက်သော ရောဂါမှန်သမျှကို နိုင်ငံတကာ အဆင့်မီ ကုသနည်း အမျိုးမျိုးဖြင့် ကုသပေးခြင်း
- နှလုံးသွေးကြောချဲ့ခြင်း၊ အရေးပေါ် နှလုံးသွေးကြော ထောက်ထည့်ခြင်း၊
- ယာယီ နှလုံးခုန်စက် တပ်ဆင်ခြင်း၊ နှလုံးခုန် ထိန်းညှိစက် တပ်ဆင်ပေးခြင်း
- မွေးရာပါ နှလုံးအပေါက်ပါလာခြင်း၊ အဆို့ရှင် မလုံခြင်းတို့အတွက် အကြီးစားခွဲစိတ်မှု ပြုလုပ်ရန် မလိုပဲ Device (or) Balloon ဖြင့် ထည့်၍ ပိတ်ခြင်း၊
- နှလုံးအဆို့ရှင်ကျဥ်းခြင်း၊ ခြေထောက်သွေးကြောများ ကျဥ်းခြင်းတို့အား Balloon ဖြင့် ချဲ့ခြင်း
- နှလုံးသွေးကြော အပိုပါလာခြင်းကို ပိတ်ခြင်း
- နှလုံး လျှပ်စီးပတ်လမ်းကြောင်း အပိုပါလာခြင်းများအား အပူပေး၍ ဖြတ်တောက်ခြင်း
- ဦးနှောက်၊ခြေလက် နှင့် ကျောက်ကပ်သွေးကြောများ ချဲ့ခြင်း
- လည်ပင်းသွေးလွှတ်ကြောနှင့် သွေးလွှတ်ကြောမကြီးအား ချဲ့ခြင်း
- သွေးလွှတ်ကြောများ ဖောင်းခြင်းကို သွေးကြောတုထည့်၍ ပြုပြင်ခြင်း
- ကင်ဆာဆဲလ်များမပြန့်ပွားအောင် ဓာတ်မှန်စက်အသုံးပြီး ကင်ဆာဆေးရည် ဖြန်းခြင်း (TACE)
ကင်ဆာရောဂါဆေးသွင်းကုသဌာန
ကင်ဆာရောဂါ ဓာတ်ရောင်ခြည်ပေး ကုသဌာန
- ဓာတ်ကင်မည့်နေရာကို တိကျစွာ ပုံရိပ်ဖော်နိုင်သည့် Philips အမှတ်တံဆိပ် Brilliance Big Bore 16 Slice CT Simulator ပုံရိပ်ဖော်စက် အသုံးပြုထားခြင်း
- Varian Medical System (VMS) Vital Beam Model Linear Accelerator စက်အား အသုံးပြုထားခြင်း
- ၃၆၀ ဒီဂရီ လည်ပတ်နိုင်ပြီး ကင်ဆာကြိတ်အား ဘက်ပေါင်းစုံမှ ထိရောက်သော ဓာတ်ရောင်ခြည်ပမာဏ ပေးစွမ်းနိုင်ရန် Electron Monte Carlo methods, 3 Dimensional Conformal Radiation Therapy (3D CRT), Intensity Modulated Radiation Therapy (IMRT), Volumetric Modulated Arc Therapy (VMAT), Rapid Arc, MV-KV Image Guided Radiation Therapy (IGRT) အစရှိသည့် နောက်ဆုံးပေါ် နည်းစနစ်များအားအသုံးပြုထားပြီး ထိရောက်စွာ ဓာတ်ရောင်ခြည်ပေး ကုသနိုင်ခြင်း
- ဓာတ်ရောင်ခြည် အပ်စိုက်ကုသခြင်းဖြင့် ကင်ဆာကြိတ်ရှိသော နေရာသို့ ပုံစံခွက် ပစ္စည်းများထည့်၍ အသေးငယ်ဆုံးသော နေရာထိ တိုက်ရိုက်ဓာတ်ရောင်ခြည်ပေး ကုသခြင်း ( Brachytherapy )
နေ့ချင်းပြီး အသေးစား ခွဲစိတ်ကုသဌာန
ဆီးချို နှင့် ဟော်မုန်းရောဂါဆိုင်ရာ အထူးကုစင်တာ
အရိုးပွ၊ အရိုးကျိုး ကာကွယ် ကုသရေးစင်တာ
ပန်းသေပန်းညှိုး နှင့် သုတ်လွှတ်မြန်ခြင်းဆိုင်ရာ ရောဂါ အထူးကုစင်တာ
ဟံသာမျက်စိ အထူးကု စင်တာ နှင့် မျက်မှန် အရောင်းပြခန်း
သွား နှင့် ခံတွင်း အထူးကု စင်တာ
နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု စင်တာ
- နား၊နှာခေါင်းလည်ချောင်းစမ်းသပ်မှုများ၊ အဏုစိတ်မှန်ပြောင်း၊ မိုက်ခရိုစကုတ်တို့ဖြင့် ကြည့်ရှု စစ်ဆေးကုသခြင်းများကို ခေတ်အမီဆုံး ATMOS ENT Work Station တပ်ဆင်ထားသည့် ပြင်ပလူနာ စမ်းသပ်ခန်း များ
- နားရောဂါ အမျိုးမျိုး နှင့် နားအကြားအာရုံ စမ်းသပ်စစ်ဆေးသော အဆင့်မြင့် စက်ပစ္စည်းကိရိယာ အမျိုးမျိုး
အစာအိမ် နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ဌာန
- အစာအိမ် နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း
- သည်းခြေမှန်ပြောင်း ကြည့်ခြင်း
- အသက်ရှုလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း
ကျောက်ကပ်သွေးသန့်စင် ဌာန
- Germany နိုင်ငံ၊ Fresenius Medical Care မှ ထုတ်လုပ်သော New Generation Haemodialysis ခေတ်မီ စက် ကျောက်ကပ်သွေးသန့်စင်စက်ပေါင်း (၃၁) လုံးခန့်ရှိ ကျောက်ကပ်သွေးသန့်စင် ဌာန
- ကျောက်ကပ်ဆေးရာတွင် အလွန်အရေးပါသော ရေသန့်စင်မှုစနစ်သည် Double RO (Reverse Osmosis) စနစ် ဖြစ်ခြင်း
- ကျောက်ကပ်ဆေးရာတွင် အသုံးပြုသော Dialysate ပြင်ဆင်ရာတွင် Solution A ကို CDS System (Central Concentrate Delivery System)ဖြင့် ပြင်ဆင်ထားသောကြောင့် ဆေးရည်ညစ်ညမ်းစေမှု အလွန်နည်းပါးစေခြင်း
ဆီးကျောက်ခြေ ဌာန
- Fibrex အမှတ်တံဆိပ် လေဆာစက်၊ Karl Storz အမှတ်တံဆိပ် မှန်ပြောင်းစနစ်တို့ကို အသုံးပြုထားသော Siemens အမှတ်တံဆိပ် အသံလှိုင်းဖြင့် ကျောက်ခြေစက်
- လေဆာဖြင့် အသံလှိုင်း နှင့် ကျောက်ခြေခြင်း၊
- အာ(လ်)ထရာဆောင်းဖြင့် အသံလှိုင်း နှင့် ကျောက်ခြေခြင်း၊
အာဟာရ နှင့် အဝလွန်ခြင်း ဆိုင်ရာ အထူးကု စင်တာ
အရိုးအဆစ် အထူးကု စင်တာ
- အရိုးအကြော အဆစ် ခွဲစိတ်မှုများ၊ ဒူးခေါင်း အစားထိုး ခွဲစိတ်မှုများ နှင့် ကျောရိုးဆစ် ခွဲစိတ်မှု အမျိုးမျိုး
အကြောအဆစ်ရောဂါနှင့် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး ကုသမှုစင်တာ
- စက်ရုပ်အကူ ခြေထောက် လေ့ကျင့်ကုသရေး စက်သစ်ကြီးများဖြစ်တဲ့ LOKOMAT PRO (Robot Assisted Therapy), ANDAGO, ERIGO (Tilt-Table) စက်များ
- စက်ရုပ်အကူ လက်လေ့ကျင့်ကုသရေး စက်သစ်ကြီးများဖြစ်တဲ့ Armeo Spring, Armeo Power, Armeo Boom စက်များ
- ကြွက်သား နှင့် အာရုံကြောများ ပြန်လည်ကောင်းမွန်စေရန် ကုသပေးသည့် စက်ပစ္စည်းကိရိယာများ
နိုင်ငံတကာ အထူးကု ဆေးခန်း နှင့် သီးသန့်လူနာ အထူးကု ဆေးခန်း (Hawaii Clinic & Hantha Prestige Care )
အိပ်ပျော်နေစဉ် စမ်းသပ် စစ်ဆေးခြင်း နှင့် အိပ်ဟောက်ရှုပိတ်ရောဂါ အထူးကု စင်တာ
အွန်လိုင်းမှ တစ်ဆင့် ကျန်းမာရေး ဆွေးနွေးကုသ ဆေးခန်း
ခန္ဓာကိုယ် ကျန်းမာရေးစစ်ဆေးမှု စင်တာ
- အသက်အရွယ်မရွေး စစ်ဆေး၍ရသည့် ကျန်းမာရေးစစ်ဆေးသည့် package အမျိုးမျိုး ထားရှိခြင်း၊
- သွေးစစ်ခြင်း၊ ပုံရိပ်ဖော် ဓာတ်မှန်ရိုက်ကူးခြင်းတို့ကို ကျန်းမာရေးစစ်ဆေးမှု စင်တာမှာပဲ တစ်နေရာတည်း ပြီးပြည့်စုံအောင် စစ်ဆေး၍ ရခြင်း
တခြား အထွေထွေ စမ်းသပ် စစ်ဆေးနိုင်သော ဝန်ဆောင်မှုများ
- တယ်လီဗေးရှင်းဓာတ်မှန် အသုံးပြု၍ အသားစယူခြင်း၊ အရည်ဖောက်ထုတ်ခြင်း (USG Guided Biopsy)
- သားဥပြွှန်လမ်းကြောင်း ပိတ်မပိတ် စစ်ဆေးခြင်း (Hysterosalpingogram – HSG)
- ဗီဒီယို ဓာတ်မှန်ဖြင့် အစာရေမျိုပြွန် တစ်လျှောက် စမ်းသပ်စစ်ဆေးခြင်း (VFSS Procedure)
- ၂၄နာရီကြာ ရွေ့လျှားသွေးပေါင် တိုင်းတာခြင်း ( 24hr ABPM )
- ၂၄နာရီကြာ၊ ၄၈နာရီကြာ နှလုံးခုန်နှုန်း နှင့် နှလုံးလျှပ်စီးပတ်လမ်းကြောင်း စစ်ဆေးခြင်း ( 24hr Holter ECG )
- နှလုံး ဓာတ်မှန်ရိုက်ခြင်း (Echocardiogram)
- ဦးနှောက် လျှပ်စီးပတ်လမ်းကြောင်း စမ်းသပ်စစ်ဆေးခြင်း ( EEG )
- ပြေးစက်ပေါ်တွင် လေ့ကျင့်ခန်းလုပ်၍ နှလုံး အီးစီဂျီ ဆွဲခြင်း ( Exercise Stress Test )
နိုင်ငံခြားသား လူနာဝန်ဆောင်မှု နှင့် ကျန်းမာရေး အာမခံ ဝန်ဆောင်မှုများ
လူမှုတာဝန်သိ လုပ်ငန်းစဉ်များ
- လူနာများအား အထူးကုဆရာဝန်ကြီးများကိုယ်တိုင် အခမဲ့ ကျန်းမာရေး ဆွေးနွေးကုသပေးသည့် အစီအစဉ်များ နှင့် လစဉ် ကျန်းမာရေးအသိပညာပေးဟောပြောပွဲများ လုပ်ဆောင်ပေးခြင်း။