အထွေထွေရောဂါအထူးကုသခြင်းများတွင် သည် လူကြီးလူနာများအတွက် ရောဂါမဖြစ်ခင်ကြိုတင်ကာကွယ်မှု၊ ရောဂါအဖြေရှာဖွေခြင်းများ၊ ကုသခြင်းများပါဝင်သည်။

ဂရန်း(ဒ်)ဟံသာဆေးရုံ၏ အထွေထွေရောဂါအထူးကုသမားတော်ကြီးများသည် လူနာများအတွက် အောက်ပါ အပြီးပြည့်စုံဆုံးသော စောင့်ရှောက်ကုသမှုများကို ပေးလျက်ရှိပါသည်။

  • ပြင်ပလူနာနှင့် အတွင်းလူနာ ရောဂါအဖြေရှာဖွေခြင်း၊ ကုသခြင်းများ
  • ခွဲစိတ်ဆရာဝန်ကြီးများ၊ ဆီးနှင့်ကျောက်ကပ် သမားတော်များ၊ ခွဲစိတ်ဆရာဝန်များ၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ သမားတော် များ၊ ခွဲစိတ်ဆရာဝန်များ၊ အကြောအဆစ်ဆေးပညာ သမားတော်များ
  • အခြား အထူးကုဆရာဝန်ကြီးများနှင့် ပူးပေါင်းကုသမှုများဆောင်ရွက်ပေးခြင်း၊ လိုအပ်ပါက အခြားအထူးကုဆရာဝန်ကြီးများထံ အချိန်မီ ပြသနိုင်ရန် လွှဲအပ်ပေခြင်း
  • နှလုံးရောဂါ၊ ဆီးချို၊ သွေးတိုးရောဂါ၊ သွေးအတွင်းအဆီများနေခြင်း အစရှိသည့် ရောဂါများမှ ကာကွယ်ရန် ကြိုတင် ကျန်းမာရေးစစ်ဆေးမှုများကို လူနာတစ်ယောက်ချင်းစီ၏ လိုအပ်ချက်အလိုက် ဆောင်ရွက်ပေးခြင်း
  • ခွဲစိတ်ကုသမှုလိုအပ်သော လူနာများအတွက် မခွဲစိတ်မီ ကျန်းမာရေးအခြေအနေ စစ်ဆေးခြင်း

လူနာစမ်းသပ်ခန်း ၆၆ ခန်း၊ အထွေထွေသမားတော်ကြီးများ၏ ၂၄ နာရီစောင့်ရှောက်မှု၊ သွေးဖောက်ခန်း၊ ၂၄ နာရီ ဓာတ်မှန်နှင့် ဓာတ်ခွဲခန်းဝန်ဆောင်မှုများ ၊ ခုတင် ၇၀၀ ဆန့် အတွင်းလူနာဝန်ဆောင်မှုများ၊ အထူးကြပ်မတ်ကုသဆောင်နှင့် နှလုံးအထူးကြတ်မတ်ကုသဆောင်ဝန်ဆောင်မှုများရှိပါသည်။

Swiper Next Icon
Swiper Prev Icon

တည်နေရာ နှင့် ဆက်သွယ်ရန်

ဂရန်း(ဒ်)ဟံသာဆေးရုံ၊ ၀၁-၅၂၃၀၀၀၊ ၀၁-၅၂၃၁၁၁၊ ၀၁-၂၃၁၇၆၁၉၊