နားရောဂါများနှင့် စမ်းသပ်စစ်ဆေးမှုများ
နားခေါင်းအမြှေးပါးရောင်ခြင်း၊ နှာခေါင်းအတွင်းရှိ အခန်းများတွင် ပိုးဝင်ခြင်း၊ ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သာ နှာစေးနှာမွှန်ခြင်းများ၊ နှားခေါင်းတွင်းရှိ အသားပိုများ၊ နှာခေါင်းသွေးလျှံခြင်းများ စသည်တို့ိကို ဆေးဝါးဖြင့်ကုသခြင်း၊ ခွဲစိတ်ကုသခြင်း
- နှာခေါင်းရိုးကျိုးခြင်း
- နှာခေါင်းအတွင်းပိုင်းရောဂါများကို မှန်ပြောင်းဖြင့် ခွဲစိတ်ကုသမှုများ လည်ပင်းရောဂါများနှင့် ခွဲစိတ်မှုများ
- လည်ပင်းနာခြင်း၊ အစာမျို၊ ရေမျိုရခက်ခဲခြင်းများကို ဆေးဝါးဖြင့် ကုသခြင်း၊ ခွဲစိတ်ကုသခြင်း
- အာသီးခွဲစိတ်မှုများ
- သိုင်း(လ်)ရွိုက် ခွဲစိတ်မှုများ
- အစာမျို၊ အသံအိုး၊ လေပြွှန် ကင်ဆာခွဲစိတ်မှုများ
- ဦးခေါင်းနှင့် လည်ပင်းပိုင်းဆိုင်ရာ ကင်ဆာခွဲစိတ်မှုများ
အကြားအာရုံစစ်ဆေးခြင်း (Audiology Tests)
Pure Tone Audiometry
နားအကြားအာရုံ (နားကြားနှုန်း) ကို စမ်းသပ်သော စစ်ဆေးမှုဖြစ်ပါသည်။ နားကြားနှုန်း လျော့နေသူများတွင်လျော့သည့် နှုန်း/ လျော့သည့် အကြောင်းအရင်းများကို ရှာဖွေခြင်းဖြစ်သည်။ စမ်းသပ်ချိန်မှာ ၁၅ မိနစ်မှ ၃၀ မိနစ်ကြာမြင့်နိုင်ပါသည်။
E-Tube Function
နှာခေါင်းနှင့် နားဆက်သွယ်နေသော ပြွန်ပွင့်နေခြင်း၊ ပိတ်နေခြင်းကို စမ်းသပ်စစ်ဆေးခြင်းဖြစ်သည်။ စမ်းသပ်ချိန် ၁၀ မိနစ်ခန့် ကြာမြင့်နိုင်သည်။
Sound Field Audiometry
နားကြား ကိရိယာ တပ်ထားသည့် သူများ၏ နားကြားကိရိယာဖြင့် ကြားသည့် ကြားနှုန်း၊ Cochlear Implant စက်တပ်ထားသူများ၏ စက်ဖြင့် ကြားသည့် ကြားနှုန်းကို စမ်းသပ်စစ်ဆေးခြင်းဖြစ်ပါသည်။ စမ်းသပ်ချိန်မှာ ၁၅ မိနစ် မှ မိနစ် ၃၀ ခန့် ကြာမြင့် နိုင်ပါသည်။
Tympanometry
နားစည်လှုပ်ရှားမှု ကောင်းမကောင်း/ နားစည်ရောင်ခြင်း၊ နားစည် ပေါက်ခြင်း၊ နားစည်နောက် အလယ်နားတွင် အရည်/ ပြည်များရှိ/ မရှိ စသည့် နားစည် အခြေအနေနှင့် အလယ်နားရှိ အရိုးလေးများ အခြေအနေ တို့ကို စမ်းသပ်သည်။ စမ်းသပ်ချိန်မှာ ၁၀ မိနစ်ခန့် ကြာမြင့်နိုင်ပါသည်။
ABR (Auditory Brainstem Response)
အတွင်းနား Chochlear မှ ဦးနှောက်အထိ အသံသွားရာ လမ်းကြောင်း အခြေအနေကို သိရှိနိုင်ပါသည်။ အသက် ငယ်ရွယ်သည့် ကလေးများ (သို့မဟုတ်) PTA စမ်းသပ်မှုတွင် ပူးပေါင်းပါဝင် မလုပ်ဆောင်နိုင်သည့် သူများ၏ နားကြားနှုန်းကို အနီးစပ်ဆုံး ခန့်မှန်းရရှိနိုင်ပါသည်။ စမ်းသပ်ချိန်မှာ ၄၅ မိနစ်ခန့်ကြာမြင့်နိုင်ပါသည်။
ASSR (Auditiory Steady State Response)
အသက်ငယ်ရွယ်သည့် ကလေးများ (သို့မဟုတ်) PTA စမ်းသပ်မှုတွင် ပူးပေါင်းပါဝင် မလုပ်ဆောင်နိုင်သည့် သူများအား ASSR Test စမ်းသပ်ခြင်းဖြင့် အနီးစပ်ဆုံး နားကြားနှုန်းကို သိရှိနိုင်ပါသည်။ လူနာမှ ငြိမ်သက်စွာလဲလျောင်းနေရန် (သို့မဟုတ်) အိပ်ပျော်နေရန် လိုအပ်ပါသည်။ စမ်းသပ်ချိန်မှာ ၁ နာရီ မှ ၁ နာရီခွဲခန့် ကြာမြင့်နိုင်ပါသည်။
OAE (Oto Acoustic Emission) – new born hearing screening
အတွင်းနားရှိ Outer Hair Cells များ၏ တုန့်ပြန်မှုကို စမ်းသပ်သည်။ လူတစ်ယောက်၏ နားကြားနှုန်း ကောင်းမကောင်းကို အချိန်အနည်းငယ်အတွင်း သိရှိနိုင်ပါသည်။ မွေးကင်းစကလေးများတွင် နားကြားနှုန်း ပုံမှန် ရှိ/မရှိကို မွေးပြီးရက် အနည်းငယ်အတွင်း စမ်းသပ်နိုင်သောကြောင့် အလွန်အသုံးဝင်သည့် စစ်ဆေးမှုဖြစ်ပါသည်။ စမ်းသပ်ချိန်မှာ မိနစ်အနည်းငယ်မှ ၃ မိနစ်ခန့်ကြာမြင့်နိုင်ပါသည်။
Remark:နားနှားခေါင်းလည်ချောင်း အထူးကုဆရာဝန်ကြီးများနှင့် ပြသရန်နှင့် နားအကြားအာရုံစစ်ဆေးမှုများအတွက် ကြိုတင် ဘိုကင်ယူရပါမည်။