ကျောက်ကပ်သွေးသန့်စင်ခြင်းဆိုသည်မှာ ကျောက်ကပ်ပျက်စီးနေသည့် လူနာ၏သွေးမှ အညစ်အကြေးများ၊ အဆိပ်အတောက်များကို ကျောက်ကပ်သွေးသန့်စင်စက်ဖြင့် သန့်စင်ခြင်း ခန္ဓာကိုယ်အတွက် လိုအပ်သော သတ္ထုဓာတ်များကို ပြန်လည်ဖြည့်တင်းခြင်းတို့ ပြုလုပ်ခြင်းဖြစ်သည်။ ဂရန်း(ဒ်)ဟံသာဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာနသည် အပြည့်စုံဆုံးသော ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ ရောဂါအဖြေရှာဖွေခြင်း၊ ကုသခြင်း၊ ကျောက်ကပ်သွေးသန့်စင်ခြင်း အစရှိသည် များကို အတွေ့အကြုံရှိ ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ သမားတော်ကြီးများ၊ အာဟာရပညာရှင်များ၊ သူနာပြုများဖြင့် စောင့်ရှောက်ပေးလျက်ရှိပါသည်။ ကျောက်ကပ်သွေးသန့်စင်စက်ပေါင်း (၃၁) လုံးဖြင့် ဖွဲ့စည်းထားပြီး မြန်မာပြည်တွင် အကြီးဆုံး ကျောက်ကပ် သွေးသန့်စင်ဌာန ဖြစ်သည်။
