ရက်ချိန်းလာရောက်လျှင် အောက်ပါတို့အားသိရှိထားရန်လိုအပ်ပါသည်။
- ဂရန်းဒ်ဟံသာ၏ ဆေးခန်းများသည် အလှည့်ကျတန်းစီစနစ်ကိုကျင့်သုံးပါသည်။ သင်၏ ချိန်းဆိုချိန်သည် သမားတော်ရောက်ချိန်နောက်ကျခြင်း၊ သင့်ရှေ့မှတန်းစီလူနာ၏ ရှုပ်ထွေးသောရောဂါအခြေအနေ၊ အရေးပေါ် ခေါ်ဆိုခြင်းအားသွားရောက်ကုသမှုပေးရခြင်းစသည့် မမျှော်မှန်းထားသောအခြေအနေတို့ကြောင့် ကြာမြင့်နိုင်ပါသည်။
- လူနာခေါ်ချိန်တွင်မရှိပါကအလှည့်ကျစနစ်မှကျော်သွားမည်ဖြစ်ပြီး ပြန်လည်ရောက်ရှိကြောင်း သိရချိန်တွင် လက်ရှိစောင့်ဆိုင်းနေသောလူနာ (၃)ဦးအားခေါ်ဆိုပြီးမှသာ ပြန်လည်ခေါ်ဆိုပါမည်။
အချို့သောရောဂါအခြေအနေတို့တွင် ဆေးစစ်ချက်ပေါ်မူတည်၍ ကုသမှုပေးရမည်ဖြစ်သောကြောင့် ရလဒ်အားစောင့်ဆိုင်းပေးရန်လိုပါသည်။ သင်၏ ရရှိထားသောရက်ချိန်းအား ပြင်ဆင်/ပယ်ဖျက်လိုပါလျှင် ဆေးရုံ၏ ရက်ချိန်းရယူရန်ဆက်သွယ်ရေးဋ္ဌာနသို့ အနည်းဆုံးတစ်ရက်ကြိုတင်၍ အကြောင်းကြားစေလိုပါသည်။ ထိုသို့ကူညီပေးခြင်းဖြင့် ပြသခွင့်ရရန်စောင့်ဆိုင်းနေသောအခြားလူနာအားအချိန်မီအစားထိုးချိန်းဆိုနိုင်မည် ဖြစ်ပါသည်။