Overview & Services

အရေးပေါ်ကျန်းမာရေးအခြေအနေများအတွက် ဆက်သွယ်ရန် – 09 423 423 600

ဂရင်း(ဒ်)ဟံသာဆေးရုံ ကြီး၏အရေးပေါ်ဌာနတွင် အရေးပေါ်လူနာများကိုလက်ခံကုသနိုင်ရန် တစ်နေ့ ၂၄ နာရီ၊ တစ်ပတ် (၇) ရက် ပိတ်ရက်မရှိဖွင့်လှစ် ထားပါသည်။ လူကြီးများသာမကကလေးလူနာများအတွက်လည်း နိုင်ငံတကာအဆင့်မီအရေးပေါ်ကုသမှုများဆောင်ရွက်ပေးလျက်ရှိပါသည်။

အထိရောက်ဆုံးသောအရေးပေါ်ကုသမှုများကို ………..

  • လူနာကိုစတင်ကြည့်ရှုသည်နှင့် အရေးပေါ်အသက်ကယ်တင်ကုသပေးရမည့်လူနာများ၊ အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့သောလူနာများ၊ သာမန်ထိခိုက်ဒဏ်ရာနှင့် နာမကျန်းလူနာများဟုလူနာများ၏အခြေအနေအလိုက် သင့်လျော်သောကုသမှုများကိုအလျင်မြန်ဆုံးစတင်ကုသမှုပေးခြင်း။
  • ဆေးရုံတက်ရန် လိုအပ်ပါကလူနာမှတ်တမ်းထိန်းသိမ်းမှု စနစ် Hospital Information System (HIS) ကိုအသုံးပြု၍အဆင်ပြေချောမွေ့ အောင် ဆောင်ရွက်ပေးခြင်း။

အရေးပေါ်ဌာနတွင် ၂၄ နာရီ ၀န်ဆောင်မှုပေးနိုင်ရန် အောက်ပါအတိုင်းစီစဉ်ထားပါသည်။

  • Hill- Rom အမှတ်တံဆိပ် Trauma Stretcher Bed (၂၃) လုံး၊ နံရံကပ် အောက်ဆီဂျင်ပိုက်လိုင်းစနစ်နှင့် အရေးပေါ် အခြေအနေများကို (၂၄) နာရီစောင့်ကြည့် စနစ်။
  • ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အရေးပေါ်ကုသမှုဆေးပညာလက်မှတ်ရ ဆရာဝန်များ၊ American Heart Association မှ Advanced Cardiac Life Support လက်မှတ်ရ ဆရာဝန်များ၊ သူနာပြုများ
  • ပင်တိုင် အထူးကုသမားကြီးများ။
  • အထူးကြပ်မတ်ကုသကုသမှုဆိုင်ရာ အထူးကုဆရာဝန်ကြီးများ။
  • ထိခိုက်ဒဏ်ရာနှင့် အရိုးကျိုးခြင်းများအတွက် အရေးပေါ်ခေါ်ဆိုနိုင်သော အရိုးအကြောအဆစ် ခွဲစိတ်အထူးကုဆရာဝန်ကြီးများ။
  • အရေးပေါ် နှလုံးသွေးကြော ပိတ်ခြင်းများအတွက် မိနစ် (၉၀) အတွင်းအရေးပေါ် အသက်ကယ် နှလုံးသွေးကြောချဲ့ကုသနိုင်ရန်နှလုံးအထူးကုဆရာဝန် နှင့် နှလုံးသွေးကြောချဲ ့ဌာန ဆရာဝန် ၊ သူနာပြု ၊ ကျွမ်းကျင် ပညာရှင်များ။
  • အရေးပေါ်ခွဲစိတ်ခန်း။
  • အရေးပေါ်ဌာနနှင့် အနီးဆုံးတွင်ရှိသော ဓာတ်မှန်၊ CT Scan ၊ MRI ဌာန။
  • အလျင်မြန်ဆုံးသောသွေးစစ်ဆေးမှုအဖြေများ။
  • Patient Monitor, Ventilitator, စသည့် ပစ္စည်းကိရိယာများနှင့် ဆေးနှင့် ဆေးပစ္စည်းအပြည့်အစုံတပ်ဆင်ထားသည့် လူနာတင်ယာဉ် ၄ စီး။

ရန်ကုန်မြို့တွင်းနှင့် နယ်ဝေး အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှု
ဆေးရုံးအချင်းချင်းလူနာလွှဲပြောင်းခြင်း၊ လေဆိပ်၊ ဆိပ်ကမ်းတို့မှ အရေးပေါ်လူနာသယ်ယူခြင်း။
အထူးကုဆရာဝန်နှင့်ပြသခြင်း၊ ဆေးရုံတက်ခြင်း၊ ဆေးရုံဆင်းခြင်းများအတွက် ၀န်ဆောင်မှုပေးခြင်း။
အိမ်တိုင်ရာရောက်ကျန်းမာရေးစောင့်ရှောက်မှု။
အားကစားပြိုင်ပွဲများ၊ အခမ်းအနားများ၊ ပွဲလမ်းသဘင်များ၊ အရေးကြီး အစည်းအဝေးနှင့် ညီလာခံများတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း။

အရေးပေါ်ကျန်းမာရေးအခြေအနေများအတွက် ဆက်သွယ်ရန် – 09 423 423 600