အဆိုပါစရိတ်တွင် အခန်းခ၊ ကုသရေးဝန်ဆောင်မှု၊ သူနာပြုဝန်ဆောင်မှု၊ အထွေထွေဝန်ဆောင်မှု၊ ဆေးနှင့် ဆေးပစ္စည်း၊ ခွဲစိတ်ခြင်းနှင့် ကုသမှုလုပ်ဆောင်ချက်များ၊ ရောဂါရှာဖွေရေး၊ အထူးကုတို့၏ စမ်းသပ်ခ နှင့် အခြားသော ဆေးရုံ၏ ၀န်ဆောင်မှုတို့ ပါ၀င်သည်။ အတွင်းလူနာတိုင်းသည် ဆေးရုံသို့တက်ရောက်မည့် အချိန်တွင် လုံလောက်သော ကြိုတင်ငွေပေးသွင်းထားရမည်။ ငွေပမာဏသည် ကုသမှုအမျိုးအစာ (ဥပမာ-ခွဲစိတ်ရန်လိုအပ်ခြင်း) နှင့် တက််ရောက်ကုသမှုခံယူရမည့် နေရာဌာန (ဥပမာ-ပုံမှန်အတွင်းလူနာဆောင် သို့မဟုတ် အထူးကြပ်မတ်ကုသဆောင်) တို့အပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။ အတွင်းလူနာ ငွေလက်ခံကောင်တာ (မြေညီထပ်) တွင် ငွေသားဖြင့်လည်းကောင်း၊ ဘဏ်ကဒ်ဖြင့်လည်းကောင်း ပေးချေနိုင်ပါသည်။
ကြိုတင်ငွေပေးသွင်းခြင်းသည် အာမခံကုမ္ပဏီနှင့် ချိတ်ဆက်ထားသောလူနာတို့အတွက် မလိုအပ်ပါ။ သို့သော် ဆေးရုံ နှင့် သင်၏ အာမခံကုမ္ပဏီတို့ ညှိနှိုင်းမှုလိုအပ်နေစဉ် အတောအတွင်း ကြိုတင်ငွေပေးသွင်းခြင်း၊ ကျသင့်ငွေချေခြင်းတို့ လုပ်ဆောင်ရန်လိုသည်။ (အသေးစိတ်ကို အာမခံကုမ္ပဏီ၏လူနာများအတွက် ၀န်ဆောင်မှုများ စာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။)