OSA ဆိုသည်မှာ အိပ်ပျော်နေစဉ်တွင် အသက်ရှုလမ်းကြောင်းပိတ်ဆို့၍ လေလုံလောက်စွာ မရှုနိုင်တော့ပဲ အသက်ရှုရပ်သွားသော ရောဂါတစ်မျိုးဖြစ်ပါသည်။ ထို့ကြောင့် “အိပ်ဟောက်ရှုပိတ်” ရောဂါဟုလည်း ခေါ်ကြပါသည်။
OSA ရောဂါ၏ လက္ခဏာများမှာ…
- ကျယ်လောင်စွာဟောက်ခြင်း
- အာခေါင်ခြောက်ခြင်း
- ခြေထောက်ယောင်ခြင်း
- အိပ်နေစဉ် အသက်ရှုကြပ်ခြင်း
- အိပ်နေစဉ် အသက်ရှုရပ်သွားကြောင်း သူတစ်ပါးမှ မြငတွေ့ ခြင်း
- အိပ်နေစဉ် မကြာခဏ အပေါ့သွားခြင်း
- နံနက်ခင်း အိပ်ယာထစဉ်တွင် ခေါင်းကိုက်ခြင်း၊
- ခေါင်းအုံခြင်း
- နေ့အချိန်တွင် အိပ်ငိုက်လွယ်ခြင်း
- အားအင်ကုန်ခမ်း ပင်ပန်းလွယ်ခြင်း
- အာရုံစူးစိုက်မှု ကျဆင်းခြင်း
- စိတ်တို ဒေါသထွက်လွယ်ခြင်း
- ပုံမှန်လုပ်ငန်းဆောင်တာ လုပ်နေစဉ်အတွင်း အိပ်ပျော်သွားခြင်း တို့ဖြစ်ပါသည်။