Overview & Services

<p>ဆီးနှင့်ကျောက်ကပ်ဆိုင်ရာအထူးပြုပညာဘာသာရပ်တွင် အမျိုးသား၊ အမျိုးသမီးဆီးလမ်းကြောင်းနှင့်ဆိုင်သောပြဿနာများ နှင့် အမျိုးသား မျိုးပွားအင်္ဂါနှင့်ဆိုင်သော ပြဿနာများ စသည့် ခွဲစိတ်နှင့် ဆေးပညာကုသရေးကိစ္စရပ်များ ပါဝင်သည်။ အဆိုပါကိစ္စရပ်များကုသခြင်းနှင့် စပ်လျဉ်းသော ကျောက်ကပ်နှင့်၎င်း၏ဂလင်းများ၊ ဆီးပြွန်၊ ဆီးအိမ်၊ ဆီးစွန့်ပြွန် နှင့် အမျိုးသားမျိုးပွားအင်္ဂါ အစိတ်အပိုင်းတို့ ပါဝင်သည်။</p>
<p>ဆီးနှင့်ကျောက်ကပ်ဆိုင်ရာရောဂါသည် မွေးရာပါအဖြစ်လည်းရှိနိုင်သည်။ ဂရန်းဒ်ဟံသာ အင်တာနေရှင်နယ်ဆေးရုံကြီး၏ ကုသရေးအထောက်အကူပြုပစ္စည်းများ စုံလင်စွာတပ်ဆင်ထားသော ဆီးနှင့်ကျောက်ကပ်ဆိုင်ရာအထူးကုဆေးခန်းသည် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ဦးဆောင်မှုဖြင့် ဆီး ၊ ဆီးလမ်းကြောင်းနှင့်ကျောက်ကပ်ဆိုင်ရာရောဂါမျိုးစုံတို့အတွက် အကောင်းဆုံးသောကုသမှုပေးနိုင်ခြင်းသာမက စမ်းသပ်စစ်ဆေးမှုများ၊ ကိုယ်ခန္ဓာတွင်းထွင်းဖောက်၍ စစ်ဆေးကုသမှုများကိုလည်းလုပ်ဆောင်နိုင်သော နေရာဖြစ်ပါသည်။ ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ နောက်ဆုံးပေါ်ခေတ်မီစက်ကိရိယာများတပ်ဆင်ထားခြင်းကြောင့် တိကျမှန်ကန်စွာဖြင့် ရောဂါအမည်သတ်မှတ်ခြင်း၊ ကုသခြင်းတို့တွင် ပိုမိုကောင်းမွန်လာပြီး အချိန်တိုအတွင်းပြန်လည်ကျန်းမာလာနိုင်ခြင်း၊ ထိုးထွင်းခွဲစိတ်ရမှုလျော့ပါးလာခြင်း၊ သွေးထွက်မှုနည်းပါးလာစေခြင်းစသည့် ကောင်းမွန်သော ရလဒ်များကို ပေါ်ထွက်စေပါသည်။ ထိုရလဒ်များကြောင့် ယခင်က အတွင်းလူနာအဖြစ်ဆေးရုံတက်ရောက်ကုသရမည့်ရောဂါများအား ပြင်ပလူနာ (သို့မဟုတ်) နေ့ပိုင်းတက်ရောက်ရုံဖြင့်ကုသနိုင်သည့် အခြေအနေသို့လည်းကောင်း၊ ယခင်က ခွဲစိတ်ခန်းဝင်၍ကုသရသည့် ပြဿနာများ၊ ကိုယ်တွင်းထွင်ဖောက် ကုသရသည့်လုပ်ဆောင်ဖွယ်ရာများအား ကိုယ်ခန္ဓာအပြင်ပိုင်းမှတဆင့် ကုသ၍ရနိုင်သည့် အခြေအနေသို့လည်းကောင်း နည်းပညာများ တိုးတက်ပြောင်းလဲ လာပါသည်။</p>

ဆီးနှင့်ကျောက်ကပ်ဆိုင်ရာအထူးပြုပညာဘာသာရပ်တွင် အမျိုးသား၊ အမျိုးသမီးဆီးလမ်းကြောင်းနှင့်ဆိုင်သောပြဿနာများ နှင့် အမျိုးသား မျိုးပွားအင်္ဂါနှင့်ဆိုင်သော ပြဿနာများ စသည့် ခွဲစိတ်နှင့် ဆေးပညာကုသရေးကိစ္စရပ်များ ပါဝင်သည်။ အဆိုပါကိစ္စရပ်များကုသခြင်းနှင့် စပ်လျဉ်းသော ကျောက်ကပ်နှင့်၎င်း၏ဂလင်းများ၊ ဆီးပြွန်၊ ဆီးအိမ်၊ ဆီးစွန့်ပြွန် နှင့် အမျိုးသားမျိုးပွားအင်္ဂါ အစိတ်အပိုင်းတို့ ပါဝင်သည်။

ဆီးနှင့်ကျောက်ကပ်ဆိုင်ရာရောဂါသည် မွေးရာပါအဖြစ်လည်းရှိနိုင်သည်။ ဂရန်းဒ်ဟံသာ အင်တာနေရှင်နယ်ဆေးရုံကြီး၏ ကုသရေးအထောက်အကူပြုပစ္စည်းများ စုံလင်စွာတပ်ဆင်ထားသော ဆီးနှင့်ကျောက်ကပ်ဆိုင်ရာအထူးကုဆေးခန်းသည် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ဦးဆောင်မှုဖြင့် ဆီး ၊ ဆီးလမ်းကြောင်းနှင့်ကျောက်ကပ်ဆိုင်ရာရောဂါမျိုးစုံတို့အတွက် အကောင်းဆုံးသောကုသမှုပေးနိုင်ခြင်းသာမက စမ်းသပ်စစ်ဆေးမှုများ၊ ကိုယ်ခန္ဓာတွင်းထွင်းဖောက်၍ စစ်ဆေးကုသမှုများကိုလည်းလုပ်ဆောင်နိုင်သော နေရာဖြစ်ပါသည်။ ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ နောက်ဆုံးပေါ်ခေတ်မီစက်ကိရိယာများတပ်ဆင်ထားခြင်းကြောင့် တိကျမှန်ကန်စွာဖြင့် ရောဂါအမည်သတ်မှတ်ခြင်း၊ ကုသခြင်းတို့တွင် ပိုမိုကောင်းမွန်လာပြီး အချိန်တိုအတွင်းပြန်လည်ကျန်းမာလာနိုင်ခြင်း၊ ထိုးထွင်းခွဲစိတ်ရမှုလျော့ပါးလာခြင်း၊ သွေးထွက်မှုနည်းပါးလာစေခြင်းစသည့် ကောင်းမွန်သော ရလဒ်များကို ပေါ်ထွက်စေပါသည်။ ထိုရလဒ်များကြောင့် ယခင်က အတွင်းလူနာအဖြစ်ဆေးရုံတက်ရောက်ကုသရမည့်ရောဂါများအား ပြင်ပလူနာ (သို့မဟုတ်) နေ့ပိုင်းတက်ရောက်ရုံဖြင့်ကုသနိုင်သည့် အခြေအနေသို့လည်းကောင်း၊ ယခင်က ခွဲစိတ်ခန်းဝင်၍ကုသရသည့် ပြဿနာများ၊ ကိုယ်တွင်းထွင်ဖောက် ကုသရသည့်လုပ်ဆောင်ဖွယ်ရာများအား ကိုယ်ခန္ဓာအပြင်ပိုင်းမှတဆင့် ကုသ၍ရနိုင်သည့် အခြေအနေသို့လည်းကောင်း နည်းပညာများ တိုးတက်ပြောင်းလဲ လာပါသည်။

ရန်းဒ်ဟံသာ ဆီးနှင့်ကျောက်ကပ်ဆိုင်ရာအထူးကုဆေးခန်းတွင်ရရှိနိုင်သောဝန်ဆောင်မှုများမှာ

  • Kidney Cancers (ကျောက်ကပ်ကင်ဆာကုထုံးများ) Laparoscopic / Open – Partial / Total Nephrectomy Laparoscopic Deroofing of Renal Cyst
  • Bladder Cancers (ဆီးအိပ်ကင်ဆာကုထုံးများ) TURBT (Transurethral Resection of Bladder Tumour) Radical Cystectomy and Ileal Conduit diversion Pelvic exenteration
  • Prostate Cancers (ဆီးကျိတ်ကင်ဆာကုထုံးများ) Laparoscopic / Open Radical Prostatectomy
  • Benign Prostate Diseases (ဆီးကျိတ် (ကင်ဆာမဟုတ်သော အကျိတ်) ကုထုံးများ) TURP (Transurethral Resection of Prostate) Prostatic Stent Insertion Prostate Biopsy (Transrectal Needle Biopsy)
  • Stones in Kidney, Ureter and Bladder(ကျောက်ကပ်၊ ဆီးပြွန်၊ ဆီးအိပ် ကျောက်တည်ခြင်းဆိုင်ရာကုထုံးများ) ESWL (Extracorporeal Shockwave Lithotripsy) PCNL (Percutaneous Nephrolithotripsy) URSL (Ureteroscipic Laser Lithotripsy) Calcusplit Ureteroscopic Lithotripsy (Rigid / Flexible ureteroscope) Lapascopic / Open Ureterolithotomy Extended Pyelolithotomy (Open surgery for kidney stone) Ureteroscopic DJ Stent insertion
  • Infertility and Scrotal Surgery (အမျိုးသားမျိုးပွားမှု နှင့် ကပ်ပယ်အိတ်ခွဲစိတ်မှုဆိုင်ရာကုထုံးများ) Laparoscopic Varicocele ligation Laparoscopic surgery for intra-abdominal undescended testis Bilateral Vasectomy Hydrocele Repair Excision of epididymal lesion Orchidectomy Orchidopexy
  • Incontinence / retention of Urine(ဆီးကျန်ခြင်း၊ဆီးမထိန်း နိုင်ခြင်း ဆိုင်ရာကုထုံးများ) Urethrotomy
  • Reconstructive Urology Urethroplasty for urethral strictures Pelvic-Ureteric Junction Obstruction (PUJO)
  • Penile Surgery (အမျိုးသားမျိုးပွားအင်္ဂါဆိုင်ရာကုထုံးများ) Penoplasty
  • General Procedures (အခြား ဆီးလမ်းကြောင်းနှင့် သက်ဆိုင်သော ကုထုံးများ) Surgery for Torsion of testis Cystoscopy and its related JJ Stent removal, Internal urethrostomy, Dilation PCNT (Percutaneous Nephrostomy Tube Insertion)

တည်နေရာ နှင့် ဆက်သွယ်ရန်

ဂရန်း(ဒ်)ဟံသာဆေးရုံ၊
၀၁- ၂၃၁ ၇၆၀၀၊ ၀၁- ၇၅၂၃ ၀၀၀