Overview & Services

<p>မှန်ပြောင်းကြည့်ရှုကုသရေးဌာနသည် အထူးအားဖြင့် အစာအိမ်၊ အူလမ်းကြောင်း၊ သည်းခြေအိတ်၊ အသည်းနှင့် အဆုတ်ပြွန်ရောဂါဆိုင်ရာတို့ကို ကုသပေးလျှက်ရှိပါသည်။ လူတစ်ဦးချင်းစီအလိုက် ဂရုတစိုက်ကုသမှုများနှင့် ပြန်လည်ကောင်းမွန်စေရေး အရှိန်မြှင့်တင်ကုသမှုများသည် နောက်ဆုံးပေါ်ခေတ်မီစက်ကိရိယာများနှင့် ပေါင်းစပ်လိုက်သည့်အခါ အစာအိမ်နှင့် အူလမ်းကြောင်း၊ သည်းခြေ၊ အသည်းနှင့် အဆုတ်ပြွန်လမ်းကြောင်းရောဂါ ဝေဒနာတို့အတွက် ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့တွင် ပိုမိုထိရောက်မှုရှိလာပြီး အခြားလိုအပ်သည်တို့နှင့် ပေါင်းစပ်ကုသမှုပေးနိုင်မည် ဖြစ်ပါသည်။</p>

မှန်ပြောင်းကြည့်ရှုကုသရေးဌာနသည် အထူးအားဖြင့် အစာအိမ်၊ အူလမ်းကြောင်း၊ သည်းခြေအိတ်၊ အသည်းနှင့် အဆုတ်ပြွန်ရောဂါဆိုင်ရာတို့ကို ကုသပေးလျှက်ရှိပါသည်။ လူတစ်ဦးချင်းစီအလိုက် ဂရုတစိုက်ကုသမှုများနှင့် ပြန်လည်ကောင်းမွန်စေရေး အရှိန်မြှင့်တင်ကုသမှုများသည် နောက်ဆုံးပေါ်ခေတ်မီစက်ကိရိယာများနှင့် ပေါင်းစပ်လိုက်သည့်အခါ အစာအိမ်နှင့် အူလမ်းကြောင်း၊ သည်းခြေ၊ အသည်းနှင့် အဆုတ်ပြွန်လမ်းကြောင်းရောဂါ ဝေဒနာတို့အတွက် ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့တွင် ပိုမိုထိရောက်မှုရှိလာပြီး အခြားလိုအပ်သည်တို့နှင့် ပေါင်းစပ်ကုသမှုပေးနိုင်မည် ဖြစ်ပါသည်။

<p>ဂရန်းဒ်ဟံသာဆေးရုံမှ အလုံးစုံကုသမှုဖြစ်သော ပြင်ပလူနာ တိုင်ပင်ဆွေးနွေးခြင်းမှသည် ကုသရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ခြင်း ၊ အတွင်းလူနာအဖြစ် ဆေးရုံတက်ရောက်ခြင်းအထိ ပြည့်စုံစွာ ကုသမှုပေးနိုင်ပါသည်။ (ထိုသို့လုပ်ဆောင်ရန် စက်ကိရိယာစုံလင်စွာ တပ်ဆင်ထားသော သည်းခြေနှင့် ပန်ကိရိယ ကျောက်ထုတ်ခန်း (၁) ခန်း အပါအဝင် မှန်ပြောင်းကြည့်ခန်း (၃) ခန်း၊ နှင့် နောက်ဆုံးပေါ် ခွဲစိတ်ခန်း (၁၇) ခန်း ရှိခြင်း။) ထို့အပြင် ၎င်းနှင့်ဆက်စပ်လျှက်ရှိသော ဧည့်ကြိုဌာန နှင့် ဧည့်ခန်းမ၊ ကုသရေးပြင်ဆင်မှုအခန်းများနှင့် ကုသမှုအပြီးနားနေခန်းများ၊ နေ့ပိုင်းစောင့်ရှောက်မှုအခန်းများ စသည်တို့တွင် အတွေ့အကြုံရှိ ဝန်ထမ်းများက အကောင်းဆုံး ဝန်ဆောင်မှုများ ပေးလျှက်ရှိပါသည်။</p>
<p>You can reach out directly to our Endoscopy Suite via 09766406061, 012317617, 01523000 ( Extension : 1020 )</p>

ဂရန်းဒ်ဟံသာဆေးရုံမှ အလုံးစုံကုသမှုဖြစ်သော ပြင်ပလူနာ တိုင်ပင်ဆွေးနွေးခြင်းမှသည် ကုသရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ခြင်း ၊ အတွင်းလူနာအဖြစ် ဆေးရုံတက်ရောက်ခြင်းအထိ ပြည့်စုံစွာ ကုသမှုပေးနိုင်ပါသည်။ (ထိုသို့လုပ်ဆောင်ရန် စက်ကိရိယာစုံလင်စွာ တပ်ဆင်ထားသော သည်းခြေနှင့် ပန်ကိရိယ ကျောက်ထုတ်ခန်း (၁) ခန်း အပါအဝင် မှန်ပြောင်းကြည့်ခန်း (၃) ခန်း၊ နှင့် နောက်ဆုံးပေါ် ခွဲစိတ်ခန်း (၁၇) ခန်း ရှိခြင်း။) ထို့အပြင် ၎င်းနှင့်ဆက်စပ်လျှက်ရှိသော ဧည့်ကြိုဌာန နှင့် ဧည့်ခန်းမ၊ ကုသရေးပြင်ဆင်မှုအခန်းများနှင့် ကုသမှုအပြီးနားနေခန်းများ၊ နေ့ပိုင်းစောင့်ရှောက်မှုအခန်းများ စသည်တို့တွင် အတွေ့အကြုံရှိ ဝန်ထမ်းများက အကောင်းဆုံး ဝန်ဆောင်မှုများ ပေးလျှက်ရှိပါသည်။

You can reach out directly to our Endoscopy Suite via 09766406061, 012317617, 01523000 ( Extension : 1020 )

မြန်မာနိုင်ငံတွင် ပထမဦး​ဆုံး​ နှင့် ခေတ်အမီဆုံးဖြစ်တဲ့ 𝐀𝐈 နည်းပညာဖြင့် အူလမ်း​ကြောင်း မှန်​ပြောင်းကြည့်ရှုကုသခြင်းကို ဂရန်း(ဒ်)ဟံသာ အင်တာ​နေရှင်နယ် ဆေးရုံကြီးတွင် လာရောက် ကုသနိုင်ပြီ။

𝐉𝐚𝐩𝐚𝐧 နိုင်ငံထုတ် နောက်ဆုံး​ပေါ် 𝐎𝐥𝐲𝐦𝐩𝐮𝐬 စက်အသစ်ကြီးဖြစ်​သော 𝐎𝐥𝐲𝐦𝐩𝐮𝐬 𝐂𝐕𝟏𝟓𝟎𝟎 𝐏𝐫𝐨𝐜𝐞𝐬𝐬𝐨𝐫 စက်ကိုမှ 𝐎𝐥𝐲𝐦𝐩𝐮𝐬 𝐀𝐈 𝐒𝐲𝐬𝐭𝐞𝐦, 𝐎𝐈𝐏-𝟏 𝐄𝐍𝐃𝐎-𝐀𝐈𝐃 အဆင့်မြင့် နည်းပညာနှင့် တွဲဖက် အသုံးပြုကုသခြင်းဖြင့် ​အူလမ်း​ကြောင်းဆိုင်ရာ ​ရောဂါများကို မလွတ်တမ်း ရှာ​ဖွေကုသနိုင်တော့မှာ ဖြစ်ပါတယ်။

𝐎𝐥𝐲𝐦𝐩𝐮𝐬 𝐂𝐕𝟏𝟓𝟎𝟎 𝐏𝐫𝐨𝐜𝐞𝐬𝐬𝐨𝐫 စက်သစ်ကြီး၏ အားသာချက်တွေကတော့ –

𝟭. 𝗜𝗺𝗽𝗿𝗼𝘃𝗲𝗱 𝗡𝗕𝗜 (𝗡𝗮𝗿𝗿𝗼𝘄 𝗕𝗮𝗻𝗱 𝗜𝗺𝗮𝗴𝗶𝗻𝗴) နည်းပညာ အသုံးထား​သောကြောင့် ​​ကင်ဆာဖြစ်နိုင်​ခြေရှိ​သော Mucosa Tissue များအား ပိုမို​တွေ့ရှိနိုင်၍ ကြိုတင် အသားစယူ စစ်​ဆေးနိုင်ခြင်း။

𝟮. 𝗧𝗫𝗜 (𝗧𝗲𝘅𝘁𝘂𝗿𝗲 𝗮𝗻𝗱 𝗖𝗼𝗹𝗼𝗿 𝗘𝗻𝗵𝗮𝗻𝗰𝗲𝗺𝗲𝗻𝘁 𝗜𝗺𝗮𝗴𝗶𝗻𝗴) 𝗺𝗼𝗱𝗲 ပါ၀င်​သော​ကြောင့် Mucosa ကို ကြည်လင် ပြတ်သားစွာ​ တွေ့မြင်နိုင်ခြင်း။

𝟯. 𝗥𝗗𝗜 (𝗥𝗲𝗱 𝗗𝗶𝗰𝗵𝗿𝗼𝗺𝗮𝘁𝗶𝗰 𝗜𝗺𝗮𝗴𝗶𝗻𝗴) နည်းပညာ အသုံးပြုထား​သော​ကြောင့် သွေးစိမ့်ထွက်​နေ​သော ​နေရာများကို ထင်ရှားစွာ တွေ့မြင်နိုင်​ပြီး Bleeding Control လျင်မြန်စွာ ပြုလုပ်ပေးနိုင်ခြင်း။

𝟰. 𝗕𝗔𝗜-𝗠𝗔𝗖 (𝗕𝗿𝗶𝗴𝗵𝘁𝗻𝗲𝘀𝘀 𝗔𝗱𝗷𝘂𝘀𝘁𝗺𝗲𝗻𝘁 𝗜𝗺𝗮𝗴𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗠𝗮𝗶𝗻𝘁𝗲𝗻𝗮𝗻𝗰𝗲 𝗼𝗳 𝗖𝗼𝗻𝘁𝗿𝗮𝘀𝘁) နည်းပညာ အသုံးပြုထား​သော​ကြောင့် မှန်​ပြောင်းကြည့်ရာတွင် ​အလင်း​ရောင် အားနည်း​သော ​နေရာများကိုပါ ပိုမို ထင်းလင်း​စွာ မြင်နိုင်ခြင်း။

𝟱. 𝗟𝗘𝗗 𝗦𝗽𝗲𝗰𝘁𝗿𝘂𝗺 𝗟𝗶𝗴𝗵𝘁 အား အသုံးပြုထား​သော​ကြောင့် အလင်းအား ပိုမို​ကောင်းမွန်ခြင်း၊ အနီးကပ် ပုံရိပ်အား ချဲ့၍ ကြည့်နိုင်ခြင်း၊ အတွင်းပိုင်းအထိ ပိုမို တွေ့မြင်နိုင်ခြင်း စတဲ့ ​အားသာချက်များ နှင့် အကျိုး​ကျေးဇူးများစွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

𝐎𝐥𝐲𝐦𝐩𝐮𝐬 𝐎𝐈𝐏-𝟏 𝐄𝐍𝐃𝐎-𝐀𝐈𝐃 𝐀𝐈 𝐒𝐲𝐬𝐭𝐞𝐦 နည်းပညာရဲ့ ထူးခြားတဲ့ အချက်တွေကတော့ –

  • သင့်အူလမ်း​ကြောင်းတ​လျောက် ​ရောဂါများကို 𝐀𝐈 အကူအညီဖြင့် ​စောလျင်စွာ ရှာ​ဖွေ​​ပေးနိုင်ခြင်း
  • သေးငယ်​သော ​ရောဂါများ (အလုံးအကြိတ်၊ အနာအဆာများ)ကို မလွတ်​တမ်း ရှာ​ဖွေ​ပေးခြင်း
  • အူကြားထဲရှိ​ သေးငယ်​သော ​ရောဂါများ နှင့် အလုံးအကြိတ်လေးများက အစ ရှာ​ဖွေ​ပေးနိုင်ခြင်း တို့​ကြောင့် ​
  • သင့် အူလမ်းကြောင်း ရောဂါဝေဒနာတွေကို တိကျစွာ ရောဂါရှာဖွေပေးနိုင်တဲ့ မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော နောက်ဆုံးပေါ် အဆင့်မြင့် အူလမ်းကြောင်းမှန်ပြောင်း ကြည့်ကုသနည်းပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် နောက်ဆုံး​ပေါ် 𝐀𝐈 နည်းပညာဖြင့် အူမကြီးလမ်း​ကြောင်း မှန်​ပြောင်းကြည့်ဖို့ အခုပဲ 𝐆𝐫𝐚𝐧𝐝 𝐇𝐚𝐧𝐭𝐡𝐚 ​𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 ဆေးရုံကြီးမှာ ​ဆက်သွယ် ဘိုကင်တင်လိုက်ပါ။

[ Note : AI ဖြင့် အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းသည် အစာအိမ်နှင့်အူလမ်းကြောင်းအပေါ်ပိုင်းများ ကြည့်၍မရသေးပါ။ အူလမ်းကြောင်းအောက်ပိုင်း (Colonoscopy) သာ ကြည့်၍ ရပါသေးသည်။ AI ဖြင့် ကြည့်ခြင်းနှင့် ရိုးရိုးကြည့်ခြင်းက စျေးနှုန်းကွာခြားမှုလည်း ရှိတာကြောင့် ကြည့်မယ်ဆို Booking ယူကတည်းက မိမိပြသသည့် သက်ဆိုင်ရာဆရာဝန်ကြီး အား AI ဖြင့် ကြည့်ချင်ကြောင်း အသိပေးရပါမည်ရှင့် ]

အစာအိမ်နှင့် အူလမ်းကြောင်း (အပေါ်ပိုင်း) မှန်ပြောင်းကြည့်ခြင်း (အစာချေလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း)

အစာချေလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းသည် အစာချေလမ်ကြောင်းတလျှောက် ရောဂါများဖြစ်သည့် အစာချေရည်ပြန်တက်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ ရောင်ရမ်းခြင်း၊ သွေးကြောရောင်ခြင်း၊ ကင်ဆာရောဂါများ နှင့် အခြားသောရောဂါများကို ရှာဖွေခြင်း၊ ကုသခြင်းများဆောင်ရွက်နိုင်သည်။

အဆုတ်မှန်ပြောင်းကြည့်ရှုခြင်း

အဆုတ်မှန်ပြောင်းကြည့်ရှုခြင်းသည် ပါးစပ်(သို့) နှာခေါင်းမှတဆင့် အဆုတ်လေပြွန်များအတွင်းသို့ ရောဂါ ရှာဖွေရန်နှင့် ကုသရန်အတွက် မှန်ပြောင်းကြည့်ရှုခြင်းဖြစ်သည်။ ထိုသို့ကြည့်ရှုခြင်းအားဖြင့် အဆုတ်လေပြွန်များရှိ မူမမှန်မှုများ၊ ပြင်ပမှ အရာဝတ္တုများ၊ သွေးယိုစိမ့်မှုများ၊ ကင်ဆာရောဂါနှင့် လေပြွှန်ရောင်ရမ်းမှုများကို ရှာဖွေနိုင်ပါသည်။ ထို့အပြင် အဆုတ်အတွင်းရှိ အသားစယူ၍ ရောဂါရှာဖွေခြင်းကိုလည်း ဆောင်ရွက်နိုင်ပါသည်။

အူမကြီးလမ်းကြောင်း (အောက်ပိုင်း) မှန်ပြောင်းကြည့်ခြင်း

ဤကုသမှုသည် မှန်ပြောင်းအသုံးပြု၍ အူမကြီးလမ်းကြောင်းတစ်လျှောက် တိုက်ရိုက်ကြည့်ရှုကုသခြင်း ဖြစ်သည်။ ထိုသို့ကုသမှုဖြင့် ပုံမှန်မဟုတ်သော အသားပိုများ ဖယ်ရှားခြင်းဖြင့် ၎င်းတို့မှတဆင့်ဖြစ်ပွားလေ့ရှိသော ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါသည်။ အူမကြီးလမ်းကြောင်းမှ သံသယဖြစ်ဖွယ် အသားစများကို ရယူစစ်ဆေးခြင်းဖြင့် ရောဂါရှာဖွေနိုင်ခြင်းနှင့် ရောဂါအခြေအနေ စောစီးစွာ သိရှိခြင်းစသည့် ကောင်းကျိုးများကို ရရှိစေပါသည်။

ကုသရေးလုပ်ဆောင်ချက်များ

မှန်ပြောင်းကြည့်ရှုရောဂါရှာဖွေခြင်းသည် ကုသရေးလုပ်ဆောင်ချက်များဖြင့် ပူးတွဲဆောင်ရွက်နိုင်သဖြင့် ဓါတ်ခွဲအသားစရယူခြင်း၊ အသားပို/အနာများဖယ်ရှားခြင်း၊ ကျဉ်းသောပြွန်နေရာအား ချဲ့ခြင်း၊ ကွင်းဖြင့် စည်းနှောင်ခြင်း၊ Argon ဓာတ်ငွေ့ဖြင့် သွေးတိတ်အောင်ပြုလုပ်ခြင်း၊ သွေးယိုစိမ့်မှုများအား သွေးတိတ်စေရန် ကုသခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းရှိ ပြင်ပမှအရာများ ဖယ်ထုတ်ခြင်းနှင့် အခြားသောကုသမှုများ လည်း လုပ်ဆောင်နိုင်ပါသည်။

သည်းခြေလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း

သည်းခြေလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်းသည် သည်းခြေအိတ်ပြွန်နှင့် မုန့်ချိုအိတ်ပြွန်တို့၏ မူမမှန်မှုများကို ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသခြင်းတို့အတွက် အကောင်းဆုံးသော နည်းလမ်းဖြစ်ပါသည်။ ထိုနေရာများမှ ကျောက်များကို ဖယ်ထုတ်ခြင်းအတွက် စိတ်ချယုံကြည်စွာ ရွေးချယ်နိုင်သော ကုသမှုနည်းလမ်း ဖြစ်ပါသည်။ သည်းခြေအိတ်ပြွန်ကင်ဆာ ဝေဒနာအတွက်လည်း ပြွန်ထည့်ပေးခြင်းဖြင့် အသုံးပြု ကုသပေးနိုင်ပါသည်။

ဖွင့်ချိန်

နေ့စဉ် မနက် (၇) နာရီ မှ ည (၇) နာရီ

တည်နေရာ နှင့် ဆက်သွယ်ရန်

မှန်ပြောင်းကြည့်ရှုကုသဌာန ဂရန်း(ဒ်) ဟံသာဆေးရုံ၊ (၁)လွှာ
၀၁ ၂၃၁ ၇၆၀၀ ၊ ၀၁၇၅၂၃၀၀၀ ၊ ၀၉ ၉၄၆၄ ၂၃၀၀၀

ဆရာဝန်များ

Gastroenterology (Stomach & Intestines)
Thoracic Surgery