ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ် ဆေးရုံကြီးတွင် မွေးဖွားခဲ့ကြသော သားသားမီးမီးလေးများအတွက် ပထမဆုံးအကြိမ် ပျော်ပွဲရွှင်ပွဲနှင့်ပြန်လည်တွေ့ဆုံပွဲကို 9-2-2020နေ့တွင် out door car parking area ၌ အခမဲ့ကျင်းပပြုလုပ်ပေးခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ကလေးအထူးဆရာဝန်ကြီးနှင့်အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီးများ၏ ကျန်းမာရေးဟောပြောမှုများ၊ တေးသံရှင်များဖြစ်ကြသော အေးမြဖြူ ၊ ချမ်းမြေ့မောင်ချို ၊မူးလာ တို့၏တေးသီချင်းဖျော်ဖြေမှုများ၊ အထူးဧည့်သည်ကလေးသရုပ်ဆောင်ကိကိလေး၏ဖျော်ဖြေမှု၊ နိုင်ငံကျော် MC ကိုမောင်မောင်အေးနှင့်Dreamboardအဖွဲ့မှတင်ဆက်သည့်ပျော်ရွှင်ဖွယ်ရာဂိမ်းအစီအစဉ်များ ကစားကွင်းနှင့်ကစားစရာ အစီအစဉ်များအပြင် တတ်ရောက်လာသည့် ဧည့်သည်တော်များအတွက် တန်ဖိုးကြီးကံစမ်းမဲအစီအစဉ်များ ၊အမှတ်တရမွေးနေ့ကိတ်ခွဲအစီအစဉ်၊စားသောက်ဆိုင်များ ကလေးအသုံးအဆောင်ပြခန်းများ ဆေးဝါးနှင့်ပညာရေးပြခန်းများ ပါဝင်ခဲ့ပါသည်။ ပွဲအခမ်းအနားတွင် Ava Court HealthcareမှDiamond Sponserအဖြစ်ပူပေါင်းပါဝင်ပေးခဲ့ပါသည်။ Grand Hantha Family Day ပွဲအခမ်းအနား အမှတ်တရဓာတ်ပုံများကို ဖော်ပြပေးလိုက်ပါသည်။















Specialties
24 hour services
Centers & Clinics