ဂရန်း(ဒ်)ဟံသာ နှင့် ဗီယက်နမ်နိုင်ငံမှ ဆရာကြီး Dr. Do Nguyen Tinနှင့် လက်တွဲပြီး မွေးရာပါ နှလုံးအပေါက်ပါ လူနာများကို အကြီးစားနှလုံးခွဲစိတ်မှု လုပ်စရာမလိုပဲ Device လေးနဲ့ နှလုံးအပေါက်ပိတ်ခြင်း ကုသမှုကို အောင်မြင်စွာ ကုသပေးခဲ့တာ အခုဆို လူနာပေါင်း 146ယောက်ထိ ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။
- ဆရာကြီးရဲ့ ပညာဖြင့် အောင်မြင်စွာ ကုသနိုင်မှု
- မြန်မာပြည်မှ ကလေးနှလုံးအထူးကုသမားတော်ကြီး Prof Khin Maung Oo တို့ရဲ့ လက်တွဲညီစွာ ကူညီ ဆောင်ရွက်ပေးမှု
- ခုလို ကုသမှုများကို Cath lab မှာ အဆင်ပြေပြေ ဆောင်ရွက်နိုင်ဖို့ အစစအရာရာ ပြင်ဆင်ဆောင်ရွက်ပေးတဲ့ ဂရန်း(ဒ်)ဟံသာ Cath Lab Team
- ဆရာကြီးရဲ့ OPD လူနာများကို OPD လာပြချိန်မှ စ၍ ခွဲဖို့ ပြင်ဆင်ချိန်၊ ဆေးရုံတက်ချိန်ထိ ကူညီဆောင်ရွက်ပေးကြတဲ့ Hawaii Clinic Operation Team
- လူနာများ ဆေးရုံတက်စဥ် တစ်လျှောက် စောင့်ရှောက်ပေးတဲ့ IPDတို့ အားလုံးရဲ့ ပင်ပင်ပန်းပန်း ကြိုးပမ်းခဲ့သမျှ အရာထင်သော မှတ်တိုင်လေး တစ်ခုဖြစ်တာမို့ မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါရစေ။
ဆရာကြီးရဲ့ ပညာကို ယုံကြည်လို့ အနယ်နယ် အရပ်ရပ်မှ ဂရန်း(ဒ်)ဟံသာထိ ယုံကြည်စွာ လာရောက်ပြသ၊ ကုသမှုခံယူကြတဲ့ လူကြီးမင်းများအားလုံးကိုလည်း ဂရန်း(ဒ်)ဟံသာ ဆေးရုံ မိသားစုမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Specialties
24 hour services
Centers & Clinics