April 10, 2019

အစာအိမ် အချဉ်ပြန်ခြင်း (Gastroesophageal Reflux Disease)

သင်သည် မကြာခဏ ရင်ပူ၍ လေချဉ်တက်ခြင်း၊ ခံတွင်းချဉ်ခြင်းနှင့် ရင်ဝတွင် မီးစနှင့် ထိုးသကဲ့သို့ ပူနေခြင်းများခံစားနေရပါသလား ? ထို့အပြင် တံတွေးအထွက်များ၍ စားပြီးသောအစာများ အပေါ်သို့ ပြန်တက်လာခြင်း ဖြစ်တက်ပါသလား?

အဆိုပါ လက္ခဏာများသည် အစာအိမ်အချဉ်ပြန်သည်ဟုခေါ်ကြသည့် Gastroesophageal Reflux Disease (GERD) ၏ အဓိကလက္ခဏာများ ဖြစ်ပါသည်။

အစာအိမ်ရောဂါများထဲမှ တစ်ခုဖြစ်သော အစာအိမ်အချဉ်ပြန်ခြင်းအကြောင်းနှင့် ပတ်သတ်၍ အစာအိမ်နှင့်အူလမ်းကြောင်း အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာသိန်းမြင့် ရေးသားထားသည်ကို တင်ဆက်ပေးလိုက်ပါသည်။

ရောဂါဖြစ်ရခြင်း အကြောင်းအရင်း

အစာအိမ် ရေမျို အောက်ပိုင်း ကြွက်သားအားနည်း၍ အစာအိမ်အတွင်းမှ အက်စစ်အချဉ်များ အပေါ်သို့ လျှံတတ်လာသောကြောင့် ဖြစ်ပါသည်။

အဓိက ရောဂါလက္ခဏာများ
  • ရင်ပူခြင်း၊ လေချဉ်တတ်ခြင်း
  • ခံတွင်းချဉ်ခြင်း၊ အစာစားပြီး ရင်ဝတွင် မီးစနှင့် ထိုးသလိုပူခြင်း
  • အစာများမကြာခဏ အပေါ်ပြန်တတ်ခြင်း
  • တံတွေးအထွက်များခြင်း
အခြားလက္ခဏာများ
  • ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်း၊ မောခြင်း၊ ရင်ဘက်အောင့်ခြင်း
  • လည်ချောင်းနာခြင်း၊ လည်ချောင်းယာခြင်း၊ အသံဝင်ခြင်း
  • မကြာခဏ လည်ချောင်းဝတွင် တစ်ဆို့ဆို့ဖြစ်ခြင်း
  • နားယားခြင်း၊ နားကိုက်ခြင်း၊ နားလေထွက်ခြင်း
  • သွားပိုးစားခြင်း၊ ခံတွင်းအနံ့ မကောင်းခြင်း
  • ထိပ်ကပ်နာဖြစ်ခြင်း၊ အအေးမိခြင်း
ရောဂါ ပိုဆိုးစေသောအကြောင်းများ
  • အဝလွန်ခြင်း၊ ကိုယ်ဝန်ရှိခြင်း။
  • အဝတ်အစား တင်းကြပ်စွာ ဝတ်ခြင်း၊ အစားများလွန်းခြင်း။
  • အစာကို တစ်ကြိမ်တည်းနှင့် များစွာ စားသုံးခြင်း။
  • ကြာရှည်စွာ စောင့်ကြောင့်ထိုင်ခြင်း။
  • မကြာခဏ ခါးကုန်း၍ နေခြင်း၊ ပစ္စည်းအလေးများ မခြင်း။
  • ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း။
  • ကွမ်စာ:ခြင်း၊ ဆေးငုံခြင်း။
  • မတည့်သောဆေးနှင့် အစာများစားမိခြင်းနှင့် အခြားအကြောင်းများ ကြောင့်ဖြစ်နိုင်ပါသည်။
ရောဂါပိုဆိုးစေသော ဆေးများ
  • ဗိုက်နာပျောက်ဆေးများ -Antispamotic (Atropine, Hyoscine)
  • ရင်ကြပ်ပျောက်ဆေး (Aminophylline)
  • ပိုးသတ်ဆေး (Doxycycline, Tetracycline)
  • အကိုက်အခဲပျောက်ဆေး (Asprin, Ibuprofen)
  • သံဓာတ်အားဆေး (Ferrous sulphate)
  • ဗီတာမင်-စီ
  • အချို့သော စိတ်ကျရောဂါပျောက်ဆေး (ဥပမာ-SSRI)
  • အချို့သော သွေးတိုးကျဆေး (ဥပမာ-Calcium Channel Blocker)
ရောဂါနှင့် မတည့်သောအစာများ
  • ပူလွန်း၊ စပ်လွန်း၊ ချဉ်လွန်းသော အစာများ
  • ငရုပ်ကောင်း၊ခရမ်းချဉ်သီး၊ ပဲအမျိုးမျိုး၊ နာနတ်သီး
  • အဆီများသော အစားအစာများ၊ ဆီပြန်ဟင်းများ
  • ဆီဖြင့်ကြော်ထားသော အစားအစာများ
  • ကွမ်း၊ ဆေးလိပ်၊ အရက်
  • မဆလာ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီများသော အစားအစာများ
  • ချောကလက်နှင့် ဂက်(စ်)ပါသော အရည်များ ဥပမာ - ကိုကာကိုလာ၊ စပါကလင်
  • လက်ဖက်ရည်၊ ကော်ဖီ၊ လက်ဖက်
  • ဖာလာ၊ လေးညှင်း၊ သစ်ကြပိုး၊ ပရုတ်
  • လိမ္မော်ရည်၊ ခရမ်းချဉ်သီးဖြင့် ပြုလုပ်ထားသော အစာများ
ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ
  • အစာရေမျိုကျဉ်း၍ အစာမမျိုနိုင်ခြင်း
  • သွေးအန်ခြင်း၊ ဝမ်းအမည်းသွားခြင်း
  • သွေးအားနည်းခြင်း
  • အစာရေမျိုရောင်ခြင်း
  • အစာရေမျို ကင်ဆာဖြစ်ခြင်းနှင့် အခြားဆိုးကျိုးများဖြစ်နိုင်ပါသည်။
ရောဂါရှာဖွေနိုင်သော နည်းလမ်းများ
  • ရောဂါလက္ခဏာနှင့်ဆိုင်သော မေးခွန်းများခြင်း
  • အစာအိမ်ဆေးပေး၍ စမ်းသပ်ခြင်း
  • အစာအိမ် မှန်ပြောင်းကြည့်ခြင်း
  • အစာအိမ် အက်စစ်ဓာတ် တိုင်းတာခြင်း
  • အစာအိမ်ကြွက်သားညှစ်နိုင်မှု တိုင်းတာခြင်း
  • အစာရေမျိုပြွန် လှုပ်ရှားမှုပြင်းအားကို တိုင်းတာခြင်း
  • အစာရေမျိုပြွန် ဆေးဓာတ်မှန်ရိုက်ခြင်း
ရောဂါဖြစ်လျှင် မည်သို့နေထိုင်ရမည်နည်း?
  • ကိုယ်အလေးချိန် ချပါ
  • အဝတ်အစားတင်းတင်းကြပ်ကြပ်ဝတ်ခြင်းမှ ရှောင်ကျဉ်ပါ
  • ပစ္စည်းအလေးများ မ မရပါ
  • မကြာခဏ ခါးမကုန်းရပါ
  • အစာစားပြီးလျှင်ပြီးခြင်း အိပ်ယာဝင်ခြင်း၊လဲလျောင်းနေခြင်းရှောင်ပါ
  • အစာကို တစ်ကြိမ်တည်းနဲ့ အများကြီးမစားပါနဲ့
  • ည အိပ်ရာမဝင်မီ (၂) နာရီအတွင်း အစာ မစားသင့်ပါ
  • အိပ်ရာ ခေါင်းအုံးကို (၆) လက်မခန့်မြှင့်၍့ အိပ်ပါ
  • မတည့်သောအစာနင့် ဆေးများကိုရှောင်ပါ
  • ဆေးလိပ်၊ အရက်၊ ကွမ်း ဖြတ်ပါ
  • ဆရာဝန်ညွှန်ကြားထားသော ဆေးများကို သတ်မှတ်ထားသည့် ရက်ပိုင်း၊ လပိုင်း၊ နှစ်ပိုင်းအထိ စွဲသောက်ပါ။
ကုသနိုင်သောနည်းလမ်းများ
ဆေးဝါးဖြင့်ကုသခြင်း
  • အနည်းဆုံး ၂ လ ဆေးသောက်ရပါမည်။
  • ဆေးရပ်လိုက်လျှင် ရောဂါပြန်ဖြစ်တတ်ပါသဖြင့် လိုအပ်ပါက ဆရာဝန်ညွှန်ကြားလျှင် အမြဲတမ်း ဆေးစွဲသောက်ရပါမည်။
  • အစာအိမ် အက်ဆစ်ဓာတ် လျော့နည်းစေသော ဆေးဝါးများ (PPI; eg. Omeprazole,Rabeprazole, Lanzoprazole, Pantoprazole, Esomeprazole)
  • အစာအိမ် လှုပ်ရှားမှုအားကောင်းစေသော ဆေးဝါးများ (Prokinetic ; eg. Mosapride, Metoclopramide)
  • အစာအိမ် အက်ဆစ် ခြေဖျက်ဆေးများ (Antacid ; ed. Aluminium Hydroxides)
ဆေးဝါးဖြင့်ကုသခြင်း၏ အကျိုးအာနိသင်များ
  • အစားအသောက်၊ အနေအထိုင် ဆင်ခြင်ခြင်းနှင့် အစာအိမ် အက်ဆစ်ဓာတ် ချေဖျက်ဆေးများ သောက်သုံးခြင်းဖြင့် (၂၀%) သက်သာနိုင်သည်။
  • H2 Receptor ကို ပိတ်သောဆေးများ သောက်သုံးခြင်းဖြင့် (၅၀%) သက်သာနိုင်သည်။
  • PPI ဆေးများ (တစ်နေ့ ၁ ကြိမ်) သောက်သုံးခြင်းဖြင့် (၈၀%) သက်သာနိုင်သည်။
  • PPI ဆေးများ (တစ်နေ့ ၂ ကြိမ်) သောက်သုံးခြင်းဖြင့် (၁၀၀%) အထိ သက်သာနိုင်သည်။
ခွဲစိတ်ကုသခြင်း
  • ဆေးဝါးကုသမှုဖြင့် မသက်သာသောသူများ
  • လူနာမှကြာရှည် ဆေးမသောက်လိုခြင်း
  • အစာရေမျိုကျဉ်းခြင်း၊ ကင်ဆာသံသယရှိခြင်း (Barrett’s Esophagus)
  • အစာအိမ်ကျွံသော လူနာများ (Hiatal Hernia)
  • ၂၄ နာရီ အက်ဆစ်ဓာတ်တိုင်းရာတွင် အက်ဆစ်များလွန်းသော လူနာများ (pH<4) သည် ခွဲစိတ်ကုသခြင်းကို ဆောင်ရွက်နိုင်ပါသည်။
မှန်ပြောင်းဖြင့်ကုသခြင်း အမျိုးအစားများ
  • အစာရေမျိုပြွန်အောက်ပိုင်း ကြွက်သားပြင်းအားကောင်းအောင် ပြုလုပ်ပေးခြင်း (Stretta Procedure)
  • အစာအိမ်နှင့် အစာရေမျိုပြွန်ဆက်နေသောနေရာကို ချုပ်ခြင်း (Endoscopic Plication)
  • မပျော်ဝင်နိုင်သော Polymer ကို အစာရေမျိုပြွန်အောက်ပိုင်း သို့ ထိုးသွင်းခြင်း (enteryx Injection) တို့ဖြစ်ပါသည်။

ပါမောက္ခ ဒေါက်တာသိန်းမြင့်
ပါမောက္ခ/ ဌာနမှုး
အစာအိမ် အူလမ်းကြောင်းအထူးကု သမားတော်ကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး
ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်။
ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ်ဆေးရုံကြီး
Grand Hantha International Hospital
အမှတ် (၃)၊ နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☎️ 01 231 7617 ၊ 01 523 000 ၊ 01 523 111
"Green. Grand. Care For The People"