အသက်အရွယ်က ရလာတော့ အရိုးတွေဟာ သန်မာမှု အားနည်းလာတယ်၊ အရိုးသိပ်သည်းဆ ကျစ်လစ်မှု မကောင်းတော့ဘူး၊ကြွပ်ဆတ်လာတယ်၊ ထစ်ခနဲရှိ ကျိုးလွယ်လာတယ်။ ဒါကို အရိုးပွရောဂါလို့ ခေါ်ကြတာပေါ့။
ဟုတ်ပါတယ်။ အရိုးပွရောဂါဆိုတာ တခြားရောဂါတွေလို ဝေဒနာ များများစားစား ကြိုတင်လက္ခဏာ
ပြတာမျိုး သိပ်မရှိတာကြောင့် မိမိမှာ အရိုးပွရောဂါ ရှိနေမှန်းတောင် သတိမထားမိကြပါဘူး။
အရိုးတွေ ကြွပ်ဆတ်ပြီး ကျိုးလွယ်နေလို့ စမ်းသပ် စစ်ဆေးမှု၊ ကုသမှုတွေ လုပ်ရတဲ့ အခါမှသာ ကိုယ့်အရိုးပွရောဂါ အဆင့်ဘယ်လောက်ထဲ ဝင်နေပြီလဲဆိုတာ သိသွားကြတာပေါ့။
အရိုးပွရောဂါ ရှိနိုင်လား သိရဖို့က သင့်ရဲ့ ရောဂါ ရာဇဝင် တို့၊ အရိုးသိပ်သည်းဆတိုင်းတာပေးတဲ့
Bone DEXA Scan တို့နဲ့ စစ်ဆေးကြည့်ရင် သိနိုင်တယ်။
စစ်ကြည့်လိုက်တာနဲ့ အရိုးက ပါးနေတဲ့ အဆင့်လား၊ အရိုးပွနေပြီလား၊ ဘယ်အရိုးမှာ ဖြစ်တာလဲ၊ အရိုးပွနေတဲ့ထဲမှာမှ အခြေအနေ ကောင်းသေးလား၊ အလယ် အလတ်လား၊ အဆိုးဆုံး အခြေအနေလားဆိုတာ ကွဲကွဲပြားပြား သိရတာပေါ့။
အဆိုးဆုံး အခြေအနေဆို အရိုးပွရောဂါကြောင့် အရိုးကျိုးပြီးကာမှ မကြာသေးဘူး၊ နောက်တစ်နေရာက နောက်တစ်ခါ ထပ်ကျိုးတာတွေ ဖြစ်တတ်တယ်လေ။
အခုလို စစ်ဆေးကြည့်လိုက်ပြီးတော့ ကိုယ်က -
- အာဟာရ နှင့် လူနေမှုပုံစံတွေ ပြုပြင်ပြောင်းလဲမလား
- ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းနဲ့ ထိန်းသိမ်းမလား
- အရိုး အားဖြည့်ဆေးဝါးတွေနဲ့ ဖြည့်တင်းမလား
- အထူးကုဆရာဝန်ကြီးများနဲ့ ပြသဆွေးနွေးပြီး
အရိုးအတွက် သောက်ဆေး၊ ထိုးဆေးများနှင့် စနစ်တကျ ကုသထားမလား စသဖြင့် အရိုးပွခြင်းမှ အရိုးကျိုးခြင်း မဖြစ်ရလေအောင်၊ အရိုးကျိုးပြီး ထပ်ခါ ထပ်ခါ ကျိုးတာတွေ မဖြစ်ရလေအောင် ကာကွယ်ထားလို့ ရတယ်လေ။
ဖြစ်ပြီးမှ ကုသတာထက် မဖြစ်ခင်က ကာကွယ် ထိန်းသိမ်းတာက အများကြီး သက်သာ အကျိုးရှိစေပါတယ်။
အရိုးပွရောဂါ နှင့် ပတ်သက်ပြီး ဘယ်ကစပြီး ဘယ်လိုကုသမှုမျိုး ခံယူသင့်လဲ ပူပင်နေရင်တော့ ဂရန်း(ဒ်)ဟံသာဆေးရုံရဲ့ အရိုးပွရောဂါ ကာကွယ်ကုသရေး စင်တာ မှာ အချိန်မရွေး လာရောက်ဆွေးနွေးနိုင်ပြီး ကုသမှုများ ခံယူနိုင်ပါတယ်။
Official Facebook Page - https://m.facebook.com/grandhantha/
Grand Hantha Website - www.grandhantha.com
Green. Grand. Care for The People
Grand Hantha International Hospital
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
01 231 7617, 01 523 000, 01 523 111
Specialties
24 hour services
Centers & Clinics