သွားကျောက်ခြစ်ချင်ပေမယ့် နာမှာ ကျဥ်မှာ ကြောက်နေတာလား ?
နာကျဉ်မှာ ကြောက်တာနဲ့ပဲ သွားကျောက် မခြစ်ဖြစ်တာ ကြာနေပြီလား ?
သွားကျောက်ခြစ်တာကို နာမှာ၊ ကျဉ်မှာ ကြောက်သော မိတ်ဆွေတို့ အတွက် အရမ်းကို အဆင်ပြေစေမယ့် service လေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။
ကျောက်ခြစ်ခြင်း (Scaling) ပြုလုပ်လိုသူများအတွက် Grand Hantha Dental Center မှာ နောက်ဆုံးပေါ် No Pain Technology ဖြင့် ထုတ်လုပ်ထားသော EMS Airflow Prophylaxis master စက်ဖြင့် Scaling ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။
Switzerland နိုင်ငံအခြေစိုက် EMS Company မှ ထုတ်လုပ်ထားသော Airflow Prophylaxis master စက်သည် -
- သွား၏ အပေါ်ယံ ကြွေလွှာတွင် ကပ်တွယ်နေသော Biofilm (သွားချေးလွှာ) မှ စ၍
- သွားဖုံး ၏ အပေါ်မျက်နှာပြင်ရှိ သွားချေး ကျောက်များ (Supragingival calculus )
- သွားဖုံးအောက်ခြေရှိ သွားချေးကျောက်များ
- (Subgingival calculus )
- ဆေးလိပ် သောက်သူများ၊ ကွမ်းစားသူများတွင် ရှိတတ်သော ဆေးလိပ်ဂျိုး၊ ကွမ်းဂျိုးများ၊
- ကော်ဖီ လက်ဖက်ရည်သောက်သုံးသူများတွင် ဖြစ်သော သွားအရောင် စွန်းထင်းမှုများ
စသည်တို့ကို အချိန်တိုအတွင်းမှာပဲ နာကျင်မှုမရှိ ကင်းစင်စွာ ဖယ်ရှားပေးနိုင်ပါတယ်။
No Pain Technology ဖြစ်သည့်အတွက် စက်၏ တုန်ခါမှုကြောင့်ခံစားရသည့် သွားကျဉ်ခြင်း ဝေဒနာကိုလဲ ကင်းဝေးစေသည့်အပြင် Procedure လုပ်ဆောင်နေ စဥ်အတွင်း သွားဖုံးသားကိုလဲ ထိခိုက်မှုနည်းစေခြင်း တို့ကြောင့် လူကြီးမင်းတို့ စိတ်ကျေနပ်မှု အပြည့်အဝ ရရှိစေမှာ အသေအချာပါပဲ။
သွားကျောက်ခြစ်ခြင်း(Dental Scaling) ဟာ ၆လ တစ်ကြိမ် ပြုလုပ်သင့်တဲ့ ခံတွင်းသန့်ရှင်းရေး တစ်မျိုးပဲ ဖြစ်ပါတယ်။
Specialties
24 hour services
Centers & Clinics