ပန်းသေပန်းညှိုးရောဂါရောဂါဟာ များသောအားဖြင့် ပျောက်ကင်းအောင် ကုသလို့ရပါတယ်။
ဂရန်း(ဒ်)ဟံသာဆေးရုံကြီးရှိ ပန်းသေပန်းညှိုးနှင့် သုတ်လွှတ်မြန်ခြင်း အထူး ကုသမှု စင်တာတွင် လူနာများအား ခေတ်မီ ကုသနည်း အမျိုးမျိုးဖြင့် ကုသပေးလျက်ရှိပါသည်။
- စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးကုသပေးခြင်း၊
- ရောဂါ ရာဇဝင်များပေါ်မူတည်၍ သောက်ဆေး၊ ထိုးဆေး၊ လိမ်းဆေး အမျိုးမျိုးဖြင့် ကုသပေးခြင်း
- လေစုပ်ကိရိယာ ကဲ့သို့ စက်ပစ္စည်းကိရိယာများ အကူအညီဖြင့် ကုသပေးခြင်း
- လိင်အင်္ဂါအတွင်း(သို့) ဆီးလမ်းကြောင်းတွင်းသို့ ဆေးများထည့်၍ ကုသပေးခြင်း
- လိင်အင်္ဂါအတွင်းသို့ ခွဲစိတ်၍ ပစ္စည်းထည့်ခြင်း
ရောဂါဖြစ်ရသော အဓိက အကြောင်းအရင်း၊ တွဲဖက်ရှိနေသော ရောဂါအခံများ၊ လက်ရှိသောက်သုံးနေသော ဆေးဝါးများ နှင့် စိတ်ခံစားချက်များ စတာတွေကို ဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးပြီး အသင့်တော်ဆုံး ဖြစ်မည့် ကုထုံးကို လူနာ သဘောတူ ရွေးချယ်၍ ကုသပေးပါသည်။
ပန်းသေပန်းညှိုးရောဂါသည် စိတ်ရောဂါ၊ နှလုံးရောဂါ၊ ဦးနှောက် နှင့် အာရုံကြောရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးတွင်းအဆီဓာတ်များနေခြင်း၊ အဝလွန်ခြင်း စတဲ့ ရောဂါများနှင့်လည်း ဆက်စပ်မှုရှိနေနိုင်သလို ထိုရောဂါများကြောင့်လည်း ပန်းသေပန်းညှိုးရောဂါဟာ ပိုဆိုးနိုင်ပါတယ်။
ဒါ့ကြောင့် ပန်းသေပန်းညှိုး ရောဂါ လက္ခဏာများ ခံစားနေရပါက ပြီးပြည့်စုံသော အိမ်ထောင်ရေး သုခ ရရှိစေရန်အတွက်ရယ်၊ မိမိ ကျန်းမာရေးအတွက်ရယ် ဆရာဝန်ကြီးများနှင့် စနစ်တကျ ကုသမှု ခံယူသင့်ပါတယ်။
ပန်းသေပန်းညှိုးရောဂါ ဆိုင်ရာ ကုသမှုစင်တာ Hotline - 09406664044, 012317617 (လိုင်းခွဲနံပါတ် - 2070 / 2069) သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းပြီး ဆေးခန်းပြရန် ဘိုကင်များ ရယူနိုင်ပါတယ်။
Specialties
24 hour services
Centers & Clinics