သင်သာ ဆီးချိုရောဂါရှိတဲ့ သူတစ်ယောက် မှန်ရင် ဒါတွေ စစ်ကို စစ်ဖူးရမယ်နော်။
- မိမိခန္ဓာကိုယ် အလေးချိန် ပုံမှန် ရှိမရှိ၊ အဝလွန်ကဲခြင်း ရှိမရှိ အသားကျစ်နှုန်း (BMI)တိုင်းထွာခြင်း
- ခန္ဓာကိုယ်မှာ အဆီဓာတ်တွေများနေရင် သွေးကြောတွေ တဖြည်းဖြည်းကျဥ်းလာပြီး လေဖြတ်တာ၊ နှလုံးသွေးကြောကျဥ်းတာ၊ ပိတ်တာ ဖြစ်နိုင်တဲ့ အတွက်ကြောင့် သွေးတွင်းအဆီဓာတ် များမများ စစ်ဆေးခြင်း (Lipid Profile )
- ဆီးချိုရဲ့ နောက်ဆက်တွဲကြောင့် ကျောက်ကပ်ထိခိုက်ခြင်း ရှိမရှိ၊ ကျောက်ကပ် အလုပ်လုပ်နိုင်စွမ်း ကောင်းမကောင်း သိရှိနိုင်ဖို့ စစ်ဆေးခြင်း (Urea,Creatinine or eGFR, Elecrolyte )
- ဆီးချိုရှိသူတွေက ရောဂါ လက္ခဏာမပြတဲ့ နှလုံးသွေးကြောကျဉ်းတာ၊ ပိတ်တာတွေ ဖြစ်တတ်တာမို့ နှလုံးဓာတ်မှန်( Echo) အီးစီဂျီ (ECG) စစ်ဆေးခြင်း
- မျက်လုံးရှိ အမြင်အာရုံသွေးကြောလေးတွေဟာ ဆီးချိုကြောင့် ကျဉ်းတာ၊ ပိတ်တာ ဖြစ်ပြီး အမြင်အာရုံ ထိခိုက်တတ်တာဖြစ်လို့ မျက်လုံး အမြင်လွှာ ဓာတ်ပုံရိုက်ခြင်း (Retinal Photography )
- ဆီးချိုထိန်းအားကောင်းမကောင်း စစ်ဆေးခြင်း ( HbA1c )
- ဆီးချိုထိန်းအား မကောင်းတော့ရင် အဖြစ်အများဆုံး နောက်ဆက်တွဲရောဂါဟာ ဆီးချိုခြေထောက် ပါပဲ။ မတော်တဆ ထိခိုက်ဒါဏ်ရာလေးကနေ အနာမကျက် ကာ သွေးကြောများ မကောင်းတော့ပဲ မဲပုပ်ပြီး ခြေထောက်ဖြတ်ရတဲ့ထိဖြစ်တတ်တာပါ။
- ဒါ့ကြောင့် - ခြေထောက်စစ်ဆေးခြင်း (Foot Assessment)
- ခြေထောက်အာရုံကြောများ တုံခါမှု၊ ထိတွေ့မှုတို့ကို သိမသိ စစ်ဆေးခြင်း (Vibration Monofilament Test)
- ခြေထောက် သွေးကြောတွေ ကျဉ်းမကျဉ်း ဖိအား တိုင်းတာခြင်း (Ankle-Brachial Index )
- ခြေဖဝါး ဖိအားများနေရင် အသားမာတက်တာ၊ အသားမာကွဲပြီး အနာဖြစ်တာ၊ အသားပုပ်တာတွေ ဖြစ်တတ်လို့ ထိုနေရာကို ရှာဖွေ စမ်းသပ်ခြင်း (Foot Scan)
- ဆီးချိုရှိသူများဟာ သွား နှင့် သွားဖုံးရောဂါ၊ သွားပိုးစား၊ သွားဖုံးသွေးယို စတာတွေ အဖြစ်များလေ့ရှိတာမို့ သွားကျန်းမာရေး စစ်ဆေးခြင်း ( Dental Screening )
- ဆီးချို ကုသတဲ့နေရာမှာ စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲဖို့က အရေးအပါဆုံး ဖြစ်တာဖြစ်လို့ အာဟာရဆရာဝန်များနှင့် ဆွေးနွေးခြင်း (Nutritionist Counseling)
- မိမိတစ်သက်တာမှာ မှီဝဲသွားရမယ့် ဆီးချို သောက်ဆေး၊ ထိုးဆေးများကို နည်းစနစ် မှန်ကန်စွာ သုံးတတ် စွဲတတ်ရန် ဆီးချို နှင့် ဟော်မုန်းရောဂါဆိုင်ရာ အထူးကု ဆရာဝန်ကြီးများ နှင့် ပြသဆွေးနွေးခြင်း ( Endocrinologist Counseling)
Grand Hantha Website - www.grandhantha.com
Green. Grand. Care for The People
Grand Hantha International Hospital
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
01 231 7617, 01 523 000, 01 523 111
Specialties
24 hour services
Centers & Clinics