- ဆေးခန်းကြောက်တတ်သော ကလေးလေးများ စိတ်ဖိစီးမှု ကင်းကင်းနှင့် ဆေးခန်းပြသနိုင်အောင် ပုံမှန် ဆေးခန်းပြနေကျ နေရာများနှင့် ရောနှော မထားဘဲ Royal Child Clinic ကို တတိယထပ်တွင် သီးခြား ဖွင့်လှစ်ထားပါတယ် ။
- အချိန်ပိုင်းအလိုက် ကျွမ်းကျင် ဝါရင့် ကလေးအထူးကု သမားတော်ကြီးများဖြင့် ကြည့်ရှု ကုသပေးလျက် ရှိပါတယ်။
- သားသားမီးမီးတို့အတွက် မည်သို့သော အရေးပေါ်အခြေအနေမျိုးတွင် မဆို စောင့်ရှောက်မှုပေးနိုင်ရန် လိုအပ်သော ခေတ်မီ စက်ပစ္စည်း ကိရိယာ အစုံအလင် နှင့် (၂၄)နာရီ အသင့်ရှိ ကလေးအထူးကု ဆရာဝန်ကြီး များ ကိုယ်တိုင် စောင့်ရှောက်ကုသပေးနေတဲ့ ကလေး အတွင်း လူနာဌာန (Child Inpatient Department) ကိုလည်း သီးသန့် ပြင်ဆင် ထားရှိပါတယ်။
- ကလေးလေးတို့ အသက်အရွယ် အပိုင်းအခြား အလိုက် မပျက်မကွက် ထိုးနှံပေးရမယ့် ကာကွယ်ဆေးများကိုလည်း ဝါရင့်ကလေးအထူးကု ဆရာဝန်ကြီးများ ကိုယ်တိုင် ထိုးနှံပေးလျက်ရှိပါတယ်။
- အသက်အရွယ်အလိုက် စိတ်ပိုင်းဆိုင်ရာရော၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာပါ ပုံမှန်ကြီးထွားဖွံဖြိုး တိုးတက်နေမှု ရှိမရှိ ပုံမှန် စစ်ဆေးသင့်သော ကျန်းမာရေး စစ်ဆေးမှု Well-Child Medical Checkup Package များလည်း စီစဥ် ထားရှိပါတယ် ။
- အစာရွေးလွန်းသော ကလေးလေးများ၊ ဖွံ့ဖြိုးမှု နှေးကွေးသော ကလေးလေးများအတွက် အာဟာရပြည့်ဝစေရန် နည်းစနစ် မှန်ကန်သော ကျွေးမွေးမှုပုံစံများကို ဆွေးနွေးပေးနိုင်ရန် အာဟာရ ဆိုင်ရာ ဆရာဝန်များဖြင့်လည်း စောင့်ရှောက်ပေးလျက်ရှိပါတယ်။
Green. Grand. Care for The People
Grand Hantha International Hospital
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
01 231 7617, 01 523 000, 01 523 111
Specialties
24 hour services
Centers & Clinics