- အသက်အရွယ်အရ သော်လည်းကောင်း
- အကြောင်းအမျိုးမျိုးကြောင့် သွားများအားလုံး ဆုံးရှုံးလိုက်ရလျှင် သော်လည်းကောင်း
- အစာ ဝါးနိုင် စားနိုင်ရန်အတွက် ပြန်လည်ကုသနိုင်သည့် နည်းလမ်း တစ်ခုမှာ သွားအရှင် အစားထိုးခြင်း (သို့မဟုတ်) သွားအံကပ်ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။
အားသာချက်များမှာ
- ဆုံးရှုံးသွားသော သွားနေရာ၏ ဘေးပတ်လည်ရှိ နဂိုမူလသွားများကို သေးအောင်စားပစ်ရန် မလိုပါ။
- ထပ်မံ၍ သွားနှုတ်ရန် လိုအပ်သည့်အခါမျိုးတွင်လည်း ရှိပြီးသား အံကပ်တွင် ထပ်ပေါင်းပြီးအစားထိုးနိုင်ပါသည်။
- ကုန်ကျစရိတ် ပိုနည်းပါသည်။
အားနည်းချက် များ အနေဖြင့်
- အစာစားပြီးတိုင်း ဖြုတ်ဆေးရန် လိုအပ်ခြင်း
- သန့်ရှင်းမှု ပုံမှန်မပြုနိုင်ပါက ဘေးကပ်ရက်သွားများ ပိုးစားနိုင်ခြင်း
- သွားတုအပြင်၊ သွားဖုံးသားအတု နှင့် ဝန်အားခံနိုင်စေရန် ဧရိယာကျယ်ကျယ် အုပ်ထားသော အံကပ်အား ပါးစပ်ထဲ ထည့်ထားရသည့်အတွက်၊ ကျင့်သားမရခင် အလွန် နေရထိုင်ရခက်ခြင်း
- ငါးနှစ်တစ်ကြိမ်ခန့် အသစ်လဲပေးရန် လိုအပ်ခြင်း တို့ပဲ ဖြစ်ပါတယ် ။
သွားအံကပ် ပြုလုပ်ရာတွင် အံကပ်အမျိုးအစား ၃ မျိုး ရှိပါသည် ။
(1) Acrylic denture- ပလတ်စတစ် အမာဖြင့် ပြုလုပ်ထားသော အံကပ်အမာ
(2) Skeletal Denture- အောက်ခံ သတ္တုစနစ်အခြေ ခံထားသော အံကပ်အမာ
(3) Flexible Denture- ပျော့ပြောင်း ပေါ့ပါးသော အံကပ်အပျော့ တို့ ပဲဖြစ်ပါတယ် ။
Acrylic denture - ပလတ်စတစ် အမာဖြင့် ပြုလုပ်ထားသော အံကပ်အမာ ဘေးသွားများအား ဝန်အားမျှစေရန် သံချိတ် ကုပ်၍ စိုက်ရသော အံကပ် အမျိုးအစား ဖြစ်ပြီး ကုန်ကျစရိတ်လဲ သက်သာသည့်အပြင် သွားအရေအတွက် များများအစားထိုး၍ ဖြစ်စေ၊ ပါးစပ်တခုလုံးအပြည့် Full Denture အတွက် ဖြစ်စေ အစားထိုးစိုက်ရန် သင့်တော်သော အမျိုးအစားဖြစ်ပါသည်။
အားနည်းချက်
ပလတ်စတစ် အမာ ဖြစ်သည့်အတွက် အလွယ်တကူ ကျိုးနိုင်ပါသည်။
Skeletal Denture - သတ္တုစနစ်ကိုအခြေခံထားသော အံကပ်အမာ နိုင်ငံတကာတွင် အသုံးအများဆုံး အံကပ်ဖြစ်ပြီး အောက်ခံသတ္တုစနစ်ကို အခြေခံထားသောကြောင့် စားရဝါးရ အလွန်အဆင်ပြေပြီး သွားဖုံးရိုး ပြုန်းတီးမှုကို နည်းပါးစေသည်။ အောက်ခံသတ္တုစပ်ကို အခြေခံထားသောကြောင့် အကြမ်းခံကာ အလွယ်တကူ ကျိုးပဲ့ခြင်း မရှိနိုင်သည့်အတွက် အရည်အသွေး စိတ်ချရသည်။ အံကပ်မြဲစေရန်အတွက် သတ္တုအောက်ခံနှင့်အတူ သဘာ၀သွားတွင် ချိတ်ရေသာ Clasp ဟုခေါ်သော ချိတ် ၊ သဘာ၀ သွားပေါ်တွင် မှေးတင်ပြီး ဆန့်ထုတ်ထားသော occlusal rest ဟု ခေါ်သော သတ္တုပိုင်းစသည်တို့အား သတ္တုပုံလောင်းနည်းပညာ (metal casting)နှင့် ပုံလောင်းပြီး ထုတ်လုပ်ထားသည့် အံကပ်အမျိုးအစားဖြစ်ပါသည်။
အားနည်းချက်
သတ္တုအောက်ခံကို အသုံးပြုထားသော အံကပ်အမာဖြစ်၍ စတပ်သည့်အချိန်တွင် အနည်းငယ် လေးလံသည့် ခံစားချက်ကို ဖြစ်စေပါသည်။
Flexible Denture - အံကပ်အပျော့
သမရိုးကျ အံကပ်များကဲ့သို့ သံချိတ်မပါဝင်ခြင်းကြောင့် အမြင်ပိုမိုလှခြင်းနှင့် ပေါ့ပါး ပျော့ပျောင်းသည့် အောက်ခံသားကို အသုံးပြုထားသည့်အတွက် နာကျင်မှုမရှိပဲ အသားကျမြန်ဆန်၍ အံကပ် တပ်ထားသည်ကိုပင် မသိသာစေပဲ အလွယ်တကူ ဖြုတ်နိုင်တပ်နိုင်သည့် အမျိုးအစား ဖြစ်သည်။ကုန်ကျစရိတ်လဲ သက်သာသည်။
အားနည်းချက်
စားသည့်ဝါးသည့် ဝန်အား မများသော နေရာများတွင်သာ အသုံးပြုနိုင်သည်။
Grand Hantha Dental Center
2nd Floor, Grand Hantha International Hospital
Opening hour : 8am to 7pm
Dental Hotline : 09777143932 , 01 523 000 (Extension: 2120)
Green. Grand. Care for The People
Grand Hantha International Hospital
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
01 231 7617, 01 523 000, 01 523 111
Specialties
24 hour services
Centers & Clinics