ယနေ့ ဆီးချို ဖြစ်လာသူများဟာ လွန်ခဲ့သော (၅)နှစ်လောက် ကတည်းက ဆီးချိုဖြစ်ဖို့ အလားအလာ ရှိနေသူများ (သို့) အကြိုဆီးချို (Pre-diabetes mellitus) ဖြစ်နေကြသူများ ဖြစ်ပါတယ်။ အကြိုဆီးချို (Pre-diabetes mellitus) ဆိုတာ လက်ထိပ်သွေးချို ဖောက်ကြည့်လိုက်ရင် ဆီးချိုရောဂါရဲ့ သတ်မှတ်နှုန်းတားထဲ မဝင်သေးပေမယ့် အထူးစစ်ဆေးနည်း တစ်မျိုးဖြစ်တဲ့ OGTT plus Insulin နဲ့ စစ်ကြည့်လိုက်မှ ဆီးချိုရှိမှန်းသိနိုင်တဲ့ ဆီးချိုအဆင့်တစ်ခု ဖြစ်ပါတယ်။ အဲ့လိုစစ်ကြည့်လိုက်လို့ များနေတဲ့သူတွေဟာ နောင် တစ်ချိန်မှာ ဆီးချိုသွေးချိုရောဂါ ဖြစ်လာဖို့ သေချာနေတဲ့သူတွေ ဖြစ်တယ်လို့ ဆိုလိုပါတယ်။ အဲ့ဒီကာလမှာကတည်းက မှန်ကန်သော စားသောက်နေထိုင်မှုပုံစံ (Life style) ကို ပြုပြင် နေထိုင်ပေးခြင်း၊ လေ့ကျင့်ခန်းပုံမှန် ပြုလုပ်ပေးခြင်း နှင့် လိုအပ်ပါက သင့်တော်သော ဆေးဝါးအကူ သောက်သုံးပေးခြင်းအားဖြင့် ဆီးချိုဖြစ်လာနိုင်ချေကို နောင် (၁၀)နှစ်ခန့်အထိ နောက်သို့ ရွေ့ဆိုင်း ပေးနိင်ပါတယ်။ ထို့အပြင် နှလုံးသွေးကြောကျဥ်း ရောဂါ နှင့် လေဖြတ်ရောဂါတို့ကိုပါ ကာကွယ်နိုင်ပါသေးတယ်။
- ဆီးချိုဖြစ်နေသူများ၏ သားသမီး၊မောင်နှမ များ၊
- ကိုယ်အလေးချိန်များသောသူ ၊
- ကိုယ်လက်လှုပ်ရှားမှု နည်းသူများ၊
- သွေးတိုးရှိသူ၊ နှလုံးသွေးကြောကျဥ်းသူ၊ လေဖြတ်ဖူးသူများ ၊
- သွေးတွင်းအဆီ HDL 35mg/dl အောက်နည်းသူ (သို့)
- TG 250 mg/dl ထက်များသူ၊ HbA1c - { 5.7% - 6.4% } ကြားရှိနေသူများ၊
- ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်ဖူးသူ ၊ ရာသီမမှန်၊ သားဥအိမ် အရည်အိတ်ရှိသူ အမျိုးသမီးများ၊
- လည်ဂုတ်ဝဲ နှင့် ချိုင်းအရေပြားမှာ အမည်းချပ်များ ဖြစ်နေသူများ
အဓိက ဦးစားပေးအနေနဲ့ စစ်ကိုစစ်သင့်ပါသည်။
အခုဆိုရင် ဘယ်လိုလူတွေ ဆီးချိုရောဂါ ဖြစ်နိုင်ချေရှိသလဲ ဆိုတာသိပြီ ၊ဆီးချိုဖြစ်နိုင်ချေ ရှိမရှိကို ကြိုတင် စစ်ဆေးမှုများ ပြုလုပ်လို့ ရနေပြီဆိုတာ သိပြီ ၊ စားသောက်နေထိုင်မှုပုံစံ၊ အလေ့အထတွေ ပြောင်းလဲပေးခြင်းဖြင့် ဆီးချိုနှင့် နောက်ဆက်တွဲရောဂါများ ကာကွယ် တားဆီးပေးနိုင်တယ်ဆိုတာကို သိပြီဆိုလျှင်………
- မိမိတွင် ဆီးချိုရောဂါမဖြစ်ခင်တည်းက ကြိုတင်စစ်ဆေးပါ၊ ကြိုတင်ကာကွယ်ထားပါ၊ အစောဆုံးစပြီး ပြုပြင်တာဟာ အကောင်းဆုံးဖြစ်သလို ပို၍လည်း လွယ်ကူပါတယ်။ ဆီးချိုဖြစ်လာခဲ့လျှင်လည်း နောက်ဆက်တွဲ ဝေဒနာများ ကင်းဝေးပြီး သက်တမ်းပြည့် နေရမယ်လို့ မျှော်မှန်းနိုင်ပါတယ်။
ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ် ဆေးရုံကြီးရဲ့ ဆီးချိုစင်တာမှာ အကြို-ဆီးချိုရှိ မရှိ စစ်ဆေးပေးတယ်။ အကယ်၍ ရှိတယ် ဆိုလျှင်လည်း လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးမယ့် ကျွမ်းကျင် ဆီးချိုသမားတော်ကြီးများ ကိုယ်တိုင် ဆွေးနွေး ကုသပေးလျက် ရှိပါတယ်။
အသေးစိတ် ထပ်မံသိရှိ လိုပါက 012317617, 01523000 (လိုင်းခွဲနံပါတ် 8194) ဂရန်း(ဒ်)ဟံသာ ဆီးချိုစင်တာ သို့ တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါတယ်။
Official Facebook Page - https://m.facebook.com/grandhantha/
Grand Hantha Website - www.grandhantha.com
Green. Grand. Care for The People
Grand Hantha International Hospital
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
01 231 7617, 01 523 000, 01 523 111
Specialties
24 hour services
Centers & Clinics