Baby Led Weaning ဆိုသည်မှာ
- ဖြည့်စွက်စာအစားအစာများကို ကလေးငယ်များမိမိဘာသာမိမိစိတ်ကြိုက်စားသုံးစေခြင်း
- အစားအစာများကို ကလေးငယ်၏လက်ချောင်း၊လက်များနှင့်ထိတွေ့ဆော့ကစားစေခြင်း
- ကလေးငယ်အလွယ်တကူကောက်ယူစားသုံးနိုင်သောအစားအစာမျိုးစုံပြင်ဆင်ပေးထားရမည်
- ကလေးငယ်မှသုူစားသုံးလိုသောအစားအစာ၊ စားသုံးလိုသောပမာဏကိုဆုံးဖြတ်ခွင့်ရှိသည်
Baby Led Weaning ကိုဘယ်အချိန်မှာစသင့်သလဲ
- များသောအားဖြင့် ကလေးအသက် ၇လ-၈လဝန်းကျင်တွင် Baby Led Weaning ကိုစတင်လေ့ကျင့်ပေးနိုင်ပါသည်။ သို့သော်ကလေးတစ်ယောက်နှင့်တစ်ယောက်ဖွံ့ဖြိုးမှုအချိန်အနည်းငယ်ကွဲပြားသောကြောင့် အောက်ပါအချက်များနှင့်ကိုက်ညီမှသာစတင်ရန်ပိုမိုသင့်တော်ပါသည်။
- ကလေးငယ်မိမိဘာသာထိုင်နိုင်သောအချိန်
- ကလေးငယ်သည် အစားအစာကိုလက်ဖြင့်ဆုပ်ယူကိုင်နိုင်ပြီးပါးစပ်ထဲသို့အစာထည့်နိုင်သောအချိန်
- သွားများရှိသည့်အချိန်ထိစောင့်ရန်မလိုအပ်ပါ။ အဘယ်ကြောင့်ဆိုသော် ကလေးငယ်များ အစားအစာများကိုတံတွေးနှင့်စုပ်ယူစားသောက်နိုင်ပြီး မျိုချနိုင်သောအစားအစာများဖြင့် လေ့ကျင့်ပေးမည့်အတွက်ဖြစ်သည်။
Baby Led Weaning အတွက်သင့်တော်သောအစားအစာများ
- မိမိကလေးငယ်၏ လက်ချောင်းအရွယ်/လက်ဖြင့်ကိုင်စားနိုင်သောအရွယ်အစားဖြစ်ရမည်။
- ကလေးငယ် အလွယ်တကူဝါးစားနိုင်ရန် ပျော့ပျောင်းနူးညံ့အောင်ချက်ပြုတ်ပြင်ဆင်ပေးရမည်။ (ဥပမာ-မာသောအစားအစာများဖြစ်သည့် ပန်းသီး၊ ပန်းသစ်တော်၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ)
- အရွယ်အစားသေးပြီးလုံးဝိုင်းသောအစားအစာများ (စတော်ဘယ်ရီ၊ စပျစ်သီး၊ ချယ်ရီ ခရမ်းချဉ်သီး)ကိုလက်ချောင်းကဲ့သို့ဒေါင်လိုက် အရှည်အစိတ်လေးများပိုင်းဖြတ်ပေးပါ။
- အရိုးပါသောငါးများ၊အစေ့ပါသောအသီးအနှံများကိုမကျွေးခင်အရိုး၊အစေ့များသေချာ ဖယ်ရှားပါ။
- စေးကပ်သောအစားအစာများ(ကောက်ညှင်း)၊မထောင်းထားသောအခွံမာအစေ့အဆံများမသင့်တော်ပါ။
Baby Led Weaning တွင်သတိပြုရမည့်အချက်များ
- ကလေးငယ်အစားစားမည့်ထိုင်ခုံတွင် မတ်မတ်ထိုင်စေပြီးစားစေခြင်းဖြင့်အစာနင်ခြင်းကိုကာကွယ်နိုင်သည်။
- ကလေးငယ်တစ်ယောက်တည်းမလွှတ်ထားရပါ။
- ကလေးငယ်အစာစားနေချိန်တွင် လူကြီးတစ်ယောက်အမြဲစောင့်ကြည့်နေရမည်။
- Baby Led Weaning ကိုစစချင်းပြုလုပ်ရာတွင် ကလေးငယ်အများစုသည်ချပေးထားသောအစားအစာများကိုစားခြင်းထက် ပွရှုပ်နေအောင်ဆော့ခြင်းကပိုများသည်မှာ ပုံမှန်သဘာဝဖြစ်သောကြောင့် စိတ်ရှည်ရှည်နှင့်အချိန်ပေးရပေမည်။
- အစာစားနေစဉ် TV, Ipad များကိုပိတ်ထားပြီး ကလေးငယ်ကိုအစားအစာများနှင့်သာဆော့ကစားစားသုံးစေပါ။
- အထက်တွင်ဖော်ပြထားသော ကလေးငယ်အတွက်သင့်တော်သောအစားအစာများဖြစ်အောင် ချက်ပြုတ်ပြင်ဆင်ပေးရမည်။
Baby Led Weaning ၏အကျိုးကျေးဇူးများ
- ကလေးငယ်ကိုယ်တိုင် အစားအစာအမျိုးမျိုးတို့၏ အရောင်အဆင်း၊ အနံ့၊ အရသာတို့ကို စူးစမ်းလေ့လာခွင့်ရသောကြောင့် ဉာဏ်ရည်ပိုင်းဆိုင်ရာ ဖွိ့ဖြိုးမှုကို အထောက်အကူပြုသည်။
- ကလေးငယ်၏ သင်ကြားလေ့လာမှုစွမ်းရည်၊ မိမိကိုယ်တိုင ်လုပ်ဆောင်နိုင်မှု စွမ်းရည်၊ မိမိကိုယ်ကိုယုံကြည်မှုတို့က ိုတိုးတက်စေသည်။
- Hand-eye coordination skills (အမြင်အာရုံနှင့်လက်ပူး ပေါင်းလုပ်ဆောင်မှုစွမ်းရည်များ) ကိုပါတိုးတက်စေသည်။
- အစားအစာသစ်များကို အလွယ်တကူ စတင်ကျွေးမွေးနိုင်သည်။
- ကလေးငယ်အစာဂျီးများခြင်းကို လျော့ကျစေနိုင်သည်။
- မိမိစားသုံးနိုင်သောအစားအစာပမာဏကို ကလေးငယ်ကိုယ်တိုင်ဆုံးဖြတ်စားသုံးစေသောကြောင့် ရေရှည်တွင်ကလေးငယ်အဝလွန်ခြင်းမဖြစ်အောင်များစွာလျှော့ချပေးနိုင်သည်။
ဒေါက်တာ မေဖူးဇွန်
အာဟာရပညာရှင်
(Registered Associate Nutritionist, UKVRN)
M.B.,B.S., M.Sc in Human Nutrition with Clinical Nutrition Specialisation (Glasgow)
Specialties
24 hour services
Centers & Clinics