June 6, 2022

Capsule Endoscopy
ဘာလုပ်တဲ့ဟာလေးလဲ၊ ဘယ်လို လုပ်ရတာလဲ?

Capsule Endoscopy ဆိုတာ ဆေးတောင့်အကြီး ပမာဏခန့် အရွယ်ရှိ သေးငယ်သည့် ကင်မရာပါဝင်သော ဆေးတောင့်ပုံစံ Capsule လေးဖြင့် သင့်၏ အစာအိမ်၊ အူလမ်းကြောင်းတစ်လျှောက်လုံးကို ကြည်လင်ပြတ်သားစွာ ပုံရိပ်ဖော်ပေးနိုင်တဲ့ ခေတ်မီအဆင့်မြင့် နည်းပညာ တစ်ခု ဖြစ်ပါတယ်

  • အူသိမ်လမ်းကြောင်း(Small Bowel) အတွင်း သွေးယိုစိမ့်မှုရှိသူများ
  • အူသိမ်လမ်းကြောင်း ရောင်ရမ်းခြင်းရောဂါများ (Inflammatory Bowel Disease,Crohn’s Disease)
  • အူသိမ်လမ်းကြောင်းအတွင်း အသားပိုအလုံးများ စစ်ဆေးခြင်း
  • အူသိမ်ကင်ဆာ သံသယရှိသူများ
  • နာတာရှည်ဝမ်းပျက်ရောဂါ (coeliac disease)
  • တိကျသော အကြောင်းအရင်းရှာမရဘဲ သွေးအားနည်းနေခြင်း

စတဲ့ ရောဂါဝေဒနာများ ရှာဖွေ စစ်ဆေးကြည့်ချင်တဲ့အခါ Capsule Endoscopy ကို အဓိကထား အသုံးပြုကြပါတယ်

Capusle Endoscopy ရဲ့ အားနည်းချက်ကတော့ -

ဘာဖြစ်လို့လဲဆိုတော့ Capsule Endoscopy ဟာ ပုံမှန်အစာအိမ်မှန်ပြောင်းကြည့်စက် ဖြင့် အလွယ်တကူ ကြည့်ဖို့ မလွယ်ကူသော အူသိမ်အတွင်းပိုင်း နေရာထိ ထိရောက်စွာ ရောဂါရှာဖွေနိုင်လို့ပဲ ဖြစ်ပါတယ်။

Capsule Endoscopy ရဲ့ အားသာချက်ကတော့ -

  • ဆေးသောက်သလိုပဲ မျိုချလိုက်ရုံနဲ့ စက်က အလိုအလျောက် ပုံရိပ်ဖော်ရိုက်ကူးသွားမှာပဲဆိုတော့ ပုံမှန် မှန်ပြောင်းကြည့်တာထက် ပိုပြီး သက်တောင့်သက်တာရှိတယ်။
  • ဆေးတောင့် မှန်ပြောင်းလေးက အစာအိမ်နှင့် အူလမ်းကြောင်း တစ်လျှောက်ရွေ့ရာ နေရာတိုင်းမှာ ၁ စက္ကန့်ကို သုံးပုံနှုန်းနဲ့ ရိုက်ကူးနေမှာဖြစ်လို့ ပုံရိပ်များကို အသေးစိတ် ဖမ်းနိုင်ပြီး ရောဂါတိကျစွာ အဖြေရှာနိုင်တယ်။
  • ပုံမှန်အစာအိမ်မှန်ပြောင်း ကြည့်သည့်နည်းလမ်း ဖြင့် အလွယ်တကူ ရောက်ဖို့ မလွယ်ကူသော အူသိမ် အတွင်းပိုင်း အကျဥ်းဆုံးနေရာထိ သွေးထွက်နေတဲ့ နေရာများရှိနေသလား၊ အလုံးအကြိတ်များ ရှိနေသလားဆိုတာ ကြည်လင်ပြတ်သားစွာ မြင်နိုင်တယ်။
  • မေ့ဆေး၊ အိပ်ဆေးများ အသုံးပြုရန်မလိုသည့်အတွက် နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးများ မခံစားရပါ။
  • ပျို့တာ၊ အန်တာ၊ နာကျင်တာ လုံးဝ မခံစားရပါ။

Capusle Endoscopy ရဲ့ အားနည်းချက်ကတော့ -

  • ပုံမှန် အစာအိမ်မှန်ပြောင်း ကြည့်သကဲ့သို့ သွေးယိုနေသည့်နေရာများကို တစ်ခါတည်းပိတ်ခဲ့ခြင်း၊ အစာအိမ်ရောဂါပိုး စစ်ဆေးခြင်း၊ အစာအိမ်အနာများ၊ အလုံးအကြိတ်များတွေ့ခဲ့လျှင် အသားစယူ စစ်ဆေးခြင်း စတဲ့ interventions များ ပြုလုပ်၍ မရပါ။
  • ပုံမှန် မှန်ပြောင်းကြည့်တာ ဆေးရုံတက်ဖို့ မလိုအပ်သော်လည်း ဆေးတောင့်မှန်ပြောင်း ကြည့်သည့်အခါတွင် တိကျသေချာသော ပုံရိပ်များ ဖမ်းနိုင်ရန်အတွက် ဆောင်ရန်၊ရှောင်ရန်များလည်း ရှိတာမို့ ဆေးရုံတစ်ရက် တက်ဖို့ လိုအပ်ပါမည်။

Capusle Endoscopy ကို ဘယ်လိုကြည့်ရသလဲဆိုတော့ -

  1. အစာအိမ် နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း ရဲ့ ထုံးစံအတိုင်း အစာအိမ် နှင့် အူလမ်းကြောင်း တစ်လျှောက် အမြင်ရှင်းလင်းပြတ်သားစေရန် ဆရာဝန်ကြီးများ ညွှန်ကြားသည့် Bowel Preparation ကို သေချာလိုက်နာပြီး အူလမ်းကြောင်းတစ်လျှောက် သန့်ရှင်းထားရပါမယ်။
  2. ကြည့်တော့မယ်ဆိုရင် သင့်ရင်ဘတ် နှင့် ဝမ်းဗိုက် တစ်လျှောက် Sensor ပါတဲ့ Electrodes လေးများ ကပ်ထားပါမယ်။
  3. ပုံရိပ်များကို ဖမ်းပေးတဲ့ Recorder Belt လေးကို ခါးမှာ ခါးပတ်ပုံစံလေး ပတ်ထားပါမယ်။
  4. ပြီးရင်ဆေးတောင့်ပုံစံ Capsule လေးကို ဆေးသောက်သလို မျိုချလိုက်တာနဲ့ အစာအိမ်မှန်ပြောင်း စတင် ကြည့်ရှုနေပြီဖြစ်ပါတယ်။ ရိုက်ကူးထားသော အူသိမ်လမ်းကြောင်းတစ်လျှောက်ရှိ ပုံရိပ်များကို ကြိုးမဲ့စနစ်ဖြင့် လူနာကိုယ်ပေါ်တွင် ဝတ်ဆင်ထားသော ပုံရိပ်စက်ပေါ်သို့ ပိုပေးမှာ ဖြစ်ပါတယ်။
  5. သောက်ပြီး (၈နာရီ - ၁၂နာရီ) ခန့်အကြာတွင် Recorder belt လေးကို ဖြုတ်မှာ ဖြစ်ပါတယ်။
  6. ဆရာဝန်ကြီးမှ ပုံများကို ကြည့်ရှုစစ်ဆေးကာ စစ်ဆေးချက် အဖြေများကို ထုတ်ပေးသွားမှာပဲ ဖြစ်ပါတယ်။
  7. အားလုံးပြီးဆုံးသွားရင်တော့ ဆေးတောင့်ပုံစံမှန်ပြောင်းလေးဟာ သင့်ရဲ့ အူလမ်းကြောင်းလှုပ်ရှားမှု နှင့် အတူ (၁)ရက် - (၂)ရက် အတွင်း ဝမ်းသွားရာမှ တစ်ဆင့် အပြင်သို့ ပြန်ပါလာမှာပဲ ဖြစ်ပါတယ်။

မိမိရောဂါအခြေအနေပေါ် မူတည်၍ ၊ ရောဂါအခံများပေါ် မူတည်၍ ကြည့်ရှုရန်သင့်မသင့်ကို အစာအိမ် နှင့် အူလမ်းကြောင်း အထူးကုသမားတော်ကြီးများဖြင့် အရင် တိုင်ပင်ဆွေးနွေးပြသဖို့ လိုမှာဖြစ်ပြီး ဆရာဝန်ကြီး၏ ခွင့်ပြုချက်ဖြင့်သာ ကြည့်ရှုသင့်ပါသည်

Grand Hantha International Hospital မှာ အရည်အသွေးကောင်းတဲ့ Korea နိုင်ငံထုတ် MiroCam တံဆိပ် ဆေးတောင့်မှန်ပြောင်းကို အသုံးပြုထားခြင်းကြောင့် ကြည်လင်ပြတ်သားသော ပုံရိပ်များကို ပေးစွမ်းနိုင်ပါတယ်

ပါးစပ်ကနေ အူလမ်းကြောင်းထဲထိ ကင်မရာ ပါဝင်သော မှန်ပြောင်းဖြင့် ထည့်သွင်းကြည့်ရှု ရခြင်းရဲ့ သက်တောင့်သက်သာ မဖြစ်မှုကို ရှောင်ရှားချင်တယ် ဆိုရင်တော့ ယခုဖော်ပြပါ နည်းလမ်းဖြင့်လည်း Grand Hantha ဆေးရုံကြီးတွင် ကြည့်ရှုလို့ရပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်

စိတ်ဝင်စားလို့ စုံစမ်းမေးမြန်းချင်တယ်ဆိုရင်တော့

Endoscopy Department : 01 231 7617 , 01 523 000 , 01 523 111 ( Extension: 1020 ) သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

https://www.hopkinsmedicine.org/gastroenterology_hepatology/clinical_services/basic_endoscopy/capsule_endoscopy.html