February 9, 2023

-Cholesterol (ကိုလက်(စ်)ထရော) ဆိုတာ

ခန္ဓာကိုယ်တွင်းရှိ အဆီအနှစ်တစ်မျိုး ဖြစ်ပါတယ်။  Cholesterol လို့ ဆိုတိုင်း မကောင်းတာတော့ မဟုတ်ပါဘူး။

-ကောင်းတဲ့ ကိုလက်(စ်)ထရော ( HDL) နှင့် မကောင်းတဲ့ ကိုလက်(စ်)ထရော ( LDL) ဆိုပြီး

နှစ်မျိုးရှိပါတယ်။

-ကောင်းတဲ့ ကိုလက်(စ်)ထရောတွေဟာ ခန္ဓာကိုယ်တွင်းရှိ

ဆဲလ်တွေ၊ တစ်ရှူးတွေ၊ ဗီတာမင်တွေ၊ ဟော်မုန်းတွေ ဖွဲ့စည်း တည်ဆောက်ရာမှာ အရေးပါတဲ့ ကဏ္ဍတစ်ခုမှာ ပါဝင်ပါတယ်။

-သို့သော် မကောင်းတဲ့ ကိုလက်(စ်)ထရောတွေ များနေပြီဆိုရင်တော့ ဂရုတစိုက်ပြုပြင်ဖို့ လိုပါပြီ။

မကောင်းတဲ့ ကိုလက်(စ်)ထရောတွေ များလာပါက ထို အဆီအနှစ်များသည် သွေးကြောထဲတွင် အနည်ထိုင်လာပါတယ်။ အဆီအနှစ်များ အနည်ထိုင်တာ တဖြည်းဖြည်းနဲ့ များလာတဲ့အခါ သွေးကြောနံရံများဟာ ကျဥ်းလာပါမယ်။ ကျဥ်းနေတဲ့ သွေးကြောထဲ သွေးဖြတ်သန်း စီးဆင်းရတဲ့အခါ အရှိန်ဖြင့်တိုး၍ ဖြတ်သန်းရသလို ဖြစ်လာပါတယ်။

သာမာန်မဟုတ်ပဲ ပြောင်းလဲစီးဆင်းလာတဲ့ အရှိန်ကြောင့် သွေးကြောနံရံမှာ အနည်ထိုင်နေသော Cholesterol အဆီအခဲလေးများဟာ ထိုနေရာမှ ပြုတ်ထွက်လာနိုင်ပါတယ်။ ပြုတ်ထွက်ပြီး တခြားနေရာများတွင် သွားပိတ်နေနိုင်ပါသေးတယ်။

ထိုအခါ ခန္ဓာကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းတွေမှာ သွေးစီးဆင်းမှု အားနည်းသွားတာ၊ သွေးစီးဆင်းမှု ရပ်တန့်သွားတာတွေ ဖြစ်ပြီးနောက် အသက် အန္တရာယ်ရှိပါတယ်။

နှလုံးသို့သွားသော သွေးကြောများမှာ သွားဖြစ်ရင် နှလုံးသွေးကြောကျဥ်းပြီး ရုတ်တရက် ရင်ဘတ်အောင့်ခြင်း (  Angina), မောခြင်း (  Shortness of Breath ), နှလုံးအမောဖောက်ခြင်း ( Heart Attack) ဖြစ်နိုင်ပါတယ်။

ဦးနှောက်သို့ သွားသော သွေးကြောများမှာ သွားဖြစ်ရင်

ဦးနှောက်သွေးကြောကျဥ်းတာ၊ ပိတ်တာတွေ ဖြစ်ပြီး လေဖြန်းတာ ( TIA) ၊ လေဖြတ်တာ ( Stroke ) ဖြစ်နိုင်ပါတယ်။

ထိုနည်းတူစွာပင် ကျောက်ကပ်သို့သွားသော သွေးကြောများမှာလည်း ဖြစ်နိုင်သလို ခြေတွေ၊လက်တွေဆီသို့သွားသော သွေးကြောများမှာလည်း ဖြစ်နိုင်ပါတယ်။

ကိုလက်(စ်)ထရောများတာဟာ ဘာရောဂါဝေဒနာမှ

ခံစားရတာ မရှိတာကြောင့် ဒီလိုပဲ နေရင်းထိုင်ရင်း တဖြည်းဖြည်း ကြာလာတဲ့အခါမှသာ အထက်ပါနောက်ဆက်တွဲ ရောဂါတွေ ပေါ်လာတာဖြစ်လို့ ထိုအချိန်မှ ဆိုရင် ကုသရန် နောက်ကျသွားပါလိမ့်မယ်။

ကိုလက်(စ်)ထရောတွေ များနေလား၊ မများနေလား ကြိုသိနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက သွေးစစ်တာပါပဲ။

ဒါ့ကြောင့် ကိုလက်(စ်)ထရောများနေမှန်းသိရင် စားသောက်နေထိုင်မှု ပုံစံများ ပြုပြင်ပြောင်းလဲခြင်းဖြင့်

ပုံမှန်အတိုင်းပြန်ရောက်အောင် ထိန်းသိမ်းလို့ ရပါတယ်။

  • ဆရာဝန်ကြီးများနှင့် ပြသပြီး ညွှန်ကြားထားသော အဆီကျဆေးကို စနစ်တကျ ပုံမှန်မှီဝဲပါ။
  • အစားအသောက်အနေနဲ့ ထောပတ်သီး၊ အစေ့အဆံများ (Almonds, Hazelnuts, Cashews, Walnuts, Peanuts, Sunflower seeds, Pumpkin seeds, Sesame seeds)၊ အဆီများသောငါး (ငါးတန်၊ ငါးမြင်း၊ ဆလားဗီးယား၊ Salmon, Tuna, Sardines, Mackerel)၊ ငါးကြီးဆီ(Omega 3)၊ သံလွင်ဆီ၊ နေကြာဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ ပဲပိစပ်ဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ ဆန်လုံးညို၊ Oatmeal၊ အမျှင်ဓာတ် Fiber များသော အစားအသောက်များကို စားသုံးပေးပါ။
  • ဖော်ပြထားသော ပုံပါ အစားအစာများကို ရှောင်ကြဥ်ပါ။
  • နေ့စဥ် မိနစ် ၃၀ ခန့် ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပါ။
  • အဝမလွန်ပါစေနှင့်၊ မိမိ Normal BMI ကို ထိန်းသိမ်းပါ။
  • ဆေးလိပ် လုံးဝမသောက်ပါနှင့်။

ခုဆိုရင် Admin က Cholesterol နှင့် ပတ်သက်တဲ့ ဗဟုသုတလေးတွေ ဝေမျှပေးလိုက်ပြီဆိုတော့ Cholesterol တွေများနေတာ အန္တရာယ်ရှိလား မရှိလား ကိုယ့်ဘာသာကို စဉ်းစားကြည့်တော့နော်………….

Cholesterol တွေများနေတယ်ဆိုလည်း ဘယ်လို ပြုပြင်ပြောင်းလဲရမလဲ သိပြီဟုတ် ?

အသေးစိတ် ထပ်မံသိရှိ လိုပါက 012317617, 01523000 (လိုင်းခွဲနံပါတ် 8194) ဂရန်း(ဒ်)ဟံသာ ဆီးချိုစင်တာ သို့ တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

Official Facebook Page - https://m.facebook.com/grandhantha/

Grand Hantha Website - www.grandhantha.com

Green. Grand. Care for The People
Grand Hantha International Hospital
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
01 231 7617, 01 523 000, 01 523 111