January 22, 2021

သင့်ဒူးဆစ်နာနေတာ ကြာပြီ၊ တစ်ပတ်ထက်ပိုလည်း ကြာနေပြီဆိုလျှင်

နေ့စဉ် လှုပ်ရှားသွားလာမှုအတွက် ဒူးခေါင်းဟာ အလွန်အရေးပါပါတယ်။ ဒူးဆစ်ဟာဆိုရင် ရှုတ်ထွေးတဲ့ အဆစ်အမျိုးအစားဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုတွေရဲ့ ဒဏ်ကို စုပြုံပြီးအခံရဆုံးလဲဖြစ်ပါတယ်။

ဒူးဆစ်မှာဆိုရင် အရိုး၊ အရိုးနု၊ အရွတ်၊ ကြွက်သား အကြောမျှင်ဆိုပြီး အဓိက အပိုင်း (၄) ပိုင်းပါရှိပါတယ်။

အားကစားနဲ့ လေ့ကျင့်ခန်း (work-out) တွေမှာ ဖြစ်လေ့ရှိတဲ့ ထိခိုက်ဒဏ်ရာတွေကို ကုသပေးနေကျ အရိုးအကြောခွဲစိတ်အထူးကုဆရာဝန်တစ်ဦးအနေနဲ့ ခုနောက်ပိုင်း အဆင့်မြင့် ဒူးခေါင်းခွဲစိတ်ကုသမှု တွေမှာ အဓိက တိုးတက်မှုတွေဖြစ်တဲ့ “ Less is more” ခွဲစိတ်ရာ သေးသေးလေးကနေ အများကြီး ကောင်းမွန် အောင် ပြုလုပ်နိုင်နေပြီဆိုတာ တွေကို မျှဝေပေးချင် ပါတယ်။

အရွတ်ပြဲခြင်း၊ ဒဏ်ဖြစ်ခြင်း (Ligament injuries)

ဘောလုံးအားကစားသည် လူကြိုက်များ ထင်ရှားသော အားကစားဖြစ်ပြီး ကလေး၊လူကြီး၊ အမျိုးသား၊အမျိုးသမီး မရွေး နှစ်သက်စွာ ကစားကြသော အားကစားနည်းလည်းဖြစ်သည်။

ဒူးဆစ်တွင် အဆစ်ကို ထိန်းပေးရန် အဓိကကျသော အရွတ်များပိုမိုပါရှိပြီး ဘောလုံးကစားသူများတွင် ACL ဟုခေါ်သော Anterior Cruciate Ligament သည် ဒဏ်ရာ အရဆုံးဖြစ်သည်။ အဆိုပါ ACL အရွတ်မရှိပါက အမြင့်အနိမ့်လျောစောက်များ၊လှေကားများကို အတက်အဆင်းပြုရန်အတွက် ဒူးဆစ်ကို ထိန်းညှိရန် အခက်အခဲဖြစ်ခြင်း၊ ရုတ်တရက် လှည့်ခြင်းများတွင် အခက်အခဲဖြစ်ခြင်းများ ကြုံရမည်။

MRI ဟုခေါ်သော သံလိုက်စက်ကွင်းသုံး ဓာတ်မှန်ရိုက်ပြီး တိကျစွာ အဖြေထုတ်နိုင်သည်။

ကမ္ဘာကျော် ဆွီဒင်ကစားသမား ဇာလက်တန် အီဗရာဟင်မိုဗစ် သည် အဆိုပါ ACL အရွတ်ပြုပြင်ခွဲစိတ်မှု၏ အကျိုးကျေးဇူးကြောင့် မန်ယူတွင် ကစားနေစဉ် ACL အရွတ်ပြဲ ဒဏ်ရာရပြီးမှ ဘောလုံး ပြန်လည်ကစား နိုင်ခြင်းသည် အကောင်းဆုံးသက်သေပင်ဖြစ်သည်။

ဒူးဆစ်ရိုးအတွင်းရှိ Meniscus အရိုးနုကွင်း ပြဲခြင်း (Meniscus tears)

  • Meniscus ပြဲခြင်းသည် ကားများတွင်ရှော့အိတ်ဇောဗား ပျက်သကဲ့သို့ပင်ဖြစ်သည်။ Meniscus သည် ဒူးဆစ်ကို တိုက်ရိုက်ထိခိုက်မိမှုများအတွက် ကူရှင်ကဲ့သို့ု ငြိမ်အောင်ထိန်းပေးပြီး ဒူးဆစ်ချောမောစွာ လှုပ်ရှားနိုင်ရန် ဆောင်ရွက်ပေးသော အရိုးနုကွင်း အခုအခံဖြစ်သည်။
  • အဆိုပါအရိုးနုကွင်းပြဲလျှင် ဒူးခေါင်းလှုပ်ရှားတိုင်း အမြဲစိတ်အနှောက်အယှက်ဖြစ်ရသောနာကျင်မှုဒုက္ခကို ခံစားရမည်ဖြစ်သည်။
  • သိပ်ဆိုးရွားသော Meniscus ပြဲခြင်းမျိုးကို “bucket handle tears” ဟုခေါ်ပြီး ဒူးဆစ်သည် အကွေးအဆန့်၊ အထိုင်အထ ပြုလုပ်ရန်အလွန်ခက်ခဲသော ချက်ချင်းကုသမှုခံယူရန် လိုအပ်သော “Locked knee” ကိုဖြစ်စေသည်။
  • ယနေ့ခေတ်တွင် ဒူးဆစ်ကိုယိုယွင်းမှုမရှိဘဲ အကောင်းပကတိထားရှိနိုင်အောင် ထိန်းသိမ်းပြုပြင်သော ခွဲစိတ်မှုနည်းလမ်းများကို ယုံကြည်ကြသည်။ ၎င်းမှာ ဒူးဆစ်ဒဏ်ရာများကို စောစောစီးစီး အဖြေရှာပြီး ကြောက်စရာကောင်းသော ဒူးဆစ်ရောင်ရောဂါ ဖြစ်ပွားခြင်း ကို ကာကွယ်ရန် (သို့မဟုတ်) နှောင့်နှေးရန် မျှော်လင့်ချက်ဖြင့်ဖြစ်သည်။
  • သင့်ဒူးဆစ်နာနေတာ ကြာပြီ၊ တစ်ပတ်ထက်ပိုလည်း ကြာနေပြီဆိုရင် အရိုးအကြောအဆစ် ခွဲစိတ်အထူးကုဆရာဝန်တစ်ဦးကို ပြသဖို့ စဉ်းစားဆင်ခြင်သင့်ပါပြီ။