အဆုတ်ခွဲစိတ်ကုသမှု ဆိုတာ ကြောက်စရာလို့ ထင်နေတာလား
အဆုတ်ခွဲစိတ်ကုသမှု တစ်ခု ပြုလုပ်တော့မယ်ဆို ဖြတ်သန်းရမယ့် ဖြစ်စဉ်တွေကို တစ်ရက်ချင်းစီ အလိုက် ဖတ်ကြည့်ပြီးရင် အရင်တုန်းက စိုးရိမ်နေတာတွေ သက်သာသွားနိုင်ပါလိမ့်မယ်။
ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ်ဆေးရုံကြီးမှာ တက်ရောက်ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ လူနာတစ်ယောက်ရဲ့ လက်တွေ့ ဖြတ်သန်းမှု ဖြစ်စဉ်လေးကို ဖတ်ကြည့်ရအောင်နော်။
လူနာက နယ်ကနေ လာပြတာဖြစ်ပါတယ်။ လူနာလာပြတာကတော့ ခေါင်းအုံပြီး ဇာတ်ကြောတက်နေလို့ပါ။
Covid 19 ထိန်းချုပ်ရေးကာလမို့ လိုအပ်သော စစ်ဆေးမှုတွေ ကို ပြုလုပ်ရာမှာ Chest X ray (ရင်ဘတ်ဓာတ်မှန်) ရိုက်ကူးတာလဲပါပါတယ်။ Chest X ray အဖြေမှာ အရိပ်ကလေးတစ်ခု တွေ့ရှိတဲ့အခါ Solitary Pulmonary Nodule လို့ အဖြေထွက်တယ်။
အဲဒီ့အခါမှာ အဆုတ်နှင့် ရင်ခေါင်း ဆေးပညာ သမားတော် ပါမောက္ခ ဦးရဲထွန်းထံ လွှဲပို့ပြီး အဖြေရှာပါတယ်။ CT scan အပါအဝင် ရောဂါ အဖြေထွက်ဖို့ လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်တာ စုစုပေါင်း (၁၀) ရက်အကြာမှာ ကင်ဆာသံသယ အဖြစ်အဖြေထွက်ပါတယ်။
လူနာကို ရွေးချယ်နိုင်တဲ့ ကုသမှုတွေ အကုန်ရှင်းပြလိုက်တဲ့အခါ လူနာက ခွဲစိတ်ကုသမှုခံယူဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ရင်ခေါင်းခွဲစိတ်ကုပညာ အထူးကုဆရာဝန်ကြီး ပါမောက္ခ ဦးထက်မြက် ထံသို့ လွှဲပြောင်းလိုက်ပါတယ်။
ဆရာကြီးကလည်း လူနာသိသင့်တဲ့ ရောဂါအကြောင်း၊ ခွဲစိတ်ကုသမှုအကြောင်းတွေကို ရှင်းပြပေးပြီး လူနာကို စဉ်းစားဖို့ ပြောလိုက်ပါတယ်။ နောက်တစ်နေ့မှာပဲ လူနာကခွဲစိတ်ဖို့ သဘောတူလို့ informed consent ရယူပါတယ်။
နောက်တစ်နေ့ ရုံးပိတ်ရက်ဖြစ်တဲ့ စနေနေ့မှာပဲ ခွဲစိတ်မှုကို ပြုလုပ်ခဲ့ပါတယ်။
ကဲ ခွဲစိတ်မှု ခရီးစဉ်စတင်ပြီမိုလို့ Day Zero စပါပြီ။
Day Zero
- အဆုတ် တစ်ဖက်ချင်းစီကို မေ့ဆေးပေးရပါတယ်။
- ခွဲစိတ်ချိန် စုစုပေါင်း (၁ နာရီခွဲ) ကြာပါတယ်။
- ခွဲစိတ်နေစဉ်နှင့် ခွဲစိတ်ပြီးမှာ သွေးသွင်းရန် မလိုအပ်ပါ။
- ခွဲပြီးသွားချိန်မှာ Intensivist ကိုယ်တိုင်ဦးစီးတဲ့ ICU (အထူးကြပ်မတ် ကုသခန်း) ထဲကို လူနာကို ပို့ခဲ့ပါတယ်။
- အနာသက်သာစေတဲ့ဆေးတွေ ပေးထားတဲ့အတွက် လူနာက သတိရတာနဲ့ နာကျင်မှုမရှိပဲ ပုံမှန်အတိုင်းပဲ စားသောက်နိုင်ခဲ့ပါတယ်။
Day 1
- ကျွမ်းကျင်တဲ့ Physiotherapist တွေပါဝင်တဲ့ Team နှင့် Chest Physiotherapy (ရင်ခေါင်းပိုင်းဆိုင်ရာ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများ) စတင်ပါတယ်။
- ခွဲပြီး ၂၄ နာရီပြည့်တဲ့အချိန်မှာ လူနာက Vital signs (သွေးပေါင်ချိန်၊ သွေးခုန်နှုန်၊ အောက်ဆီဂျင် ရာခိုင်နှုန်း) တွေ အကုန်ကောင်းနေတော့ ICU ကနေပြီး Ward ထဲကို ပြောင်းလိုက်ပါတယ်။
- အဲဒီ့နေ့မှာပဲ Biopsy အဖြေလည်းရပါတယ်။
Day 2
- Day 2 ရောက်ပြီဆိုတော့ ၄၈ နာရီလဲပြည့်တဲ့ အချိန်မှာ အောက်ဆီဂျင် ပေးစရာမလိုတော့ပဲ ပုံမှန်အတိုင်း အသက်ရှုနိုင်ပါပြီ။
- အောက်ဆီဂျင် ပေးတာကိုရပ်ပြီး လူနာက ကိုယ့်ဘာသာ အသက်ပြန်ရှုနိုင်ပြီ ဖြစ်ပါတယ်။
- ဆေးတွေလည်း ထိုးဆေးတွေရပ်ပြီး သောက်ဆေးများပြောင်းပေးလိုက်ပါပြီ။
- Chest Physiotherapy ကို ဆက်လက်လုပ်ဆောင်ပါတယ်။
- လူနာလည်း လမ်းစလျှောက်နိုင်နေပါပြီ။
- ခွဲထားတဲ့နေရာကို အုပ်ထားတဲ့ ပလာစတာခွာ လိုက်ပါပြီ။
Day 3
- Chest tube (ရင်ခေါင်းထဲက အရည်တွေ စုပ်ထုပ်ဖို့ တပ်ထားတဲ့ ပြွန်) တပ်ထားတာလည်း ဖြုတ်လိုက်ပါပြီ။
- ခွဲခန်းထဲက ထွက်ကတည်းက ကိုယ်အပူချိန်တက်ခြင်းလည်း မရှိပါ။
- ဒါ့ကြောင့် နောက်နေ့မှာ ဆေးရုံက ဆင်းခွင့်ပြုလိုက်ပါတယ်။ ဒါပေမယ့် လူနာက Covid 19 ထိန်းချုပ်ရေးကာလဖြစ်နေတော့ Quarantine အတွက် စဉ်းစားပြီးတော့ မပြန်ဖြစ်ပါ။
- လိုအပ်တဲ့ ကုသမှုတွေ စတင်ဖို့ ကင်ဆာရောဂါ ဆေးပညာ အထူးကု ဆရာဝန်ကြီးထံလွှဲပေးခဲ့ပါတယ်။
- ဆရာဝန်ကြီးကလည်း အိမ်ပြန်ပြီး ၂ ပတ်လောက်အနားယူဖို့ အကြံပေးခဲ့ပါတယ်။
Day 6
- အနာကိုချုပ်ထားတဲ့ Stapler တွေ ဖြုတ်ပီး ၇ ရက်မြောက်တဲ့နေ့မှာ လူနာက အိမ်ကို ပြန်သွားခဲ့ပါတယ်။
- ဒါဆိုရင်တော့ Patient Pathway လို့ခေါ်တဲ့ အဆုတ်ခွဲစိတ်မှု တစ်ခုမှာ လူနာဖြတ်သန်းရတဲ့ ခရီးစဉ်ကတော့ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။
- ဒီလို ခွဲစိတ်မှုတွေမှာ အရေးပါတဲ့ ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ်ဆေးရုံကြီးမှ အောက်ဖော်ပြပါ ဆေးပညာအဖွဲ့တွေကိုလည်း ဆရာကြီးမှ ဂုဏ်ပြုစကားဆိုသွားပါသေးတယ်။
- ရိုးရိုးမေ့ဆေးပိုက်ထည့်ဖို့တောင် အလွန် စွန့်လွှတ်စွန့်စားရတဲ့ Covid 19 ကာလမှာ အဆုတ်တစ်ဖက်ချင်းစီကို သီးခြားစီ မေ့ဆေးပေးလို့ရတဲ့ Double Lumen Endobronchial Tube ကိုအောင်မြင်အောင် ထည့်ပေးခဲ့တဲ့ မေ့ဆေးအထူးကုဆရာဝန်ကြီးနှင့် အဖွဲ့။
- Biopsy အဖြေကို တစ်ရက်တည်းနှင့် ရအောင် စစ်ပေးခဲ့တဲ့ ရောဂါဗေဒ ဆရာဝန်ကြီးနှင့် အဖွဲ့။ (ပြည်ပကို ပို့စစ်ရင် တစ်ပတ်ကျော်လောက် ကြာနိုင်တဲ့ Immuno Histo Chemistry Tests တွေတောင် ပါပါတယ်။)
- မခွဲစိတ်မီနှင့် ခွဲစိတ်ပြီး ပထမနေ့က စပြီး ဆေးရုံဆင်းခွင့် ရသည်အထိ တာဝန်ကျေပွန်ခဲ့တဲ့ Physiotherapy အဖွဲ့ တို့ဖြစ်ပါတယ်။
- အခုဆောင်းပါးလေးကို ဖတ်ကြည့်ပြီးရင်တော့ အဆုတ်ခွဲစိတ်ကုသမှု အပေါ်မှာရှိတဲ့ အရမ်းကြောက်စရာကောင်းမှာပဲဆိုတဲ့ အမြင်လေးတွေ ပြောင်းသွားပြီ ထင်ပါတယ်။
ဒီခွဲစိတ်မှုကို အဓိက ဦးဆောင်တဲ့ ဆရာဝန်ကြီးကတော့ -
ပါမောက္ခ ဦးထက်မြက်
ရင်ခေါင်းခွဲစိတ်ကုပညာ အထူးကုဆရာဝန်ကြီး
M.B.,B.S, M.Med.Sc(Surgery), MRCSEd, Fellowship in VATS(CCIT),
Dr.Med.Sc(Thoracic Surgery), Pulmonary, Esophageal & General Thoracic Surgery
Specialties
24 hour services
Centers & Clinics