May 25 World Thyroid Day
It's not you. It's your thyroid
မေလ ၂၅ ရက်နေ့ဟာ ကမ္ဘာ့သိုက်ရွိုက်နေ့ ဖြစ်ပါတယ်။
ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းဓာတ်များ မညီမျှမှု ကြောင့် ဖြစ်ရတဲ့ ဟော်မုန်းရောဂါတွေ ထဲကမှ သိုက်ရွိုက်ရောဂါဟာ ကမ္ဘာတဝှမ်းမှာ အသက်အရွယ်မရွေး အဖြစ်အများတဲ့ ရောဂါဖြစ်တာမို့လို့ သိုက်ရွိုက်ရောဂါ အကြောင်းကို ပိုမို Awareness ရစေလိုသော ရည်ရွယ်ချက်ဖြင့် (မေလ ၂၅ မှ ၃၁)ရက်နေ့ထိကို International Thyroid Awareness Week နိုင်ငံတကာ သိုက်ရွိုက်အကြောင်း အသိပညာပေးတဲ့ အပတ်လို့ သတ်မှတ်ထားပါတယ် ။
ယနေ့ ကမ္ဘာ့သိုက်ရွိုက်နေ့ ၂၀၂၂ ရဲ့ ဆောင်ပုဒ်လေးကတော့ “ It’s not you. It’s your thyroid “ ဖြစ်ပါတယ်။
တကမ္ဘာလုံးမှာ လူဦးရေ သန်း၂၀၀ ဟာ သိုက်ရွိုက်နဲ့ ပတ်သက်တဲ့ ရောဂါတွေ ခံစားနေကြရပါတယ်။ ဒါပေမယ့် ဒီထဲက ၅၀% သော သူတွေဟာ သိုက်ရွိုက်ရောဂါရှိနေမှန်းတောင် မသိကြပါဘူးဆရာဝန်တွေကလည်း ရှာဖွေ ဖော်ထုတ်ပေးဖို့ မေ့လျော့နေတတ်ကြပါတယ်။
သိုက်ရွိုက်ဆိုတာ ဘာလဲဆိုတော့ လည်ပင်းရှေ့ အသံအိုးအောက်နားလေး၊ တံတွေးမျိုချလိုက်ရင် အပေါ်ရွေ့တက်သွားတဲ့ ဂလင်းလေး ဖြစ်ပါတယ်
လိပ်ပြာပုံစံလေးဖြစ်ပြီး သိုက်ရွိုက်ဟော်မုန်းကို ထုတ်ပေးတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ် ။အဓိကထုတ်ပေးတဲ့ ဟော်မုန်းက T4 ဖြစ်ပြီး T3 အနည်းငယ်ထွက်ပါတယ်။ ဒါပေမဲ့ တကယ် တာဝန်ထမ်းဆောင်နိုင်စွမ်းရှိတာက T3 ပဲ ဖြစ်ပါတယ်။ ကိုယ် ခန္ဓာအနှံရောက်ပြီးလျှင် T4 တွေဟာ T3 အဖြစ်ပြောင်းလဲသွားပြီး လူတွေ အသက်ရှင်နေထိုင်ဖို့ အရေးကြီးတဲ့ ဇီဝဖြစ်စဥ် metabolism အားလုံးမှာ ပါဝင်လုပ်ဆောင်ရတာ ဖြစ်ပါတယ်
သိုက်ရွိုက်ဟော်မုန်းဟာ ခန္ဓာကိုယ်မှာ မိခင်ဝမ်းထဲမှ စပြီး သက်ကြီးရွယ်အို ဖြစ်တဲ့အထိ မရှိမဖြစ်လိုအပ်တဲ့ အရေးကြီးတဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်။
သိုက်ရွိုက်ဟော်မုန်း ချို့တဲ့နေရင် ဘာတွေ ဖြစ်တတ်သလဲဆိုတော့ -
- မိခင် ဝမ်းတွင်းရှိ သန္ဓေသားသည် သိုက်ရွိုက်ဂလင်း မပါလာလျှင် (သို့) မိခင်က သိုက်ရွိုက်ဟော်မုန်းနည်း ရောဂါ (ဟိုက်ပို သိုက်ရွိုက်) ကြောင့် သန္ဓေသားကို သိုက်ရွိုက်ဟော်မုန်း မပံ့ပိုးပေးနိုင်ပါက အသိဥာဏ် မဖွံ့ဖြိုးတဲ့ Cretin လေး မွေးလာမည် ဖြစ်သည်။
- မွေးဖွားပြီးနောက် ကလေးက အရွယ်မထွားလာ၊ စာသင်မရ ဖြစ်တတ်သည်။
- အရွယ်ရောက်သူတွေ အရပ်ပုပြီး ကြီးကောင်မဝင် ဖြစ်နေမည် ( အပျိုမဖြစ်၊ ယောက်ျားပုံစံ မထွက် )
- ကလေးမွေးဖွားသည့် အရွယ်ရောက်လျှင်လည်း ကိုယ်ဝန်မရ၊ ရလျှင်လည်း ကိုယ်ဝန် မမြဲတာ ဖြစ်လာနိုင်သည်။
- အသက်သိပ်မကြီးခင် မှတ်ဥာဏ်စောစော အားနည်းတာ ဖြစ်တတ်သည်။
ထို့အတွက်ကြောင့် သိုက်ရွိုက်ဟော်မုန်း ဆိုတာ မွေးရာမှ သေသည်အထိ အရေးပါ ပါတယ်
သိုက်ရွိုက်ရောဂါဖြစ်လျှင် ဖြစ်သည့်အနေအထားပေါ် မူတည်ပြီး ကုသမှုသည်လည်း အမျိုးမျိုးရှိပါတယ်။
သောက်ဆေးများဖြင့် ကုသခြင်း၊ ရေဒီယို အိုင်အိုဒင်းဖြင့် ကုသခြင်း နှင့် ခွဲစိတ်ကုသခြင်း တို့ပဲ ဖြစ်ပါတယ် ။
သိုက်ရွိုက်ရောဂါဆိုတာ ဟော်မုန်း နှင့် သက်ဆိုင်တဲ့ အတွက်ကြောင့် မို့လို့ ဆီးချို နှင့်ဟော်မုန်းရောဂါဆိုင်ရာ အထူးကု သမားတော်ကြီးများ၊ အဏုမြူရောင်ခြည်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၊ နား၊နှာခေါင်း၊လည်ချောင်းပိုင်း ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၊ ခွဲစိတ်ဆရာဝန်ကြီးများက ထိရောက်စွာ ဆွေးနွေး အကြံပေး ကုသပေးနိုင်ပါတယ် ။
Grand Hantha International Hospital
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
01 231 76117, 01 523 000, 01 523 111
Specialties
24 hour services
Centers & Clinics