အရှေ့တောင်အာရှတွင်လေးလုံးမြောက်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံး တစ်ခုတည်းသော 384 Slices Dual Source SOMATOM Force CT စက်သစ်ကြီးကို အသုံးပြု၍ တိကျပြတ်သားသော ပုံရိပ်ဖော်ရောဂါရှာဖွေခြင်းများကို ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ် ဆေးရုံတွင် (၂၄) နာရီ ဝန်ဆောင်မှုပေးနေပါသည်။
ပိုမိုထူးခြားကောင်းမွန်သော အချက်များမှာ-
- 384 Slices Somatom Force စက်သစ်ကြီး၏ ထူးခြားချက်မှာ ဆေးမထိုးခင်ပုံအား သီးသန့်ရိုက်စရာ မလိုဘဲ ဆေးထိုးပြီးပုံမှ ဆေးမထိုးခင်ပုံအား ပြန်လည်ပုံရိပ်ဖော်နိုင်သောကြောင့် Radiation Dose (လူနာမှဓာတ်ရောင်ခြည်သင့်မှု) ၃၀% လျှော့ချနိုင်ခြင်း
- Scan Time (ရိုက်ကူးချိန်) တိုတောင်းစေသဖြင့်လည်း Radiation Dose (လူနာမှဓာတ်ရောင်ခြည်သင့်မှု) ကို သက်သာစေခြင်း
- နောက်ဆုံးပေါ် Stellar Infinity Detector သုံးထားသောကြောင့် တိကျကောင်းမွန်သောပုံရိပ်များ ရရှိနိုင်ခြင်း
- Dual Source Imaging ဖြစ်သောကြောင့် Contrast Dye ပမာဏအနည်းဆုံးဖြင့် ကောင်းမွန်သောပုံရိပ်များကို စက္ကန့်ပိုင်းအတွင်း လျင်မြန်စွာ ရိုက်ကူးပေးနိုင်ခြင်း
- ခေတ်မှီနည်းပညာများကိုအသုံးပြု၍ Neuro Perfusion (ဦးနှောက်အတွင်း ဆဲလ်သေဆုံးမှု မည်မျှရှိနိုင်သည်ကို ဆေးသွင်း၍ ပုံရိပ်ဖော်နိုင်ခြင်း၊ Dynamic CTA (ဦးနှောက်တွင်းသွေးစီးဆင်းနှုန်း ကောင်းမကောင်းတိုင်းတာ၍ ရနိုင်ခြင်း) စသောအခြားသောစက်များတွင် မရနိုင်သော ရောဂါရှာဖွေမှုများကို တိကျသေချာစွာ ဆောင်ရွက်ပေးနေခြင်း
- Coronary Angiogram (နှလုံးသွေးကြောပုံရိပ်ဖော်ခြင်း) နှင့် Ca Score (နှလုံးသွေးကြောတွင်းရှိ Calcium ပမာဏတိုင်းတာခြင်း) များတွင် လူနာ၏နှလုံးခုန်နှုန်းအား ဆေးဝါးများသုံး၍ တည်ငြိမ်အောင်ပြုလုပ်ရန်မလိုပဲ Somatom Force မှကောင်းမွန်စွာ ပုံရိပ်ဖော်ပေးနိုင်ခြင်း
- ကင်ဆာရောဂါဆိုင်ရာ အဖု၊အကျိတ် အမျိုးမျိုးရှာဖွေခြင်း
- ခန္ဓာကိုယ်ဝမ်းတွင်းအင်္ဂါ ရောဂါအမျိုးမျိုးရှာဖွေခြင်း
- အရိုး အဆစ်ဆိုင်ရာ ရောဂါအမျိုးမျိုးရှာဖွေခြင်း
- အဆစ်အမြစ်ယောင် လေးဖက်နာရောဂါရှင်များအတွက် Uric Acid ပမာဏကို တိကျမှန်ကန်စွာ တွက်ချက်ပေးနိုင်ခြင်း တို့ဖြစ်ပါသည်။
Specialties
24 hour services
Centers & Clinics