January 29, 2021

ဓာတ်ရောင်ခြည်ကိုမသုံးဘဲ သံလိုက်စက်ကွင်း အသုံးပြုကာ ခန္ဓာကိုယ်ပုံရိပ်များ ဖော်ပြီး ရောဂါရှာဖွေ စစ်ဆေးပေးသော ခေတ်မီနည်းပညာသုံးစက် ဖြစ်ပါသည်။

3 Tesla Magnetom Skyra တွင် Gantry သည် 70cm ကျယ်၍ Wide Boreဖြစ်သောကြောင့် အလုံပိတ်ကြောက်သော လူနာများအတွက် သက်တောင့်သက်သာ ဖြစ်စေပါသည်။

MRI ရိုက်နေစဉ်ဆူညံသံကိုလဲ 30%ထိ လျော့ချသက်သာစေပြီး ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းများနှင့် အရိုး၊အကြော စသည်တို့ကို အသေးစိတ်ဖြတ်ပိုင်းပြီးမြင်ကွင်းအစုံမှ ပုံဖော်ပေးနိုင်ပါသည်။

MRI ရိုက်ရာတွင် ရောဂါအဖြေတိကျစွာရနိုင်ရန်အတွက် အသုံးပြုသော ပုံဖော်ဆေးမှာ အခြား ဓာတ်ရောင်ခြည်သုံးစက်များ တွင်သုံးသောပုံရိပ်ဖော်ဆေးများနှင့်ယှဉ်လျှင် ဆေးမတည့်မှု၊ဘေးထွက်ဆိုးကျိုး အလွန်နည်းပါးပါသည်။

ကိုယ်အင်္ဂါ အစိတ်အပိုင်းများ၏ အသေးစိတ်အခြေအနေများကို စစ်ဆေးနိုင်သောကြောင့်ကင်ဆာရောဂါကဲ့သို့သော ရောဂါများကို ရောဂါအခြေအနေမဆိုးခင် စောစီးစွာသိရှိနိုင်ပြီးကုသမှုများကို အချိန်နှင့်တပြေးညီစောလျင်စွာကုသနိုင်သော အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ်ဆေးကြီးရှိ 3 Tesla MRI စက်ဖြင့် ရိုက်ကူးပုံရိပ်ဖော်ခြင်း အားဖြင့် အထူးကုဆရာဝန်ကြီးများအတွက် ရောဂါရှာဖွေ ကုသရာတွင် အသုံးဝင်သော Magnetic Resonance Spectroscopy (အထူးသဖြင့် MRI Brain,Breast, Prostate) များကိုလည်း ပုံရိပ်ဖော်၍ ရှာဖွေနိုင်ပါသည်။ မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ဆေးရုံများတွင် ပထမဦးဆုံး Germany နိုင်ငံထုတ် 3 Tesla Magnetom Skyra MRI စက်အသစ်ကြီးကို အသုံးပြုပြီး (၂၄)နာရီပိတ်ရက်မရှိ ကျန်းမာရေးဝန်ဆောင်မှုများပေးနေပါသည်။