ပုံမှန်ကျန်းမာရေး စစ်ဆေးဖို့ ဘာကြောင့်လိုအပ်တာပါလဲ?
နှစ်စဉ် ကျန်းမာရေးစစ်ဆေးခြင်းကြောင့်
- အချို့သော ရောဂါများကို အစောဆုံးအဆင့်တွင် သိရှိသဖြင့် လက်ဦးမှုရယူ ကုသမှုနိုင်ခြင်း၊
- အချို့သော ရောဂါများကို ကာကွယ်ရန် အချိန်မီခြင်းတို့အပြင် အခြားသော အကျိုးကျေးဇူးများလည်း ရှိပါသေးသည်။
- သင်သည် ပုံမှန် ကျန်းမာရေးစစ်ဆေးနေမည်ဆိုပါက သင်၏ ဆရာဝန်က သင်၏ နာမကျန်းဖြစ်နေသော အခြေအနေကိုသာမက ကျန်းမာနေသော အခြေအနေကိုပါ သိရှိထားပြီး ဖြစ်နေပါသည်။ ထိုအချက်က သင့်တွင် ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာဖြစ်စေ ပုံမှန်မဟုတ်သော လက္ခဏာတစ်ခုရှိလာလျင် သင့်ဆရာဝန်မှ စောစီးစွာ သတိထားမိပြီး တိကျမှန်ကန်သော ရောဂါရှာဖွေဖော်ထုတ်ခြင်းကို အထောက်အပံ့ဖြစ်စေပါသည်။
- ပိုမိုကောင်းမွန်သော Life style ကို စနစ်တကျ နေထိုင်နိုင်ခြင်း။
- မိမိ၏ ကျန်းမာရေး အခြေအနေကို တိကျသေချာစွာ မှတ်တမ်းတင်ထားနိုင်ခြင်း။
- ပုံမှန်သောက်နေကျ ဆေးဝါးများနှင့် ပတ်သတ်၍လည်း သင့်၏ ဆရာဝန်မှ ထိန်းညှိပေးခြင်း၊ လိုအပ်လာလျင် သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်စေခြင်း တို့ကလည်း ပုံမှန် ကျန်းမာရေးစစ်ဆေးခြင်း၏ အားသာချက်များပင်ဖြစ်သည်။
- ငယ်ရွယ်ပြီး ကျန်းမာနေသော လူငယ်တစ်ယောက်ဆိုလျင် အချို့သော စစ်ဆေးမှုမျိုးကို မဖြစ်မနေ စစ်ဆေးရန်မလိုအပ်သေးသော်လည်း မိသားစု ဆရာဝန်နှင့် ပုံမှန် ပြသ စစ်ဆေးခြင်းကိုတော့ ပြုလုပ်သင့်ပါသည်။
- အသက် (၅၀) နှင့်အထက် ဖြစ်လာလျင်တော့ နှစ်စဉ် သင်၏ဆရာဝန်နှင့် တွေ့ဆုံစစ်ဆေးခြင်းက သင်၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အလွန်အရေးပါ ပါသည်။
Reference: https://www.health.harvard.edu/staying-healthy/why-your-annual-check-up-...
Specialties
24 hour services
Centers & Clinics